K pop

■ လူတိုင်း ရူးသွပ်နေတဲ့ BLACKPINK Jisoo ရဲ့ Abs

– – – Jisoo ရဲ့ အလန်းစား Abs ကို မြင်တွေ့ရပြီးနောက်မှာတော့ လူတိုင်းဟာ ဒီလေ့ကျင့်ခန်းကို ပြုလုပ်ဖို့တောင် စိတ်ဝင်စားနေကြတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

BLACKPINK အဖွဲ့ဝင်တွေအားလုံးဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှု၊ ပုရွတ်ဆိတ်ခါးတွေကို ပိုင်ဆိုင်ထားတာကြောင့် ချီးကျူးခံရလေ့ရှိသူတွေဖြစ်ပြီး အခုအခါမှာတော့ Jisoo ရဲ့ အလန်းစား Abs က ပရိသတ်တွေအကြား ရေပန်းစားနေတာပါ။

Jisoo ဟာ သူမရဲ့ Instagram မှာ အလန်းစားဓာတ်ပုံတွေ တင်ခဲ့ပြီးနောက်မှာတော့ ပရိသတ်တွေက သူမရဲ့ Abs ဟာ အရင်ကထက် ပိုလှလာတာကို သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။ Jisoo အနေနဲ့ pilates ကို သင်တန်းဆရာနဲ့ ကစားပြီးနောက် အခုလို အလန်းစား Abs ကို ပိုင်ဆိုင်လာတာလည်း ဖြစ်ပါတယ်။

Jisoo ရဲ့ pilates instructor ဖြစ်တဲ့ Sun က Jisoo လေ့ကျင့်ခန်း လုပ်နေတဲ့ ဓာတ်ပုံတွေကို တင်ခဲ့ရာမှာ ဓာတ်ပုံတစ်ပုံကတော့ Jisoo ရဲ့ Abs ကို ရှင်းရှင်းလင်းလင်း မြင်ရတာ ဖြစ်ပါတယ်။ ယောကျ်ားလေးတွေမှာ Six Pack က ရေပန်းစားသလို၊ မိန်းကလေးတွေမှာတော့ 11 Abs Line က ရေပန်းစားတာပါ။

အခု Jisoo အနေနဲ့ အဲဒီ 11 Abs Line ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး သူမရဲ့ ဓာတ်ပုံတွေကို မြင်တွေ့ပြီးနောက်မှာတော့ ပရိသတ်တွေက သူတို့အနေနဲ့လည်း Jisoo လို အလန်းစား 11 Abs Line ကို ပိုင်ဆိုင်ဖို့အတွက် pilates လေ့ကျင့်ခန်းတွေမှာ လုပ်မှာ ဖြစ်တော့မယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

pilates ဟာ ကိုရီးယားအမျိုးသမီး အနုပညာရှင်တွေအကြား အလွန်ရေပန်းစားတဲ့ လေ့ကျင့်ခန်းဖြစ်ပြီး နာမည်ကျော် ဝါရင့်မင်းသမီး Son Ye Jin အပါအဝင် BLACKPINK အဖွဲ့ဝင် Jennie အထိ Cele တော်တော်များများ လေ့ကျင့်ကြတာ ဖြစ်ပါတယ်။

Source: Koreaboo

 

-Zawgyi

■ လူတုိင္း ႐ူးသြပ္ေနတဲ့ BLACKPINK Jisoo ရဲ႕ Abs

– – – Jisoo ရဲ႕ အလန္းစား Abs ကုိ ျမင္ေတြ႕ရၿပီးေနာက္မွာေတာ့ လူတုိင္းဟာ ဒီေလ့က်င့္ခန္းကုိ ျပဳလုပ္ဖုိ႔ေတာင္ စိတ္၀င္စားေနၾကတဲ့အေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

BLACKPINK အဖဲြ႕၀င္ေတြအားလုံးဟာ သူတုိ႔ရဲ႕ ခႏၶာကုိယ္ထိန္းသိမ္းမႈ၊ ပုရြတ္ဆိတ္ခါးေတြကုိ ပုိင္ဆုိင္ထားတာေၾကာင့္ ခ်ီးက်ဴးခံရေလ့ရွိသူေတြျဖစ္ၿပီး အခုအခါမွာေတာ့ Jisoo ရဲ႕ အလန္းစား Abs က ပရိသတ္ေတြအၾကား ေရပန္းစားေနတာပါ။

Jisoo ဟာ သူမရဲ႕ Instagram မွာ အလန္းစားဓာတ္ပုံေတြ တင္ခဲ့ၿပီးေနာက္မွာေတာ့ ပရိသတ္ေတြက သူမရဲ႕ Abs ဟာ အရင္ကထက္ ပုိလွလာတာကုိ သတိထားမိခဲ့ၾကတာ ျဖစ္ပါတယ္။ Jisoo အေနနဲ႔ pilates ကုိ သင္တန္းဆရာနဲ႔ ကစားၿပီးေနာက္ အခုလုိ အလန္းစား Abs ကုိ ပုိင္ဆုိင္လာတာလည္း ျဖစ္ပါတယ္။

Jisoo ရဲ႕ pilates instructor ျဖစ္တဲ့ Sun က Jisoo ေလ့က်င့္ခန္း လုပ္ေနတဲ့ ဓာတ္ပုံေတြကုိ တင္ခဲ့ရာမွာ ဓာတ္ပုံတစ္ပုံကေတာ့ Jisoo ရဲ႕ Abs ကုိ ရွင္းရွင္းလင္းလင္း ျမင္ရတာ ျဖစ္ပါတယ္။ ေယာက်္ားေလးေတြမွာ Six Pack က ေရပန္းစားသလုိ၊ မိန္းကေလးေတြမွာေတာ့ 11 Abs Line က ေရပန္းစားတာပါ။

အခု Jisoo အေနနဲ႔ အဲဒီ 11 Abs Line ကုိ ပုိင္ဆုိင္ထားတာျဖစ္ၿပီး သူမရဲ႕ ဓာတ္ပုံေတြကုိ ျမင္ေတြ႕ၿပီးေနာက္မွာေတာ့ ပရိသတ္ေတြက သူတုိ႔အေနနဲ႔လည္း Jisoo လုိ အလန္းစား 11 Abs Line ကုိ ပုိင္ဆုိင္ဖုိ႔အတြက္ pilates ေလ့က်င့္ခန္းေတြမွာ လုပ္မွာ ျဖစ္ေတာ့မယ္လုိ႔ မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။

pilates ဟာ ကုိရီးယားအမ်ဳိးသမီး အႏုပညာရွင္ေတြအၾကား အလြန္ေရပန္းစားတဲ့ ေလ့က်င့္ခန္းျဖစ္ၿပီး နာမည္ေက်ာ္ ၀ါရင့္မင္းသမီး Son Ye Jin အပါအ၀င္ BLACKPINK အဖဲြ႕၀င္ Jennie အထိ Cele ေတာ္ေတာ္မ်ားမ်ား ေလ့က်င့္ၾကတာ ျဖစ္ပါတယ္။

Source: Koreaboo

 

You cannot copy content of this page