K pop

■ သရုပ်ဆောင်ရာမှာ Jennie Ruby Jane နာမည်ကို Jennie ဘာကြောင့် အသုံးပြုတာလဲ

– – – သရုပ်ဆောင်အဖြစ် မြင်တွေ့ရမယ့် Jennie ကတော့ မင်းသမီးအဖြစ် ပွဲထွက်ရာမှာ Jennie Ruby Jane နာမည်ကို အသုံးပြုမှာ ဖြစ်ပြီး အဲဒီနာမည်နောက်ကွယ်က အကြောင်းကို ပုံနှိပ်ဖတ်ပါ။

BLACKPINK အဖွဲ့ဝင် Jennie ဟာ သရုပ်ဆောင်အဖြစ် HBO series ဇာတ်လမ်းတွဲ The Idol မှာ ပွဲထွက်မယ်ဆိုတာကို ပရိသတ်တွေ သိပြီးသား ဖြစ်ပါလိမ့်မယ်။ The Idol က The Weeknd ပါဝင် ဖန်တီးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး နာမည်ကျော် သရုပ်ဆောင်တွေနဲ့အတူ Jennie လည်း ပါဝင်သွားမှာပါ။

အခု HBO က The Idol ဇာတ်လမ်းတွဲအတွက် ဇာတ်ကောင်တွေ၊ သရုပ်ဆောင်တွေကို မိတ်ဆက်ရာမှာတော့ Jennie က သူ့နာမည်ကို Jennie Ruby Jane ဆိုပြီး အသုံးပြုထားတာကြောင့် ပရိသတ်တွေအကြား လှုပ်ရှားရှား ဖြစ်ခဲ့ပါတယ်။

တကယ်တော့ Jennie Ruby Jane ဆိုတဲ့နာမည်ဟာ Jennie ကိုယ်တိုင်အသုံးပြုတဲ့ Instagram အကောင့် နာမည်ဖြစ်ပြီး သရုပ်ဆောင်ဘဝကို အစပြုရာမှာ သူ့အနေနဲ့ အဲဒီနာမည်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးတော့ Jennie ဟာ ငယ်စဉ်က နယူးဇီလန်မှာ ကျောင်းတက်ခဲ့ဖူးပြီး အဲဒီတုန်းက သူ့ရဲ့ သူငယ်ချင်းတွေက သူ့ကို Jennie Ruby Jane ဒါမှမဟုတ် Jennie Ruby-Jane Kim လို့ ခေါ်ကြောင်းလည်း သိရှိရပါတယ်။ ဒါကြောင့် သရုပ်ဆောင်မှာ အဲဒီနာမည်ကို သုံးဖို့ Jennie ဆုံးဖြတ်ခဲ့တာပါ။

Source: Soompi

 

-Zawgyi

■ သ႐ုပ္ေဆာင္ရာမွာ Jennie Ruby Jane နာမည္ကုိ Jennie ဘာေၾကာင့္ အသုံးျပဳတာလဲ

– – – သ႐ုပ္ေဆာင္အျဖစ္ ျမင္ေတြ႕ရမယ့္ Jennie ကေတာ့ မင္းသမီးအျဖစ္ ပဲြထြက္ရာမွာ Jennie Ruby Jane နာမည္ကုိ အသုံးျပဳမွာ ျဖစ္ၿပီး အဲဒီနာမည္ေနာက္ကြယ္က အေၾကာင္းကုိ ပုံႏွိပ္ဖတ္ပါ။

BLACKPINK အဖဲြ႕၀င္ Jennie ဟာ သ႐ုပ္ေဆာင္အျဖစ္ HBO series ဇာတ္လမ္းတဲြ The Idol မွာ ပဲြထြက္မယ္ဆုိတာကုိ ပရိသတ္ေတြ သိၿပီးသား ျဖစ္ပါလိမ့္မယ္။ The Idol က The Weeknd ပါ၀င္ ဖန္တီးထားတဲ့ ဇာတ္လမ္းတဲြျဖစ္ၿပီး နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြနဲ႔အတူ Jennie လည္း ပါ၀င္သြားမွာပါ။

အခု HBO က The Idol ဇာတ္လမ္းတဲြအတြက္ ဇာတ္ေကာင္ေတြ၊ သ႐ုပ္ေဆာင္ေတြကုိ မိတ္ဆက္ရာမွာေတာ့ Jennie က သူ႕နာမည္ကုိ Jennie Ruby Jane ဆုိၿပီး အသုံးျပဳထားတာေၾကာင့္ ပရိသတ္ေတြအၾကား လႈပ္ရွားရွား ျဖစ္ခဲ့ပါတယ္။

တကယ္ေတာ့ Jennie Ruby Jane ဆုိတဲ့နာမည္ဟာ Jennie ကုိယ္တုိင္အသုံးျပဳတဲ့ Instagram အေကာင့္ နာမည္ျဖစ္ၿပီး သ႐ုပ္ေဆာင္ဘ၀ကို အစျပဳရာမွာ သူ႕အေနနဲ႔ အဲဒီနာမည္ကုိ အသုံးျပဳဖုိ႔ ဆုံးျဖတ္ခဲ့တာလည္း ျဖစ္ပါတယ္။

ၿပီးေတာ့ Jennie ဟာ ငယ္စဥ္က နယူးဇီလန္မွာ ေက်ာင္းတက္ခဲ့ဖူးၿပီး အဲဒီတုန္းက သူ႕ရဲ႕ သူငယ္ခ်င္းေတြက သူ႕ကုိ Jennie Ruby Jane ဒါမွမဟုတ္ Jennie Ruby-Jane Kim လုိ႔ ေခၚေၾကာင္းလည္း သိရွိရပါတယ္။ ဒါေၾကာင့္ သ႐ုပ္ေဆာင္မွာ အဲဒီနာမည္ကုိ သုံးဖုိ႔ Jennie ဆုံးျဖတ္ခဲ့တာပါ။

Source: Soompi

You cannot copy content of this page