K pop

■ WINNER Kang Seung Yoon နဲ့ မင်းသမီး Moon Ji Hyo တို့ရဲ့ ဇာတ်လမ်း

– – – လူမြင်ကွင်းဖြစ်တဲ့ လမ်းမပေါ်မှာ နှစ်ယောက်သား တစ်ယောက်လက်ကို တစ်ယောက်ဆွဲရင်း လျှောက်လှမ်းကြတဲ့ Kang Seung Yoon နဲ့ မင်းသမီး Moon Ji Hyo တို့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက WINNER အဖွဲ့ဝင် Kang Seung Yoon နဲ့ မင်းသမီး Moon Ji Hyo တို့ ဆိုးလ်လမ်းမတွေပေါ်မှာ လက်တွဲ လမ်းလျှောက်ကြတဲ့ ဓာတ်ပုံတွေ ပျံ့နှံ့လာပြီးနောက် သူတို့နှစ်ယောက် တွဲနေတယ်ဆိုတဲ့ အသံတွေ ထွက်လာပါတယ်။

အဲဒီလိုသတင်းတွေ ထွက်လာပြီးနောက် သိပ်မကြာခင်မှာပဲ YG Entertainment ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျွန်တော်တို့ အနုပညာရှင်တွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အတည်ပြုဖို့ ခက်ပါတယ်”လို့ မီဒီယာတွေကို ပြောကြားခဲ့တာပါ။

မင်းသမီး Moon Ji Hyo ဟာ အရင်တုန်းက Kang Seung Yoon ရဲ့ “Born To Love You” MV မှာ သူ့ရဲ့ ချစ်သူအဖြစ် ပါဝင်သရုပ်ဆောင်ဖူးသူဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ မွေးဖွားသူဖြစ်လို့ Kang Seung Yoon ထက် ၆ နှစ် ငယ်ပါတယ်။

Source: AKP

 

-Zawgyi






Source: AKP

You cannot copy content of this page