K pop

■ အားလုံးစောင့်နေတဲ့ BLACKPINK ဒီနေ့ Comeback လုပ်မယ်

– – – ကမ္ဘာကျော် BLACKPINK အဖွဲ့အနေနဲ့ လည်ပင်းရှည်အောင် စောင့်ခဲ့ရတဲ့ BLINK အတွက် ဘယ်လောက်အထိ ပြင်ဆင်ထားတယ်ဆိုတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

သီချင်းသစ် မထုတ်တာ ၂ နှစ်နီးပါး ရှိသွားပြီဖြစ်တဲ့ K-Pop ရဲ့ အကျော်ကြားဆုံး အမျိုးသမီးအဖွဲ့ BLACKPINK ဟာ ဒီနေ့(သောကြာ) မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲမှာ Pink Venom လို့ အမည်ပေးထားတဲ့ သီချင်းသစ်တစ်ပုဒ်ကို ထုတ်ဝေမှာပါ။

၂၀၁၆ ခုနှစ်က ပွဲထွက်ခဲ့တဲ့ BLACKPINK အဖွဲ့ဟာ YG စတိုင်လ်အတိုင်း သီချင်းတွေကို ဖောဖောသီသီ ထုတ်လုပ်ခြင်းမရှိဘဲ တကယ် Limited Edition လို့ ပြောရမယ့် သီချင်းတွေကို ထုတ်လုပ်လေ့ရှိပြီး အခုလည်း Pink Venom အပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက် မြင့်မားနေပါတယ်။

BLACKPINK အဖွဲ့အနေနဲ့ Pink Venom ကို pre-release single အနေနဲ့ ထုတ်တာဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်မှာတော့ သူတို့ရဲ့ ဒုတိယမြောက် စတူဒီယို Album ဖြစ်တဲ့ ‘BORN PINK’ ကို ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ BLACKPINK အဖွဲ့ရဲ့ ‘BORN PINK’ Album ဟာ Pre-order စကောက်တဲ့ တစ်ပတ်အတွင်းမှာ အချပ်ရေ (၁.၅) သန်း ကျော်သွားခဲ့ပြီ ဖြစ်ပြီး တစ်လနီးပါး ကျန်ရှိနေသေးတာကြောင့် Pre-order တင် အနည်းဆုံး (၂) သန်းကျော်ဖို့ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

Source: Koreaboo

 

-Zawgyi

■ အားလုံးေစာင့္ေနတဲ့ BLACKPINK ဒီေန႔ Comeback လုပ္မယ္

– – – ကမၻာေက်ာ္ BLACKPINK အဖဲြ႕အေနနဲ႔ လည္ပင္းရွည္ေအာင္ ေစာင့္ခဲ့ရတဲ့ BLINK အတြက္ ဘယ္ေလာက္အထိ ျပင္ဆင္ထားတယ္ဆုိတဲ့အေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

သီခ်င္းသစ္ မထုတ္တာ ၂ ႏွစ္နီးပါး ရွိသြားၿပီျဖစ္တဲ့ K-Pop ရဲ႕ အေက်ာ္ၾကားဆုံး အမ်ဳိးသမီးအဖဲြ႕ BLACKPINK ဟာ ဒီေန႔(ေသာၾကာ) ျမန္မာစံေတာ္ခ်ိန္ နံနက္ ၁၀ နာရီခဲြမွာ Pink Venom လုိ႔ အမည္ေပးထားတဲ့ သီခ်င္းသစ္တစ္ပုဒ္ကုိ ထုတ္ေ၀မွာပါ။

၂၀၁၆ ခုႏွစ္က ပဲြထြက္ခဲ့တဲ့ BLACKPINK အဖဲြ႕ဟာ YG စတုိင္လ္အတုိင္း သီခ်င္းေတြကုိ ေဖာေဖာသီသီ ထုတ္လုပ္ျခင္းမရွိဘဲ တကယ္ Limited Edition လုိ႔ ေျပာရမယ့္ သီခ်င္းေတြကုိ ထုတ္လုပ္ေလ့ရွိၿပီး အခုလည္း Pink Venom အေပၚ ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ ျမင့္မားေနပါတယ္။

BLACKPINK အဖဲြ႕အေနနဲ႔ Pink Venom ကုိ pre-release single အေနနဲ႔ ထုတ္တာျဖစ္ၿပီး စက္တင္ဘာ ၁၆ ရက္မွာေတာ့ သူတုိ႔ရဲ႕ ဒုတိယေျမာက္ စတူဒီယုိ Album ျဖစ္တဲ့ ‘BORN PINK’ ကို ထုတ္ေ၀သြားမွာ ျဖစ္ပါတယ္။

လက္ရွိမွာ BLACKPINK အဖဲြ႕ရဲ႕ ‘BORN PINK’ Album ဟာ Pre-order စေကာက္တဲ့ တစ္ပတ္အတြင္းမွာ အခ်ပ္ေရ (၁.၅) သန္း ေက်ာ္သြားခဲ့ၿပီ ျဖစ္ၿပီး တစ္လနီးပါး က်န္ရွိေနေသးတာေၾကာင့္ Pre-order တင္ အနည္းဆုံး (၂) သန္းေက်ာ္ဖုိ႔ ရွိေနတယ္လုိ႔ ကၽြမ္းက်င္သူေတြက သုံးသပ္ေနၾကပါတယ္။

Source: Koreaboo

You cannot copy content of this page