K pop

■ “PInk Venom” Music Video မှာ Jennie မန်ချက်စတာယူနိုက်တက်ဂျာစီကို ဝတ်တဲ့အကြောင်းရင်း ပေါ်ပြီ

– – – မန်ချက်စတာယူနိုက်တက်နဲ့ BLACKPINK ရဲ့ ဆက်နွယ်မှုအကြောင်း၊ မန်ချက်စတာယူနိုက်တက် ဂျာစီကို Jennie ဘာကြောင့်ဝတ်ဆင်ခဲ့ရတယ်ဆိုတဲ့ဖြစ်ရပ်မှန်ကို ပုံကိုနှိပ်ပြီး ဖတ်ပါ။

သြဂုတ် ၁၉ ရက်က ထုတ်ဝေခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ pre-release single “PInk Venom” သီချင်းမှာ Jennie အနေနဲ့ ကမ္ဘာကျော် အင်္ဂလိပ်ဘောလုံးအသင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂျာစီကို ဝတ်ဆင်ခဲ့တာကြောင့် အတော်လေးကို ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပါတယ်။

“PInk Venom” Music Video မှာ Jennie အနေနဲ့ မန်ချက်စတာယူနိုက်တက် ဂျာစီကို ဝတ်ဆင်ခဲ့တာကြောင့် ဘောလုံးနဲ့ K-Pop ပရိသတ်တွေအကြား အတော်လေးဂယက်ရိုက်ခဲ့ပြီး အခုတော့ အကြောင်းရင်း ပေါ်လာပြီ ဖြစ်ပါတယ်။

“PInk Venom” Music Video မှာ Jennie အနေနဲ့ မန်ချက်စတာယူနိုက်တက်ဂျာစီကို ဝတ်ဆင်ခဲ့တာဟာ အားကစားပစ္စည်းထုတ်လုပ်ရောင်းချတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် Adidas ကြောင့် ဖြစ်ပါတယ်။

Adidas ဟာ ၂၀၂၀ ပြည့်နှစ်မှာ BLACKPINK အဖွဲ့နဲ့ လက်တွဲခဲ့ပြီး အဲဒီတုန်းက BLACKPINK အဖွဲ့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်နဲ့တောင် ဆိုးလ်မှာ ပရိုမိုးရှင်းပွဲ ပြုလုပ်ခဲ့တာပါ။

ကမ္ဘာ့ကျော်အမှတ်တံဆိပ် Adidas အနေနဲ့ “Chang Is A Team Sport” campaign ပြုလုပ်နေပြီး အဲဒီ campaign မှာ Yara Shahidi, Ninja နဲ့ Pharrell Williams တို့လို ကမ္ဘာကျော်တွေ ပါဝင်ခဲ့ကာ အခု Jennie ပါ အဲဒီထဲမှာ ပါဝင်လာတာ ဖြစ်ပါတယ်။

Source: AKP

 

-Zawgyi

■ “PInk Venom” Music Video မွာ Jennie မန္ခ်က္စတာယူႏုိက္တက္ဂ်ာစီကုိ ၀တ္တဲ့အေၾကာင္းရင္း ေပၚၿပီ

– – – မန္ခ်က္စတာယူႏုိက္တက္နဲ႔ BLACKPINK ရဲ႕ ဆက္ႏြယ္မႈအေၾကာင္း၊ မန္ခ်က္စတာယူႏုိက္တက္ ဂ်ာစီကုိ Jennie ဘာေၾကာင့္၀တ္ဆင္ခဲ့ရတယ္ဆုိတဲ့ျဖစ္ရပ္မွန္ကုိ ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

ၾသဂုတ္ ၁၉ ရက္က ထုတ္ေ၀ခဲ့တဲ့ BLACKPINK အဖဲြ႕ရဲ႕ pre-release single “PInk Venom” သီခ်င္းမွာ Jennie အေနနဲ႔ ကမၻာေက်ာ္ အဂၤလိပ္ေဘာလုံးအသင္း မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ဂ်ာစီကုိ ၀တ္ဆင္ခဲ့တာေၾကာင့္ အေတာ္ေလးကုိ ဟုိးေလးတစ္ေက်ာ္ျဖစ္ခဲ့ပါတယ္။

“PInk Venom” Music Video မွာ Jennie အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္ ဂ်ာစီကုိ ၀တ္ဆင္ခဲ့တာေၾကာင့္ ေဘာလုံးနဲ႔ K-Pop ပရိသတ္ေတြအၾကား အေတာ္ေလးဂယက္႐ုိက္ခဲ့ၿပီး အခုေတာ့ အေၾကာင္းရင္း ေပၚလာၿပီ ျဖစ္ပါတယ္။

“PInk Venom” Music Video မွာ Jennie အေနနဲ႔ မန္ခ်က္စတာယူႏုိက္တက္ဂ်ာစီကုိ ၀တ္ဆင္ခဲ့တာဟာ အားကစားပစၥည္းထုတ္လုပ္ေရာင္းခ်တဲ့ ကမၻာေက်ာ္အမွတ္တံဆိပ္ Adidas ေၾကာင့္ ျဖစ္ပါတယ္။

Adidas ဟာ ၂၀၂၀ ျပည့္ႏွစ္မွာ BLACKPINK အဖဲြ႕နဲ႔ လက္တဲြခဲ့ၿပီး အဲဒီတုန္းက BLACKPINK အဖဲြ႕ဟာ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ကမၻာေက်ာ္ ေဘာလုံးသမားေဟာင္း ေဒးဗစ္ဘက္ခမ္နဲ႔ေတာင္ ဆုိးလ္မွာ ပ႐ုိမုိးရွင္းပဲြ ျပဳလုပ္ခဲ့တာပါ။

ကမၻာ့ေက်ာ္အမွတ္တံဆိပ္ Adidas အေနနဲ႔ “Chang Is A Team Sport” campaign ျပဳလုပ္ေနၿပီး အဲဒီ campaign မွာ Yara Shahidi, Ninja နဲ႔ Pharrell Williams တုိ႔လုိ ကမၻာေက်ာ္ေတြ ပါ၀င္ခဲ့ကာ အခု Jennie ပါ အဲဒီထဲမွာ ပါ၀င္လာတာ ျဖစ္ပါတယ္။

Source: AKP

You cannot copy content of this page