K pop
■ ခေတ်ရှေ့ကို ဆယ်စုနှစ်တစ်ခုစာလောက် ကြိုပြေးနေသလား G-Dragon
– – – G-Dragon လို့ ပြောလိုက်မယ်ဆိုရင် King of K-Pop၊ ဖက်ရှင် Icon၊ K-Pop ရဲ့ Trend တွေကို ပြောင်းလဲခဲ့သူ၊ တီထွင်နိုင်ဆုံးလူသားအဖြစ် မြင်ကြပါလိမ့်မယ်။ တကယ်တော့ G-Dragon ကို ခေတ်ရှေ့ကို ဘယ်လိုတောင် ကြိုမြင်ခဲ့တယ်ဆိုတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
Finger heart
Finger heart က ကိုရီးယားမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်လောက်စပြီး ကျော်ကြားခဲ့ပြီး ဒီနေ့တိုင် ခေတ်စားနေတာပါ။ တကယ်တော့ အဲဒီ Finger heart ဟာ G-Dragon ကလေးဘဝမှာ စတင်ပြီး တီထွင်ခဲ့တဲ့ အရာ ဖြစ်ပါတယ်။ Finger heart က ချစ်ခြင်းကို ဆိုလိုတာပါ။
Gyaru peace
၂၀၂၁ ခုနှစ်မှာ Gyaru peace ဆိုတဲ့ Sign လေးက K-Pop မှာ ထင်ရှားခဲ့ပါတယ်။ Idol တော်တော်များများအကြား ခေတ်ထခဲ့ပါတယ်။ Gyaru peace ကို အယူအဆဓလေ့မတူသူတွေအကြား ငြိမ်းချမ်းရေးကို ရည်ညွှန်းပြီး အဲဒီ Sign ကို G-Dragon က ၂၀၁၃ လောက်ကတည်းက အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
Lip piercing
Lip piercing က K-Pop နဲ့ ကိုရီယားမှာ ၂၀၁၉၊ ၂၀၂၀ ပြည့်နှစ်လောက်ကမှ တွင်တွင်ကျယ်ကျယ်နဲ့ ခေတ်စားလာပြီး နောက်ပိုင်း Music Video တွေ တော်တော်များများ မြင်တွေ့နေရပေမဲ့ ဒါဟာ G-Dragon အတွက် အဆန်းမဟုတ်ပါဘူး။ သူက ၂၀၁၂ ကတည်းက အဲဒီ Lip piercing ကို အသုံးပြုခဲ့လို့ပါ။
Ending Fairy
၂၀၂၁ ခုနှစ်ကတည်းက K-pop industry မှာ အဖွဲ့တွေ၊ တစ်ကိုယ်တော်အဆိုတော်တွေ ဖျော်ဖြေမှုအပြီးမှာ စာရွက်မှာ သူတို့ ပေးချင်တဲ့ မက်ဆေ့ချ်တွေကို စာရွက်ပေါ် ဘုတ်အပေါ် ရေးပြတဲ့ Cultre ခေတ်စားခဲ့ပါတယ်။ ဒါကို Ending Fairy လို့ ခေါ်ပြီး G-Dragon ကတော့ အဲဒါကိုလည်း နှစ်ပေါင်းများစွာကတည်းက စလုပ်ခဲ့တာ ဖြစ်ပါတယ်။
K-Pop အတွက် Lightstick က အစပြုပြီး ဂီတရေစီးကြောင်းကို ပြောင်းလဲစေတဲ့ G-Dragon လုပ်ပေးခဲ့၊ ဖန်တီးခဲ့တဲ့ ပထမဆုံးအရာတွေကလည်း မနည်းပါဘူး။ ဒါတွေကြောင့် သူ့ကို King of K-Pop လို့ ခေါ်တာဖြစ်ပြီး ဒီနေ့ခေတ်စားနေတဲ့ လေဆိပ်ဖက်ရှင်ဆိုတာလည်း G-Dragon လေဆိပ်ဆင်းတာကို လူတွေ စောင့်ကြည့်ရင်းက ဖြစ်လာခဲ့တာပါ။
Source: SBS
-Zawgyi
Finger heart
Gyaru peace
Lip piercing
Ending Fairy
Source: SBS
You cannot copy content of this page