K pop

■ SM နဲ့ လမ်းခွဲခဲ့တဲ့ SNSD အဖွဲ့ဝင်တွေအပေါ် Lee Soo Man ရဲ့ နွေးထွေးမှု

– – – SM တည်ထောင်သူ Lee Soo Man နဲ့ SM က ထွက်ခွာသွားတဲ့ SNSD အဖွဲ့ဝင်တွေရဲ့ ဖက်လှဲတကင်းနဲ့ နွေးထွေးမှုအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

SM Entertainment ဟာ သြဂုတ်လလယ်ပိုင်းက Suwon World Cup Stadium မှာ အေဂျင်စီရဲ့ artists တွေအတွက် ‘SMTOWN LIVE 2022: SMCU EXPRESS’ concert ကို ကျင်းပခဲ့ပြီး ၅ နှစ်အကြာမှာ ကျင်းပတဲ့ ပွဲဖြစ်ပြီး SM အနုပညာရှင်တွေအားလုံးနီးပါး ပါဝင်ဖျော်ဖြေခဲ့ကြတာပါ။

အဲဒီပွဲမှာ SM Entertainment နဲ့ လမ်းခွဲထားပေမဲ့ SNSD ခေါ် Girls’ Generation အဖွဲ့နဲ့ လမ်းခွဲခြင်းမရှိဘဲ Album သစ် ထုတ်ဝေခဲ့တဲ့ SNSD အဖွဲ့ဝင် Tiffany, Sooyoung နဲ့ Seohyun တို့လည်း ပါဝင်ဖျော်ဖြေခဲ့ပြီး အဲဒီပွဲကို တက်ရောက်အားပေးခဲ့တာပါ။

၂၀၁၇ မှာ SM Entertainment နဲ့ လမ်းခွဲခဲ့တဲ့ Tiffany, Sooyoung နဲ့ Seohyun တို့ဟာ Girls’ Generation အဖွဲ့နဲ့အတူ အဲဒီပွဲမှာ ‘FOREVER 1’ နဲ့ hit track ‘PARTY’ တို့ိကို ဖျော်ဖြေခဲ့ပြီး ပွဲအပြီးမှာ Lee Soo Man မှာ သူတို့နဲ့ လမ်းခွဲထားတဲ့ Tiffany, Sooyoung နဲ့ Seohyun တို့ကို ပြုံးပြီး ဖက်ကာနှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

Tiffany, Sooyoung နဲ့ Seohyun တို့ကလည်း Lee Soo Man ကို အပြုံးနဲ့ ဖက်လဲှတကင်း နှုတ်ဆက်ခဲ့ပြီး သူတို့အကြားက ရင်းနှီးတဲ့ ဆက်ဆံရေးကို ပြသခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးခြင်းကို ခံခဲ့ရတာပါ။

Source: SBS

 

-Zawgyi

■ SM နဲ႔ လမ္းခဲြခဲ့တဲ့ SNSD အဖဲြ႕၀င္ေတြအေပၚ Lee Soo Man ရဲ႕ ေႏြးေထြးမႈ

– – – SM တည္ေထာင္သူ Lee Soo Man နဲ႔ SM က ထြက္ခြာသြားတဲ့ SNSD အဖဲြ႕၀င္ေတြရဲ႕ ဖက္လွဲတကင္းနဲ႔ ေႏြးေထြးမႈအေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

SM Entertainment ဟာ ၾသဂုတ္လလယ္ပုိင္းက Suwon World Cup Stadium မွာ ေအဂ်င္စီရဲ႕ artists ေတြအတြက္ ‘SMTOWN LIVE 2022: SMCU EXPRESS’ concert ကုိ က်င္းပခဲ့ၿပီး ၅ ႏွစ္အၾကာမွာ က်င္းပတဲ့ ပြဲျဖစ္ၿပီး SM အႏုပညာရွင္ေတြအားလုံးနီးပါး ပါ၀င္ေဖ်ာ္ေျဖခဲ့ၾကတာပါ။

အဲဒီပဲြမွာ SM Entertainment နဲ႔ လမ္းခဲြထားေပမဲ့ SNSD ေခၚ Girls’ Generation အဖဲြ႕နဲ႔ လမ္းခဲြျခင္းမရွိဘဲ Album သစ္ ထုတ္ေ၀ခဲ့တဲ့ SNSD အဖဲြ႕၀င္ Tiffany, Sooyoung နဲ႔ Seohyun တုိ႔လည္း ပါ၀င္ေဖ်ာ္ေျဖခဲ့ၿပီး အဲဒီပဲြကုိ တက္ေရာက္အားေပးခဲ့တာပါ။

၂၀၁၇ မွာ SM Entertainment နဲ႔ လမ္းခဲြခဲ့တဲ့ Tiffany, Sooyoung နဲ႔ Seohyun တုိ႔ဟာ Girls’ Generation အဖဲြ႕နဲ႔အတူ အဲဒီပဲြမွာ ‘FOREVER 1’ နဲ႔ hit track ‘PARTY’ တုိ႔ိကုိ ေဖ်ာ္ေျဖခဲ့ၿပီး ပဲြအၿပီးမွာ Lee Soo Man မွာ သူတုိ႔နဲ႔ လမ္းခဲြထားတဲ့ Tiffany, Sooyoung နဲ႔ Seohyun တုိ႔ကို ၿပံဳးၿပီး ဖက္ကာႏႈတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။

Tiffany, Sooyoung နဲ႔ Seohyun တုိ႔ကလည္း Lee Soo Man ကုိ အၿပံဳးနဲ႔ ဖက္လဲွတကင္း ႏႈတ္ဆက္ခဲ့ၿပီး သူတုိ႔အၾကားက ရင္းႏွီးတဲ့ ဆက္ဆံေရးကုိ ျပသခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးျခင္းကုိ ခံခဲ့ရတာပါ။

Source: SBS

You cannot copy content of this page