– – – ပွဲထွက်မယ်လို့ ကြေညာပြီးကတည်းက အခုအချိန်ထိ ဝေဖန်မှုတွေ၊ အမုန်းမှတ်ချက်မှတ်ချက်တွေကြောင့် အတော်လေးခံစားရတဲ့ aespa အဖွဲ့ဝင်အကြောင်း ပုံကို နှိပ်ပြီးဖတ်ပါ။
aespa အဖွဲ့ဝင်ခေါင်းဆောင် Karina က သူတို့အဖွဲ့အနေနဲ့ ပွဲထွက်ခါစက ဝေဖန်မှုတွေ၊ အင်တာနက် အသုံးပြုသူတွေရဲ့ အမုန်းစကားတွေကြောင့် အတော်လေးကို ခံစားရခဲ့တယ်လို့ အင်တာဗျူးတစ်ခုမှာ လူသိရှင်ကြား ဝန်ခံခဲ့ပါတယ်။
aespa အဖွဲ့စတင် မိတ်ဆက်ချိန်မှာ အထူးသဖြင့် Karina ဟာ အရင်တုန်းက BTS, EXO စတဲ့ အဖွဲ့တွေကို ဝေဖန်ဖူးတယ်ဆိုပြီး အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ကာ ဝေဖန်မှုတွေ ပိုမိုရင်ဆိုင်ခဲ့ရပြီး တခြား K-Pop ပရိသတ်တွေရဲ့ တိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရတာပါ။
Karina က “ကျွန်မတို့အဖွဲ့ ပွဲထွက်မယ်လို့ ကြေညာတော့ အဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တာပါ။ ကျွန်မတို့အနေနဲ့ hate comments တွေ များစွာ ရရှိခဲ့ပါတယ်။ လူအများစုက ကျွန်မတို့ ပွဲထွက်မယ့်အပေါ် မကောင်းပြောခဲ့ကြတာပါ။
အေဂျင်စီက အမျိုးသမီးအဖွဲ့တွေ နှစ်ပေါင်းများစွာ ကြာပြီးနောက်မှ ကျွန်မတို့ကို ပွဲထုတ်ခဲ့တာဆိုတော့ ဝေဖန်မှုတွေ များခဲ့တာပါ။ အဲဒီအမုန်းစကားတွေကြောင့် ကျွန်မတို့ တော်တော်ခက်ခဲခဲ့ပါတယ်။ အခုအချိန်မှာ ကျွန်မတို့ ချစ်ခင်အားပေးတဲ့ ပရိသတ်တွေ ရှိနေပေမဲ့ ပွဲထွက်စတုန်းကတော့ တကယ်မလွယ်ခဲ့ပါဘူး”လု့ိ ဆိုခဲ့တာပါ။
Source: SBS
-Zawgyi
■ Hate Comment ေတြေၾကာင့္ က်ဳိးေၾကခဲ့ရတယ္လုိ႔ ၀န္ခံလုိက္တဲ့ aespa အဖဲြ႕၀င္
– – – ပဲြထြက္မယ္လုိ႔ ေၾကညာၿပီးကတည္းက အခုအခ်ိန္ထိ ေ၀ဖန္မႈေတြ၊ အမုန္းမွတ္ခ်က္မွတ္ခ်က္ေတြေၾကာင့္ အေတာ္ေလးခံစားရတဲ့ aespa အဖဲြ႕၀င္အေၾကာင္း ပုံကုိ ႏွိပ္ၿပီးဖတ္ပါ။
aespa အဖဲြ႕၀င္ေခါင္းေဆာင္ Karina က သူတုိ႔အဖဲြ႕အေနနဲ႔ ပဲြထြက္ခါစက ေ၀ဖန္မႈေတြ၊ အင္တာနက္ အသုံးျပဳသူေတြရဲ႕ အမုန္းစကားေတြေၾကာင့္ အေတာ္ေလးကုိ ခံစားရခဲ့တယ္လုိ႔ အင္တာဗ်ဴးတစ္ခုမွာ လူသိရွင္ၾကား ၀န္ခံခဲ့ပါတယ္။
aespa အဖဲြ႕စတင္ မိတ္ဆက္ခ်ိန္မွာ အထူးသျဖင့္ Karina ဟာ အရင္တုန္းက BTS, EXO စတဲ့ အဖဲြ႕ေတြကုိ ေ၀ဖန္ဖူးတယ္ဆုိၿပီး အြန္လုိင္းမွာ ပ်ံ႕ႏွံ႔ခဲ့ကာ ေ၀ဖန္မႈေတြ ပုိမုိရင္ဆုိင္ခဲ့ရၿပီး တျခား K-Pop ပရိသတ္ေတြရဲ႕ တုိက္ခုိက္ျခင္းကုိလည္း ခံခဲ့ရတာပါ။
Karina က “ကၽြန္မတုိ႔အဖဲြ႕ ပဲြထြက္မယ္လုိ႔ ေၾကညာေတာ့ အဖဲြ႕၀င္ေတြရဲ႕ ဓာတ္ပုံေတြဟာ အြန္လုိင္းမွာ ပ်ံ႕ႏွံ႔ခဲ့တာပါ။ ကၽြန္မတုိ႔အေနနဲ႔ hate comments ေတြ မ်ားစြာ ရရွိခဲ့ပါတယ္။ လူအမ်ားစုက ကၽြန္မတုိ႔ ပဲြထြက္မယ့္အေပၚ မေကာင္းေျပာခဲ့ၾကတာပါ။
ေအဂ်င္စီက အမ်ဳိးသမီးအဖဲြ႕ေတြ ႏွစ္ေပါင္းမ်ားစြာ ၾကာၿပီးေနာက္မွ ကၽြန္မတုိ႔ကုိ ပဲြထုတ္ခဲ့တာဆုိေတာ့ ေ၀ဖန္မႈေတြ မ်ားခဲ့တာပါ။ အဲဒီအမုန္းစကားေတြေၾကာင့္ ကၽြန္မတုိ႔ ေတာ္ေတာ္ခက္ခဲခဲ့ပါတယ္။ အခုအခ်ိန္မွာ ကၽြန္မတုိ႔ ခ်စ္ခင္အားေပးတဲ့ ပရိသတ္ေတြ ရွိေနေပမဲ့ ပဲြထြက္စတုန္းကေတာ့ တကယ္မလြယ္ခဲ့ပါဘူး”လု႔ိ ဆုိခဲ့တာပါ။
Source: SBS