K pop

■ NMIXX အချောလေးနဲ့ NewJeans အချောလေးတို့က အတန်းဖော်တွေပါပဲ

– – – စတုတ္ထမျိုးဆက်ရဲ့ Visual Member တွေဟာ ဘယ်လိုဖြစ်ပြီး အတန်းဖော်ဖြစ်နေသလဲ ဆိုတဲ့ အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

NMIXX အဖွဲ့ရဲ့ Visual အဖြစ် သတ်မှတ်ခံရတဲ့ Sullyoon နဲ့ NewJeans အဖွဲ့ရဲ့ Visual အဖြစ် သတ်မှတ်ခံရတဲ့ Minji တို့ဟာ အထက်တန်းကျောင်းတုန်းက တစ်ခန်းတည်းတက်ကြတဲ့ အတန်းဖော်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ကိုရီယားအွန်လိုင်းကွန်မြူနတီမှာ Sullyoon နဲ့ Minji တို့ အတန်းဖော်ဖြစ်တယ်ဆိုတဲ့ ပို့စ်တစ်ခုဟာ ရေပန်းစားနေတာပါ။ သူတို့နှစ်ယောက်စလုံးဟာ Hanlim Arts High School ကျောင်းမှာ ဖျော်ဖြေမှုကို အဓိကနဲ့ တက်ရောက်ခဲ့တာပါ။

Sullyoon နဲ့ Minji တို့ နှစ်ယောက်စလုံးဟာ ၂၀၀၄ ခုနှစ်မှာ မွေးဖွားသူတွေဖြစ်ပြီး လက်ရှိ K-Pop စတုတ္ထမျိုးဆက်မှာ NMIXX နဲ့ NewJeans တို့ နှစ်ဖွဲ့စလုံးဟာ တောက်ပလာမယ့်ကြယ်ပွင့်တွေအဖြစ် သတ်မှတ်ခံထားရတာပါ။

ကိုရီးယား Netizen တွေကတော့ သူတို့နှစ်ယောက်နဲ့ သာ တစ်တန်းတည်း အတူတက်ခဲ့ရမယ်ဆိုရင် ဘယ်တော့မှာ ကျောင်းပြေးမှာ မဟုတ်ကြောင်းနဲ့ တစ်ချိန်လုံး သူတို့နှစ်ယောက်ကိုပဲ ထိုင်ကြည့်နေလိမ့်မယ်ဆိုပြီး မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

Source: SBS

 

-Zawgyi







Source: SBS

You cannot copy content of this page