– – – Still Life ထုတ်ပြီးနောက်မှာ လူမြင်ကွင်းမထွက်ဘဲ ဘဝကို သက်သောင့်သက်သာ ဖြတ်သန်းနေတဲ့ BIGBANG အဖွဲ့ဝင် Daesung ရဲ့ လက်ရှိဘဝဖြတ်သန်းမှုအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
Kings of K-Pop လို့ သတ်မှတ်ကြတဲ့ BIGBANG အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Daesung ဟာ (၃) မိနစ်စာလောက်တဲ့ YouTube video နဲ့အတူ လတ်တလော ဖြတ်သန်းနေတဲ့ သူ့ရဲ့ဘဝကို ပရိသတ်တွေအတွက် ချပြခဲ့တာ ဖြစ်ပါတယ်။
Daesung က “ဒီနေ့တွေမှာတော့ ကျွန်တော် ကောင်းကောင်းအနားယူနေပါတယ်။ ဘာကိုမှ မတွေးဘဲ ကျွန်တော် အနားယူချင်နေခဲ့တာပါ။ ဒါကြောင့် အခုလောလောဆယ်မှာတော့ ဘာကိုမှ မတွေးဘဲ တကယ်ကို ကျွန်တော် အနားယူနေတာပါ”လို့ ဆိုပါတယ်။
အဲဒီမှာ ပရိသတ်တစ်ယောက်က Daesung ကို ဘဝဆိုတာ မင်းအတွက် ဘယ်လို အဓိပ္ပာယ်လို့ မေးမြန်းခဲ့ပါတယ်။ အဲဒီမေးခွန်းကိုတော့ Daesung က “ဘဝဆိုတာက ဘာ၊ ဘဝဆိုတာ ဘယ်လိုဆိုတာကို ကျွန်တော် သိသလိုလိုတော့ ခံစားရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော် မသိပြန်ဘူး။ ကျွန်တော် ဘဝအကြောင်း လေ့လာနေပါတယ်။ ကိုယ့်ဘဝကို ဖန်တီးဖို့ပေါ့
ဘဝဆိုတာ ခရီးသွားတာနဲ့တူတယ် ထင်တယ်။ တစ်နေ့ မင်း ဒီမှာ ရှိနေပေမဲ့ နောက်တစ်နေ့မှာ တခြား နေရာတစ်ခု ရောက်နေတာမျိုး။ မင်း တစ်နေရာမှာ နေသားကျပေမဲ့ သိပ်မကြာခင်မှာပဲ တခြားနေရာကို ပြောင်းလိုက်ရတာမျိုး။ ကျွန်တော်ကတော့ အဲဒီလိုနေချင်နေတယ်။ မသိသေးတာတွေကို လေ့လာချင်တယ်”လို့ ဆိုပါတယ်။
ဒါ့ပြင် Daesung က သူ့အနေနဲ့ အနားယူချိန်မှာ ဗီဒီယိုရိုက်တာတွေလည်း မရှိကြောင်း၊ လက်ရှိမှာ သူ့အနေနဲ့ လွတ်လပ်မှုအပြည့်နဲ့ စီးဆင်းနေကြောင်း၊ လွတ်လပ်မှု အရသာကို ခံစားရတာ အရမ်းကောင်းကြောင်းလည်း ပြောကြားခဲ့တာပါ။
Source: SBS
-Zawgyi
■ ဘ၀ဆိုတာ မင်းအတွက်ဘာလဲဆိုတဲ့ မေးခွန်းကို ဖြေပြီး သူ့ရဲ့လက်ရှိဘ၀ကို ချပြခဲ့တဲ့ Daesung
Source: SBS