K pop

■ စက်တင်ဘာမှာ တစ်ကိုယ်တော်အဖြစ် ပွဲထွက်မယ့် EXO အဖွဲ့ဝင်

– – – ပရိသတ်တွေ မျှော်လင့်တကြီး စောင့်စားနေတဲ့ EXO အဖွဲ့ဝင်တစ်ဦးဟာ စက်တင်ဘာမှာ solo album ထုတ်ဝေမယ့်လို့ သတင်းထွက်နေပြီး ဘယ်သူဖြစ်မယ်ဆိုတာကို ပုံနှိပ်ပြီး ဖတ်ပါ။

EXO အဖွဲ့ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် Xiumin ဟာ စက်တင်ဘာလမှာ တစ်ကိုယ်တော်အဆိုတော်အဖြစ် ပွဲထွက်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် EXO ပရိသတ်တွေနဲ့ K-Pop ချစ်တဲ့ ပရိသတ်တွေ ဝမ်းမြောက်နေကြပါတယ်။

Xiumin ဟာ EXO အဖွဲ့နဲ့ ပွဲထွက်ခဲ့တာ ၁၀ နှစ် ရှိခဲ့ပြီဖြစ်ပြီး EXO-CBX အဖွဲ့မှာလည်း Chen, Baekhyun တို့နဲ့ အတူ ပါဝင်သူဖြစ်ပါတယ်။ Chen နဲ့ Baekhyun တို့ဟာ Solo အဖြစ် ဆောင်ရွက်ရပ်တည်နေသလို EXO အဖွဲ့မှာ Suho, Kai, Lay, D.O. တို့ကလည်း တစ်ကိုယ်တော်အဖြစ် ပွဲထွက်ခဲ့ကြပြီး ဖြစ်ပါတယ်။

အခုအချိန်မှောတာ့ Xiumin အနေနဲ့ အဖွဲ့ဝင်တချို့ စစ်မှုထမ်းနေချိန်မှာ တစ်ကိုယ်တော် ပွဲထွက်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး သူ့အနေနဲ့ အဲဒီလို လုပ်သင့်တာ ကြာပြီလို့ ပရိသတ်တွေ မှတ်ချက်ပေးကြပါတယ်။

Source: Koreaboo

 

-Zawgyi






Source: Koreaboo

You cannot copy content of this page