K pop

■ Jennie က မန်ချက်စတာယူနိုက်တက်ဖန်လား ?

– – – “Pink Venom” Music Video မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂျာစီကို ဝတ်ဆင်ခဲ့တဲ့ Jennie ဟာ အွန်လိုင်းမှာ Viral ဖြစ်ခဲ့ပြီး Jennie ဟာ မန်ချက်စတာယူနိုက်တက်ဖန် ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ပုံကိုနှိပ်ပြီး ဖတ်ပါ။

သြဂုတ် ၁၉ ရက်က ထုတ်ဝေခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ pre-release single “PInk Venom” သီချင်းမှာ Jennie အနေနဲ့ ကမ္ဘာကျော် အင်္ဂလိပ်ဘောလုံးအသင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂျာစီကို ဝတ်ဆင်ခဲ့တာကြောင့် အတော်လေးကို ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့ ပရိသတ်အများဆုံးအသင်းဖြစ်ပေမဲ့ နောက်ပိုင်းနှစ်တွေမှာ ရုန်းကန်နေရတာကြောင့် ပြိုင်ဘက်ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံနေရတဲ့ အသင်း ဖြစ်ပါတယ်။

“PInk Venom” Music Video မှာ Jennie အနေနဲ့ မန်ချက်စတာယူနိုက်တက် ဂျာစီကို ဝတ်ဆင်ခဲ့တာကြောင့် ဘောလုံးနဲ့ K-Pop ပရိသတ်တွေအကြား အတော်လေးဂယက်ရိုက်ခဲ့ပြီး Jennie ဟာ မန်ချက်စတာယူနိုက်တက် ပရိသတ်လားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ကိုရီးယား အင်တာနက်အသုံးပြုသူတွေကတော့ “မန်ချက်ဖန် မဖြစ်နိုင်ပါဘူး” “သူတို့အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို မသိဘဲ ဝတ်တာလည်း ဖြစ်နိုင်တာပဲ” “မန်ချက်ကို ကစားသမားသစ် ဝယ်ဖို့ ပြောတာ Idol တွေ စုဆောင်းနေပါလား”, “အမျိုးသမီး idols တွေကြား ဘောလုံးဂျာစီဝတ်တာ ခေတ်စားနေလို့ ဖြစ်မှာပါ” စတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Jennie ကတော့ သူမအနေနဲ့ “PInk Venom” Music Video မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂျာစီကို ဝတ်ဆင်ခဲ့တာနဲ့ ပတ်သက်လို့ မှတ်ချက်ပေးခြင်းမရှိသေးပါဘူး။

Source: AKP

 

-Zawgyi

■ Jennie က မန္ခ်က္စတာယူႏုိက္တက္ဖန္လား ?

– – – “Pink Venom” Music Video မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဂ်ာစီကုိ ၀တ္ဆင္ခဲ့တဲ့ Jennie ဟာ အြန္လုိင္းမွာ Viral ျဖစ္ခဲ့ၿပီး Jennie ဟာ မန္ခ်က္စတာယူႏုိက္တက္ဖန္ ဟုတ္၊ မဟုတ္ဆုိတာကိုေတာ့ ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

ၾသဂုတ္ ၁၉ ရက္က ထုတ္ေ၀ခဲ့တဲ့ BLACKPINK အဖဲြ႕ရဲ႕ pre-release single “PInk Venom” သီခ်င္းမွာ Jennie အေနနဲ႔ ကမၻာေက်ာ္ အဂၤလိပ္ေဘာလုံးအသင္း မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဂ်ာစီကုိ ၀တ္ဆင္ခဲ့တာေၾကာင့္ အေတာ္ေလးကုိ ဟုိးေလးတစ္ေက်ာ္ျဖစ္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ကမၻာေပၚမွာ အေက်ာ္ၾကားဆုံးနဲ႔ ပရိသတ္အမ်ားဆုံးအသင္းျဖစ္ေပမဲ့ ေနာက္ပုိင္းႏွစ္ေတြမွာ ႐ုန္းကန္ေနရတာေၾကာင့္ ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ျခင္းကုိ ခံေနရတဲ့ အသင္း ျဖစ္ပါတယ္။

“PInk Venom” Music Video မွာ Jennie အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္ ဂ်ာစီကုိ ၀တ္ဆင္ခဲ့တာေၾကာင့္ ေဘာလုံးနဲ႔ K-Pop ပရိသတ္ေတြအၾကား အေတာ္ေလးဂယက္႐ုိက္ခဲ့ၿပီး Jennie ဟာ မန္ခ်က္စတာယူႏုိက္တက္ ပရိသတ္လားဆုိတဲ့ ေမးခြန္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။

ကုိရီးယား အင္တာနက္အသုံးျပဳသူေတြကေတာ့ “မန္ခ်က္ဖန္ မျဖစ္ႏုိင္ပါဘူး” “သူတုိ႔အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္ကုိ မသိဘဲ ၀တ္တာလည္း ျဖစ္ႏုိင္တာပဲ” “မန္ခ်က္ကို ကစားသမားသစ္ ၀ယ္ဖုိ႔ ေျပာတာ Idol ေတြ စုေဆာင္းေနပါလား”, “အမ်ဳိးသမီး idols ေတြၾကား ေဘာလုံးဂ်ာစီ၀တ္တာ ေခတ္စားေနလုိ႔ ျဖစ္မွာပါ” စတဲ့ မွတ္ခ်က္ေတြ ေရးသားခဲ့ၾကပါတယ္။

Jennie ကေတာ့ သူမအေနနဲ႔ “PInk Venom” Music Video မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဂ်ာစီကုိ ၀တ္ဆင္ခဲ့တာနဲ႔ ပတ္သက္လုိ႔ မွတ္ခ်က္ေပးျခင္းမရွိေသးပါဘူး။

Source: AKP

You cannot copy content of this page