K pop

■ သြဂုတ်လမှာ အကျော်ကြားဆုံးဖြစ်ခဲ့တဲ့ အမျိုးသား Idol (၁၀) ဦး

— – – KICR က လစဉ် ထုတ်ပြန်လေ့ရှိတဲ့ Brand Reputation Rankings မှာ ဒီလအတွက် ထိပ်ဆုံး (၁၀) ဦးစာရင်းမှာတော့ …

Korea Institute of Corporate Reputation က သြဂုတ်လအတွက် အမျိုးသား Idol တွေရဲ့ brand value rankings စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဇူလိုင် (၂၁)ရက်ကနေ သြဂုတ်လ (၂၁)ရက်အတွင်း consumer participation, media coverage, interaction နဲ့ community indexes တို့ကို ဆန်းစစ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။

ထိပ်ဆုံး (၃)နေရာမှာ နာမည်ကျော် BTS အဖွဲ့ဝင် Jimin၊ ASTRO အဖွဲ့ဝင် Cha Eun Woo နဲ့ BTS အဖွဲ့ဝင် Jungkook တို့ ရပ်တည်ခဲ့ပါတယ်။ BTS အဖွဲ့ဝင် Jimin ဟာ brand value index 6,009,493 မှတ်ရခဲ့ပြီး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာပါ။

ဒုတိယနေရာမှာတော့ Cha Eun Woo က 4,934,171 မှတ်နဲ့ ရပ်တည်ခဲ့ပြီး တတိယနေရာမှာ BTS အဖွဲ့ဝင် Jungkook က 4,620,074 မှတ်နဲ့ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

■ သြဂုတ်လအတွင်း အကျော်ကြားဆုံး အမျိုးသား Idol (၁၀) ဦး

1- BTS Jimin
2- ASTRO Cha Eun Woo
3- BTS Jungkook
4- BTS V
5- NU’EST and Wanna One Minhyun
6- BTS Jin
7- WINNER Song Mino
8- BIGBANG G-Dragon
9- WINNER Kang Seung Yoon
10- Wanna One Kim Jae Hwan

Source: Soompi

You cannot copy content of this page