K pop

■ Beyoncé ကိုသာမက Taylor Swift ရဲ့ စံချိန်ကိုပါ ကျော်ခဲ့တဲ့ BLACKPINK

– – – BLACKPINK အဖွဲ့အနေနဲ့ ကမ္ဘာကျော်အမျိုးသမီးအဆိုတော်တွေဖြစ်တဲ့ Beyoncé နဲ့ Taylor Swift တို့ရဲ့ ဘယ်လိုစံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

သြဂုတ် ၁၉ ရက်က ထုတ်ဝေခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ pre-release single “PInk Venom” သီချင်းဟာ Mega Hit ဖြစ်ခဲ့တဲ့ ၂၀၂၂ ထုတ် သီချင်းတွေထဲမှာ ပထမဆုံး ၂၄ နာရီအတွင်း လူကြည့်အများဆုံး သီချင်း ဖြစ်ခဲ့ပါတယ်။

ဒါ BLACKPINK အဖွဲ့ရဲ့ pre-release single “PInk Venom” သီချင်းဟာ ကိုရီယား Music Chart တွေနဲ့ နိုင်ငံတကာ Music Chart တွေကို လွှမ်းမိုးနိုင်ခဲ့ပြီး အခု Spotify မှာ ပထမဆုံး ပရိသတ် နားဆင်မှုအများဆုံး သီချင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

“PInk Venom” သီချင်းဟာ ပထမဆုံးထုတ်ဝေတဲ့ ရက်အတွင်း Spotify မှာ streams ပြုလုပ်မှု 7,937,046 အထိ ရှိခဲ့ပြီး ၂၀၂၂ အတွင်း ပထမဆုံးရက်မှာ streams အများဆုံးအမျိုးသမီး artist သီချင်း ဖြစ်လာခဲ့ပါတယ်။

၂၀၂၂ အတွင်း ပထမဆုံးရက်မှာ streams အများဆုံးအမျိုးသမီး artist သီချင်းအဖြစ် Beyoncé ရဲ့ “BREAK MY SOUL” သီချင်းက 5.145 သန်း streams နဲ့ စံချိန်တင်ထားတာဖြစ်ပြီး BLACKPINK အဖွဲ့ရဲ့ pre-release single “PInk Venom” ၃ သန်းနီးပါး အသာနဲ့ ကျော်ဖြတ်ခဲ့တာပါ။

ပြီးတော့ BLACKPINK အဖွဲ့ရဲ့ “PInk Venom” သီချင်းဟာ Taylor Swift ရဲ့ ၂၀၂၀ ထုတ် hit သီချင်း “Cardigan” (7.742 million streams) ကို Spotify မှာ ၂၀၂၀ နောက်ပိုင်း streams ပြုလုပ်မှုအများဆုံးအဖြစ် အမျိုးသမီးသီချင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Source: Koreaboo

 

-Zawgyi

■ Beyoncé ကိုသာမက Taylor Swift ရဲ႕ စံခ်ိန္ကုိပါ ေက်ာ္ခဲ့တဲ့ BLACKPINK

– – – BLACKPINK အဖဲြ႕အေနနဲ႔ ကမၻာေက်ာ္အမ်ဳိးသမီးအဆုိေတာ္ေတြျဖစ္တဲ့ Beyoncé နဲ႔ Taylor Swift တုိ႔ရဲ႕ ဘယ္လုိစံခ်ိန္ေတြကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့တယ္ဆုိတဲ့အေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

ၾသဂုတ္ ၁၉ ရက္က ထုတ္ေ၀ခဲ့တဲ့ BLACKPINK အဖဲြ႕ရဲ႕ pre-release single “PInk Venom” သီခ်င္းဟာ Mega Hit ျဖစ္ခဲ့တဲ့ ၂၀၂၂ ထုတ္ သီခ်င္းေတြထဲမွာ ပထမဆုံး ၂၄ နာရီအတြင္း လူၾကည့္အမ်ားဆုံး သီခ်င္း ျဖစ္ခဲ့ပါတယ္။

ဒါ BLACKPINK အဖဲြ႕ရဲ႕ pre-release single “PInk Venom” သီခ်င္းဟာ ကုိရီယား Music Chart ေတြနဲ႔ ႏုိင္ငံတကာ Music Chart ေတြကုိ လႊမ္းမုိးႏုိင္ခဲ့ၿပီး အခု Spotify မွာ ပထမဆုံး ပရိသတ္ နားဆင္မႈအမ်ားဆုံး သီခ်င္းအျဖစ္ မွတ္တမ္း၀င္ခဲ့တာပါ။

“PInk Venom” သီခ်င္းဟာ ပထမဆုံးထုတ္ေ၀တဲ့ ရက္အတြင္း Spotify မွာ streams ျပဳလုပ္မႈ 7,937,046 အထိ ရွိခဲ့ၿပီး ၂၀၂၂ အတြင္း ပထမဆုံးရက္မွာ streams အမ်ားဆုံးအမ်ဳိးသမီး artist သီခ်င္း ျဖစ္လာခဲ့ပါတယ္။

၂၀၂၂ အတြင္း ပထမဆုံးရက္မွာ streams အမ်ားဆုံးအမ်ဳိးသမီး artist သီခ်င္းအျဖစ္ Beyoncé ရဲ႕ “BREAK MY SOUL” သီခ်င္းက 5.145 သန္း streams နဲ႔ စံခ်ိန္တင္ထားတာျဖစ္ၿပီး BLACKPINK အဖဲြ႕ရဲ႕ pre-release single “PInk Venom” ၃ သန္းနီးပါး အသာနဲ႔ ေက်ာ္ျဖတ္ခဲ့တာပါ။

ၿပီးေတာ့ BLACKPINK အဖဲြ႕ရဲ႕ “PInk Venom” သီခ်င္းဟာ Taylor Swift ရဲ႕ ၂၀၂၀ ထုတ္ hit သီခ်င္း “Cardigan” (7.742 million streams) ကုိ Spotify မွာ ၂၀၂၀ ေနာက္ပုိင္း streams ျပဳလုပ္မႈအမ်ားဆုံးအျဖစ္ အမ်ဳိးသမီးသီခ်င္းအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

Source: Koreaboo

You cannot copy content of this page