K pop

■ ကမ္ဘာကျော် ဘောလုံးကြယ်ပွင့် နေမာတောင် ကြိုက်တဲ့ BLACKPINK ရဲ့ “Pink Venom”

– – – ကမ္ဘာကျော် ဘရာဇီးလ်ဘောလုံးစတား နေမာက BLACKPINK ရဲ့ သီချင်းသစ် “Pink Venom” နဲ့ ပတ်သက်ပြီး နှစ်သက်ကြောင်း ဘယ်လိုပြထားတယ်ဆိုတဲ့အကြောင်းကို ပုံကိုနှိပ်ပြီး ဖတ်ပါ။

BLACKPINK အဖွဲ့ “Pink Venom” သီချင်းထုတ်ဝေတဲ့နေ့မှာပဲ PSG အသင်းက ဘရာဇီးလ်ဘောလုံးသမား နေမာက BLACKPINK အဖွဲ့ ရဲ့ သီချင်းသစ်ကို သူ့အနေနဲ့ ကြိုက်နှစ်သက်ကြောင်း သူ့ရဲ့ Twitter အကောင့်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

နေမာဟာ BLACKPINK အဖွဲ့ကို Tag လုပ်ပြီး သူတို့ရဲ့ “Pink Venom” သီချင်း You Tube Link နဲ့အတူ “I like this #PINKVENOM”လို့ ဘရာဇီးလ်ဘာသာစကားနဲ့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ ရဲ့ “Pink Venom” သီချင်းဟာ နေမာသာမက ကမ္ဘာ့တစ်ဝန်းက နာမည်ကျော်တွေ၊ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့ပြီး ပထမဆုံး ၂၄ နာရီအတွင်း YouTube views (86.2) သန်း(Official အတည်မပြုသေး) ရရှိခဲ့တာပါ။

BLACKPINK အဖွဲ့ ရဲ့ “Pink Venom” သီချင်းကို အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။

Source: Soompi

 

 

-Zawgyi

■ ကမၻာေက်ာ္ ေဘာလုံးၾကယ္ပြင့္ ေနမာေတာင္ ႀကိဳက္တဲ့ BLACKPINK ရဲ႕ “Pink Venom”

– – – ကမၻာေက်ာ္ ဘရာဇီးလ္ေဘာလုံးစတား ေနမာက BLACKPINK ရဲ႕ သီခ်င္းသစ္ “Pink Venom” နဲ႔ ပတ္သက္ၿပီး ႏွစ္သက္ေၾကာင္း ဘယ္လုိျပထားတယ္ဆုိတဲ့အေၾကာင္းကုိ ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

BLACKPINK အဖဲြ႕ “Pink Venom” သီခ်င္းထုတ္ေ၀တဲ့ေန႔မွာပဲ PSG အသင္းက ဘရာဇီးလ္ေဘာလုံးသမား ေနမာက BLACKPINK အဖဲြ႕ ရဲ႕ သီခ်င္းသစ္ကုိ သူ႕အေနနဲ႔ ႀကိဳက္ႏွစ္သက္ေၾကာင္း သူ႕ရဲ႕ Twitter အေကာင့္မွာ ေရးသားခဲ့တာ ျဖစ္ပါတယ္။

ေနမာဟာ BLACKPINK အဖဲြ႕ကုိ Tag လုပ္ၿပီး သူတုိ႔ရဲ႕ “Pink Venom” သီခ်င္း You Tube Link နဲ႔အတူ “I like this #PINKVENOM”လုိ႔ ဘရာဇီးလ္ဘာသာစကားနဲ႔ ေရးသားခဲ့တာ ျဖစ္ပါတယ္။

BLACKPINK အဖဲြ႕ ရဲ႕ “Pink Venom” သီခ်င္းဟာ ေနမာသာမက ကမၻာ့တစ္၀န္းက နာမည္ေက်ာ္ေတြ၊ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကုိ ရရွိခဲ့ၿပီး ပထမဆုံး ၂၄ နာရီအတြင္း YouTube views (86.2) သန္း(Official အတည္မျပဳေသး) ရရွိခဲ့တာပါ။

BLACKPINK အဖဲြ႕ ရဲ႕ “Pink Venom” သီခ်င္းကုိ ေအာက္က ဗီဒီယုိမွာ ခံစားႏုိင္ပါတယ္။

Source: Soompi

You cannot copy content of this page