K pop

■ တူလေးနဲ့ အချိန်တွေကို ပျော်ရွှင်စွာကုန်ဆုံးနေတဲ့ King of K-Pop

– – – အစ်မဖြစ်သူရဲ့ သားလေးနဲ့ G-Dragon တို့ရဲ့ ပျော်စရာ ချော့မြူမှုတွေကို ပုံနှိပ်ဖတ်ပါ။

King of K-Pop လို့ တင်စားခံရတဲ့ G-Dragon ဟာ သူ့ရဲ့ Instagram မှာ တူဖြစ်သူနဲ့ ပျော်စရာ အချိန်တွေ ဖြတ်သန်းနေတဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေခဲ့တာ ဖြစ်ပါတယ်။

G-Dragon တင်ခဲ့တဲ့ ဗီဒီယိုဖိုင်အတိုလေးမှာ သူဟာ သူ့အစ်မရဲ့ သားဖြစ်တဲ့ တူဖြစ်သူ Yi-deun ကို လေပေါ်မြှောက်ကာ ချောမြူနေတာကို မြင်တွေ့ရမှာ ဖြစ်ပြီး ကလေးကလည်း ဦးလေးရဲ့ ချော့မြူမှုကို သဘောကျနေတာ တွေ့ရပါတယ်။

ဗီဒီယိုမှာ မပါဝင်တဲ့ G-Dragon ရဲ့ အစ်မဖြစ်သူ Kwon Da-mi က သူ့သားလေးကို “Yi-deum ရေ … သား ပျော်နေတာလား”လို့ မေးမြန်းတာကိုလည်း ကြားခဲ့ရမှာပါ။ G-Dragon အနေနဲ့ မိသားစုနဲ့အတူ ပျော်စရာအချိန်တွေကို ဖြတ်သန်းနေပုံပါပဲ။

အစ်မဖြစ်သူရဲ့ သားလေးနဲ့ G-Dragon တို့ရဲ့ ပျော်စရာ ချော့မြူနေတဲ့ ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Source: SBS

 

-Zawgyi







Source: SBS

You cannot copy content of this page