K pop

■ Marie Claire က Jisoo ရဲ့ Classic Beauty

– – – Classic Beauty ဂန္ထဝင်အလှလို့ သုံးနှုန်းရလောက်အောင်လည်း Marie Claire မှာ Jisoo အလှ ဘယ်လောက်ထိ တောက်ပနေတယ်ဆိုတာကို ပုံနှိပ်ဖတ်ပါ။

BLACKPINK အဖွဲ့ဝင် (၄) ဦးစလုံးဟာ Visual အဖြစ် သတ်မှတ်ခံရသူတွေဖြစ်ပြီး သူတို့ထဲမှာ Visual ကို ထပ်ရွေးပါဆိုရင်တော့ အသက်အကြီးဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Jisoo ကိုပဲ အဖွဲ့ဝင်တွေ ကိုယ်တိုင် ရွေးချယ်ထားတာပါ။

အခု နာမည်ကျော်မဂ္ဂဇင်း Marie Claire က စက်တင်ဘာလ ထုတ်မယ့် သူတို့ရဲ့ မဂ္ဂဇင်း မျက်နှာဖုံးရှင်အဖြစ် BLACKPINK အဖွဲ့ဝင် Jisoo ကို ရွေးချယ်ခဲ့ပြီး အခုဆိုရင် သူမရဲ့ မျက်နှာဖုံးဓာတ်ပုံတွေကို ထုတ်ပြလိုက်ပြီ ဖြစ်ပါတယ်။

Marie Claire မဂ္ဂဇင်းနဲ့ ဓာတ်ပုံရိုက်တဲ့အခါ Jisoo ဟာ Dior Beauty ထုတ် အလှကုန်တွေကို အသုံးပြုထားပြီး နှုတ်ခမ်းနီကိုတော့ အရောင်မျိုးစုံ ပြောင်းထားတာ ဖြစ်ပါတယ်။ Marie Claire က Jisoo ကို Classic Beauty Concept အဖြစ် ပုံဖော်ထားတာပါ။

Marie Claire ပေါ်က Jisoo ရဲ့ ဂန္ထဝင်အလှဟာ ဘယ်လောက်ထိ တောက်ပပြီး ကျက်သရေရှိတယ်ဆိုတာကို အားလုံး ဓာတ်ပုံတွေမှာ မြင်ကြတဲ့အတိုင်းပါပဲ။

Source: Marie Claire

 

-Zawgyi







Source: Marie Claire

You cannot copy content of this page