K pop

■ ကြောက်တဲ့အခါတိုင်း G-Dragon ကို အသုံးချတဲ့ Extraordinary Attorney Woo မင်းသား

– – – Extraordinary Attorney Woo ဇာတ်လမ်းတွဲနဲ့ နာမည်ရလာတဲ့ Joo Jong Hyuk အနေနဲ့ G-Dragon နာမည်နဲ့ ဘယ်လိုအားယူတယ်ဆိုတဲ့အကြောင်းကို ပုံနှိပ်ဖတ်ပါ။

Sports World နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ မင်းသား Joo Jong Hyuk က premiere events တွေ တက်တဲ့အခါ၊ ဓာတ်ပုံတွေ ရိုက်တဲ့အခါ သူ့အနေနဲ့ ကြောက်လန့်လေ့ရှိသလို၊ စိုးရိမ်စိတ်တွေလည်း အရမ်းကို များကြောင်း ပြောပြခဲ့ပါတယ်။

Extraordinary Attorney Woo ဇာတ်လမ်းတွဲမှာ ပါဝင်ပြီးနောက် နာမည်ကျော်ကြားလာတဲ့ မင်းသား Joo Jong Hyuk က သူ့အနေနဲ့ အဲဒီလိုအကြောက်တရားတွေနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ သူ့ကိုယ်သူ “ငါက G-Dragon၊ ငါက G-Dragon ပဲ”လို့ ပြောပြီး အကြောက်တရားတွေကို ပယ်ဖျက်လေ့ရှိတယ်လို့ ဆိုခဲ့တာပါ။

Joo Jong Hyuk က “ကျွန်တော် ဓာတ်ပုံရိုက်တဲ့အခါတိုင်း၊ ကျွန်တော့်ကို ဓာတ်ပုံတွေ ရိုက်ကြတဲ့အခါတိုင်း ကျွန်တော်နှလုံးခုန်လေ့ရှိပြီး ပေါက်ကွဲထွက်မလားတောင် ထင်ရပါတယ်။ အဲဒီလို ဖြစ်တဲ့အခါတိုင်းမှာ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကို ငါက GD၊ ငါက GD ပဲ ပြောလေ့ရှိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Source: AKP

 

-Zawgyi

■ ေၾကာက္တဲ့အခါတုိင္း G-Dragon ကုိ အသုံးခ်တဲ့ Extraordinary Attorney Woo မင္းသား

– – – Extraordinary Attorney Woo ဇာတ္လမ္းတဲြနဲ႔ နာမည္ရလာတဲ့ Joo Jong Hyuk အေနနဲ႔ G-Dragon နာမည္နဲ႔ ဘယ္လုိအားယူတယ္ဆုိတဲ့အေၾကာင္းကုိ ပုံႏွိပ္ဖတ္ပါ။

Sports World နဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ မင္းသား Joo Jong Hyuk က premiere events ေတြ တက္တဲ့အခါ၊ ဓာတ္ပုံေတြ ႐ုိက္တဲ့အခါ သူ႕အေနနဲ႔ ေၾကာက္လန္႔ေလ့ရွိသလုိ၊ စုိးရိမ္စိတ္ေတြလည္း အရမ္းကုိ မ်ားေၾကာင္း ေျပာျပခဲ့ပါတယ္။

Extraordinary Attorney Woo ဇာတ္လမ္းတဲြမွာ ပါ၀င္ၿပီးေနာက္ နာမည္ေက်ာ္ၾကားလာတဲ့ မင္းသား Joo Jong Hyuk က သူ႕အေနနဲ႔ အဲဒီလုိအေၾကာက္တရားေတြနဲ႔ ရင္ဆုိင္ရတဲ့အခါမ်ဳိးမွာ သူ႕ကုိယ္သူ “ငါက G-Dragon၊ ငါက G-Dragon ပဲ”လုိ႔ ေျပာၿပီး အေၾကာက္တရားေတြကုိ ပယ္ဖ်က္ေလ့ရွိတယ္လုိ႔ ဆုိခဲ့တာပါ။

Joo Jong Hyuk က “ကၽြန္ေတာ္ ဓာတ္ပုံ႐ုိက္တဲ့အခါတုိင္း၊ ကၽြန္ေတာ့္ကုိ ဓာတ္ပုံေတြ ႐ုိက္ၾကတဲ့အခါတုိင္း ကၽြန္ေတာ္ႏွလုံးခုန္ေလ့ရွိၿပီး ေပါက္ကဲြထြက္မလားေတာင္ ထင္ရပါတယ္။ အဲဒီလုိ ျဖစ္တဲ့အခါတုိင္းမွာ ကၽြန္ေတာ့္အေနနဲ႔ ကုိယ့္ကုိယ္ကုိ ငါက GD၊ ငါက GD ပဲ ေျပာေလ့ရွိပါတယ္”လုိ႔ ေျပာဆုိခဲ့ပါတယ္။

Source: AKP

You cannot copy content of this page