K pop

■ YouTube subscribers သန်း (၇၀) ကျော်တဲ့ ဒုတိယမြောက် အနုပညာရှင်ဖြစ်လာတဲ့ BTS

– – – Justin Bieber ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ YouTube subscribers သန်း (၇၀) ကျော်တဲ့ BTS အဖွဲ့အရင် ပထမစံချိန်ပိုင်ဆိုင်ထားသူအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

ကမ္ဘာကျော် BTS အဖွဲ့ဟာ သြဂုတ် ၁၈ ရက်မှာ YouTube subscribers သန်း (၇၀) ကျော်တဲ့ ဒုတိယမြောက် အနုပညာရှင်အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

BTS အဖွဲ့ရဲ့ official channel ‘BANGTANTV’ ဟာ YouTube subscribers သန်း (၇၀) ကျော်ခဲ့တာ ဖြစ်ပြီး ကမ္ဘာကျော်အဆိုတော် Justin Bieber ရဲ့ subscriber အရေအတွက်ကို ကျော်ဖြတ်ကာ ကမ္ဘာပေါ်မှာ YouTube subscribers ဒုတိယအများဆုံး အနုပညာရှင်လည်း ဖြစ်လာခဲ့တာပါ။

ပထမနေရာမှာ K-Pop အမျိုးသမီးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK အဖွဲ့က YouTube subscribers (၇၆.၈) သန်းနဲ့ ရပ်တည်နေတာဖြစ်ပြီး သူတို့ဟာ YouTube subscribers သန်း (၇၀) ပထမဆုံးပြည့်တဲ့ အနုပညာရှင်တွေအဖြစ်လည်း စံချိန်တင်ထားတာပါ။

Source: Koreaboo

 

-Zawgyi






Source: Koreaboo

You cannot copy content of this page