– – – EXO အဖွဲ့ခေါင်းဆောင်အနေနဲ့ နောက်ပြောင်တဲ့အနေနဲ့ ပြောခဲ့တာဖြစ်ပေမဲ့ သိပ်မကြာခင်ကမှ ဆိုးလ်မှာ ဖြစ်ပွားခဲ့တဲ့အခြေအနေတွေကြောင့် ဝေဖန်ခံရတာဖြစ်ပြီး သူ ဘာပြောခဲ့တယ်ဆိုတာကို ပုံနှိပ်ဖတ်ပါ။
EXO အဖွဲ့ခေါင်းဆောင် Suho ဟာ ဆူဝမ်ဟာ ပြုလုပ်ခဲ့တဲ့ ‘SMTOWN Live 2022 : SMCU Express’ Concert မှာ နောက်ပြောင်တဲ့အနေနဲ့ ပြောဆိုခဲ့တဲ့ မှတ်ချက်ကြောင့် ဝေဖန်ခံနေရပြီး သူ့ရဲ့ မှတ်ချက်က ဘောင်ကျော်တယ်လို့ Netizens ယူဆနေကြပါတယ်။
SM က ကြီးမှူးပြုလုပ်ပြီး SM အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေကြတဲ့ ‘SMTOWN Live 2022 : SMCU Express’ Concert မှာ Suho က ပရိသတ်တွေကို နှုတ်ဆက်တဲ့အနေနဲ့ စကားပြောခဲ့ရာမှာတော့ မိုးအကြောင်း ပြောလို့ ဝေဖန်ခံခဲ့ရတာပါ။
Suho က “ဒီနေ့ မိုးမရွာတာတော့ ကံကောင်းတယ်ဗျာ။ အားလုံး ခင်ဗျားတို့ ကျွန်တော် ပါဝါကို သိကြတယ် မဟုတ်လား။ Kekeke သိပ်မကြာခင်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေအတွက် ကျွန်တော် အတော်လေး စိတ်မကောင်း ဖြစ်ရပါတယ်”လို့ ဆိုခဲ့တာပါ။
သြဂုတ်လအစောပိုင်းက ကိုရီယားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံအနှံ့ ဒေသတွေမှာ ရေနစ်မြှပ်မှုတွေ ဖြစ်ပွားပြီး ဆိုးလ်မှာ လူသေဆုံးမှုတွေတောင် ရှိခဲ့တာပါ။ Suho ကတော့ သူ့ရဲ့ EXO universe က “super power” ဖြစ်တဲ့ ရေအကြောင်းကို ရည်ညွှန်းပြောဆိုခဲ့တာပါ။
ဒါပေမဲ့ Netizens တွေကတော့ “မိုးကြောင့် ပျက်စီးဆုံးရှုံးရတာကို ပြောတာလား။ သူ သိပ်မှားတယ်”, “မိုးကြောင့် ရေမြှုပ်လို့ လူသေတာတွေတောင် ရှိတာကို သူက ဒီလောက်တောင် မစဉ်းစားတတ်ဘူးလား”, “အဲဒီအကြောင်းကို သူ ပြောစရာမှ မလိုတာ”,
“မိုးသည်းထန်စွာ ရွာသွန်းတဲ့ ရေမြှပ်တဲ့ထဲ ပါသွားလို့ ဆုံးရှုံးရှိတဲ့လူတွေသာ အဲဒီပွဲမှာ ရှိနေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ”, “ဒီလိုကိစ္စတွေကို သတိမထား၊ ဂရုမစိုက်ဘဲ ပြောနိုင်တာ အံ့သြစရာကြီး”, “ခေါင်းဆောင်လုပ်နေပြီတော့ ခေါင်းမရှိလိုက်တာ”, “သူ ရူးနေတာလား” စတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။
Source: AKP
-Zawgyi
■ SMTOWN Live 2022 : SMCU Express မွတ္ခ်က္အတြက္ ေ၀ဖန္ခံေနရတဲ့ Suho
– – – EXO အဖဲြ႕ေခါင္းေဆာင္အေနနဲ႔ ေနာက္ေျပာင္တဲ့အေနနဲ႔ ေျပာခဲ့တာျဖစ္ေပမဲ့ သိပ္မၾကာခင္ကမွ ဆုိးလ္မွာ ျဖစ္ပြားခဲ့တဲ့အေျခအေနေတြေၾကာင့္ ေ၀ဖန္ခံရတာျဖစ္ၿပီး သူ ဘာေျပာခဲ့တယ္ဆုိတာကုိ ပုံႏွိပ္ဖတ္ပါ။
EXO အဖဲြ႕ေခါင္းေဆာင္ Suho ဟာ ဆူ၀မ္ဟာ ျပဳလုပ္ခဲ့တဲ့ ‘SMTOWN Live 2022 : SMCU Express’ Concert မွာ ေနာက္ေျပာင္တဲ့အေနနဲ႔ ေျပာဆုိခဲ့တဲ့ မွတ္ခ်က္ေၾကာင့္ ေ၀ဖန္ခံေနရၿပီး သူ႕ရဲ႕ မွတ္ခ်က္က ေဘာင္ေက်ာ္တယ္လုိ႔ Netizens ယူဆေနၾကပါတယ္။
SM က ႀကီးမွဴးျပဳလုပ္ၿပီး SM အႏုပညာရွင္ေတြ ပါ၀င္ေဖ်ာ္ေျဖၾကတဲ့ ‘SMTOWN Live 2022 : SMCU Express’ Concert မွာ Suho က ပရိသတ္ေတြကုိ ႏႈတ္ဆက္တဲ့အေနနဲ႔ စကားေျပာခဲ့ရာမွာေတာ့ မုိးအေၾကာင္း ေျပာလုိ႔ ေ၀ဖန္ခံခဲ့ရတာပါ။
Suho က “ဒီေန႔ မုိးမရြာတာေတာ့ ကံေကာင္းတယ္ဗ်ာ။ အားလုံး ခင္ဗ်ားတုိ႔ ကၽြန္ေတာ္ ပါ၀ါကုိ သိၾကတယ္ မဟုတ္လား။ Kekeke သိပ္မၾကာခင္က ျဖစ္ခဲ့တဲ့ ျဖစ္ရပ္ေတြအတြက္ ကၽြန္ေတာ္ အေတာ္ေလး စိတ္မေကာင္း ျဖစ္ရပါတယ္”လုိ႔ ဆုိခဲ့တာပါ။
ၾသဂုတ္လအေစာပုိင္းက ကုိရီယားမွာ မုိးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ႏုိင္ငံအႏွံ႔ ေဒသေတြမွာ ေရနစ္ျမႇပ္မႈေတြ ျဖစ္ပြားၿပီး ဆုိးလ္မွာ လူေသဆုံးမႈေတြေတာင္ ရွိခဲ့တာပါ။ Suho ကေတာ့ သူ႕ရဲ႕ EXO universe က “super power” ျဖစ္တဲ့ ေရအေၾကာင္းကုိ ရည္ညႊန္းေျပာဆုိခဲ့တာပါ။
ဒါေပမဲ့ Netizens ေတြကေတာ့ “မုိးေၾကာင့္ ပ်က္စီးဆုံး႐ႈံးရတာကုိ ေျပာတာလား။ သူ သိပ္မွားတယ္”, “မုိးေၾကာင့္ ေရျမႇဳပ္လုိ႔ လူေသတာေတြေတာင္ ရွိတာကုိ သူက ဒီေလာက္ေတာင္ မစဥ္းစားတတ္ဘူးလား”, “အဲဒီအေၾကာင္းကုိ သူ ေျပာစရာမွ မလုိတာ”,
“မုိးသည္းထန္စြာ ရြာသြန္းတဲ့ ေရျမႇပ္တဲ့ထဲ ပါသြားလုိ႔ ဆုံး႐ႈံးရွိတဲ့လူေတြသာ အဲဒီပဲြမွာ ရွိေနမယ္ဆုိရင္ ဘယ္လုိလုပ္မလဲ”, “ဒီလုိကိစၥေတြကုိ သတိမထား၊ ဂ႐ုမစို္က္ဘဲ ေျပာႏုိင္တာ အံ့ၾသစရာႀကီး”, “ေခါင္းေဆာင္လုပ္ေနၿပီေတာ့ ေခါင္းမရွိလုိက္တာ”, “သူ ႐ူးေနတာလား” စတဲ့ မွတ္ခ်က္ေတြ ေရးသားခဲ့ၾကပါတယ္။
Source: AKP