K pop

■ Hanteo မှာ ဒီလိုလုပ်နိုင်တာ ITZY အပါအဝင် အမျိုးသမီးအဖွဲ့(၃) ဖွဲ့ပဲ ရှိတယ်

– – – သူတို့ရဲ့ အေဂျင်စီက နာမည်ကျော် စီနီယာတွေဖြစ်တောင် မလုပ်နိုင်တဲ့အရာကို ITZY က လုပ်ပြခဲ့တာဖြစ်ပြီး နောက်နှစ်ဖွဲ့က ဘယ်အဖွဲ့တွေ ဖြစ်မယ်ဆိုတာကို ပုံကိုနှိပ်ပြီးဖတ်ပါ။

ITZY အဖွဲ့ဟာ သူတို့ရဲ့ နောက်ဆုံးထုတ် album နဲ့ Hanteo မှာ အရောင်းစံချိန်တစ်ခုကို တင်ခဲ့တာဖြစ်ပါတယ်။

Hanteo chart ရဲ့ ထုတ်ပြန်ချက်အရ ITZY အဖွဲ့ရဲ့ ၅ ခုမြောက် mini-album ‘CHECKMATE’ ဟာ Hanteo မှာ အချပ်ရေ 600,000 ကျော် ရောင်းချခဲ့ရတာဖြစ်ပြီး ဒါဟာ သူတို့အဖွဲ့အတွက် အရောင်းရဆုံး album အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြီးတော့ ဒါက ITZY အဖွဲ့ကို Hanteo မှာ album အချပ်ရေ (၆) သိန်းကျော်ရောင်းရတဲ့ တတိယမြောက် အမျိုးသမီး K-Pop အဖွဲ့လည်း မှတ်တမ်းဝင်စေခဲ့ပါတယ်။ အရင်တုန်းက Hanteo မှာ album အချပ်ရေ (၆) သိန်းကျော်ရောင်းချခဲ့ရတဲ့အမျိုးသမီးအဖွဲ့တွေကတော့ BLACKPINK နဲ့ aespa တို့ပဲ ဖြစ်ပါတယ်။

‘CHECKMATE’ ဟာ ITZY အဖွဲ့အတွက် ပထမဆုံးနေ့နဲ့ ပထမဆုံးရက်သတ္တပတ်အတွင်း အရောင်းရဆုံး အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီး Hanteo မှာ ပထမဆုံးရက်သတ္တပတ်အတွင်း အချပ်ရေ 472,300 အထိ ရောင်းချခဲ့ရတာပါ။

Source: AKP

 

-Zawgyi







Source: AKP

You cannot copy content of this page