K pop

■ ရည်းစားဟောင်းကို လက်နက်နဲ့ ခြိမ်းခြောက်ခဲ့တဲ့ Produce 101 ပြိုင်ပွဲဝင်ဟောင်း

– – – ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ ဒီအမှုနဲ့ ပတ်သက်လို့ ကျူးလွန်ခဲ့တဲ့ Produce 101 ပြိုင်ပွဲဝင်ဟောင်း ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ပုံကိုနှိပ်ပြီး ဖတ်ပါ။

ရည်းစားဟောင်းဖြစ်သူကို လက်နက်ကိုင်ပြီး ခြိမ်းခြောက်ခဲ့တဲ့ Produce 101 ပြိုင်ပွဲဝင်ဟောင်း အမည်ကို ကိုရီယားမီဒီယာ New Daily က ဖွင့်ချလိုက်ပြီ ဖြစ်ပါတယ်။ New Daily က “Noir အဖွဲ့ဝင် Nam Yoon Seong ဟာ ရည်းစားဟောင်းဖြစ်သူကို ခြိမ်းခြောက်ရိုက်နှက်လို့ တရားရေးအရ အပြစ်ပေးခံလိုက်ရတယ်”လို့ ဖော်ပြခဲ့တာပါ။

Noir အဖွဲ့ဝင် Nam Yoon Seong ဟာ ရည်းစားဟောင်းဖြစ်သူရဲ့ အိမ်ကို သွားပြီး လက်နက်ကိုင်ခြိမ်းခြောက်ခဲ့တာ ဖြစ်ကြောင်း၊ သူက ရည်းစားဟောင်းဖြစ်သူကို သူနဲ့ ပြန်တွဲဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့လည်း New Daily က ရေးသားခဲ့ပါတယ်။ Nam Yoon Seong အနေနဲ့ အဲဒီလိုခြိမ်းခြောက်နေတုန်း ရည်းစားဟေင်းဖြစ်သူ အော်တာကြောင့် ပတ်ဝန်းကျင်ကလူတွေ ရောက်လာတဲ့အခါမှာ Nam Yoon Seong က အဖြစ်မှန်ကို မပြောဖို့ ရည်းစားဟောင်းကို ခြိမ်းခြောက်ခဲ့ပြန်တယ်လို့ သိရပါတယ်။

သြဂုတ် ၁၉ ရက်မှာတော့ Nam Yoon Seong ဟာ ပိုင်နက် ကျူးလွန်မှု၊ ခြိမ်းခြောက်မှု၊ လက်နက်ကိုင်ဆောင်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကြောင့် ဆိုင်းငံ့ထောင်ဒဏ် တစ်နှစ် ချမှတ် ခံခဲ့ရပြီး ၂ နှစ်အတွင်း အလားတူဖြစ်ရပ်မျိုး ကျူးလွန်မယ်ဆိုရင် ထောင်ဒဏ်ချက်ချင်း ကျခံရမှာပါ။

Nam Yoon Seong ဟာ Produce 101 Season 2 မှာ ပါဝင် ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာတော့ Noir အဖွဲ့ဝင်အဖြစ် ပွဲထွက်ခဲ့သူ ဖြစ်ပါတယ်။

Source: AKP

 

-Zawgyi








Source: AKP

You cannot copy content of this page