K pop

■ aespa နဲ့ ပတ်သက်ပြီး သူတို့ရဲ့အမြင်ကို ပြောပြခဲ့တဲ့ Girls’ Generation

– – – aespa အဖွဲ့အတွက်သာမက ဂျူနီယာအမျိုးသမီးအဖွဲ့တွေနဲ့ ပတ်သက်လို့ Girls’ Generation အဖွဲ့ဝင်တွေအမြင်၊ အကြံပေးချက်တွေအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

Girls’ Generation အဖွဲ့ဝင်တွေဟာ RollingStone မဂ္ဂဇင်းနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ပြီး အဲဒီအင်တာဗျူးမှာ လတ်တလော သူတို့ရဲ့ အာရုံစိုက်စိတ်ဝင်စားနေတဲ့ ဂျူနီယာအမျိုးသမီး K-Pop အဖွဲ့တွေအကြောင်းကိုလည်း ပြောကြားခဲ့တာပါ။

Sunny က “ငယ်ရွယ်တဲ့ အမျိုးသမီးအဖွဲ့တွေကို တွေ့တိုင်း သူတို့အတွက် ကျွန်မ ဂုဏ်ယူတယ်လို့ ခံစားရပါတယ်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ သူတို့အတွက် ကျွန်မအနေနဲ့ တစ်ခုခုများ ကူညီပေးနိုင်တာ ရှိမလားဆိုပြိးလည်း တွေးမိပါတယ်။

ကျွန်မအနေနဲ့ ငယ်ရွယ်တဲ့ ကလေးမလေးတွေအတွက် ဆရာကြီးပုံစံမျိုး မဖြစ်ချင်ဘူး။ ဒါကြောင့် သူတို့ကို ကျွန်မဘက် ချဉ်းကပ်လေ့မရှိပါဘူး။ ဒါပေမဲ့ သူတို့ကို ကူညီဖို့ အမြဲအသင့်ရှိနေတယ်ဆိုတာကိုတော့ အငယ်လေးတွေကို သိစေချင်ပါတယ်။ ဒီတော့ အကူအညီလိုတာမျိုး ရှိရင် တုံ့ဆိုင်းမနေဘဲ အစ်မတို့ဆီ လာခဲ့ပါ”လို့ ဆိုပါတယ်။

Hyoyeon ကတော့ “ကျွန်မအနေနဲ့ GOT the beat အဖွဲ့မှာ aespa အဖွဲ့ဝင်တွေဖြစ်တဲ့ Karina, Winter တို့နဲ့ လက်တွဲပြီး အလုပ်လုပ်ခွင့်ရတယ်။ ဒီတော့ သူတို့ကို ကျွန်မ စောင့်ကြည့်ဖြစ်ပါတယ်။ သူတို့အနေနဲ့ နိုင်ငံခြားမှာ ပရိုမိုးရှင်းတွေ လုပ်ခွင့်ရတာ အရမ်းကောင်းပါတယ်”လို့ ဆိုပါတယ်။

Tiffany က “ကျွန်မလည်း ခုတလော aespa အဖွဲ့ကို စောင့်ကြည့်ဖြစ်တယ်။ သူတို့ကို စောင့်ကြည့်ရတာ ပျော်စရာကောင်းပါတယ်။ သူတို့ရဲ့ သီချင်းသစ် ထုတ်လုပ်မှုတွေ၊ ဗီဒီယိုထုတ်လုပ်မှုတွေက လေ့လာစရာ ရှိပါတယ်”လို့ ဆိုပါတယ်။

နောက်ဆုံးအနေနဲ့ Taeyeon က “aespa အဖွဲ့ကို ကျွန်မ တကယ်နှစ်သက်ပါတယ်။ သူတိုရဲ့ ပရိုမိုးရှင်းတွေကိုလည်း အနီးကပ်စောင့်ကြည်ဖြစ်တယ်။ အဖွဲ့သစ်တွေကို မြင်တိုင်း ကျွန်မတို့ Girls’ Generation အဖွဲ့ပွဲထွက်တုန်းက ကာလတွေကို သတိရတယ်”လို့ ပြောပါတယ်။

Source: SBS

 

-Zawgyi

■ aespa နဲ႔ ပတ္သက္ၿပီး သူတုိ႔ရဲ႕အျမင္ကုိ ေျပာျပခဲ့တဲ့ Girls’ Generation

– – – aespa အဖဲြ႕အတြက္သာမက ဂ်ဴနီယာအမ်ဳိးသမီးအဖဲြ႕ေတြနဲ႔ ပတ္သက္လုိ႔ Girls’ Generation အဖဲြ႕၀င္ေတြအျမင္၊ အႀကံေပးခ်က္ေတြအေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

Girls’ Generation အဖဲြ႕၀င္ေတြဟာ RollingStone မဂၢဇင္းနဲ႔ အင္တာဗ်ဴး ျပဳလုပ္ခဲ့ၿပီး အဲဒီအင္တာဗ်ဴးမွာ လတ္တေလာ သူတုိ႔ရဲ႕ အာ႐ုံစုိက္စိတ္၀င္စားေနတဲ့ ဂ်ဴနီယာအမ်ဳိးသမီး K-Pop အဖဲြ႕ေတြအေၾကာင္းကုိလည္း ေျပာၾကားခဲ့တာပါ။

Sunny က “ငယ္ရြယ္တဲ့ အမ်ဳိးသမီးအဖဲြ႕ေတြကုိ ေတြ႕တုိင္း သူတုိ႔အတြက္ ကၽြန္မ ဂုဏ္ယူတယ္လုိ႔ ခံစားရပါတယ္။ ၿပီးေတာ့ တစ္ခ်ိန္တည္းမွာပဲ သူတုိ႔အတြက္ ကၽြန္မအေနနဲ႔ တစ္ခုခုမ်ား ကူညီေပးႏုိင္တာ ရွိမလားဆုိၿပိးလည္း ေတြးမိပါတယ္။

ကၽြန္မအေနနဲ႔ ငယ္ရြယ္တဲ့ ကေလးမေလးေတြအတြက္ ဆရာႀကီးပုံစံမ်ဳိး မျဖစ္ခ်င္ဘူး။ ဒါေၾကာင့္ သူတုိ႔ကုိ ကၽြန္မဘက္ ခ်ဥ္းကပ္ေလ့မရွိပါဘူး။ ဒါေပမဲ့ သူတုိ႔ကုိ ကူညီဖုိ႔ အၿမဲအသင့္ရွိေနတယ္ဆုိတာကုိေတာ့ အငယ္ေလးေတြကုိ သိေစခ်င္ပါတယ္။ ဒီေတာ့ အကူအညီလုိတာမ်ဳိး ရွိရင္ တုံ႔ဆုိင္းမေနဘဲ အစ္မတုိ႔ဆီ လာခဲ့ပါ”လုိ႔ ဆုိပါတယ္။

Hyoyeon ကေတာ့ “ကၽြန္မအေနနဲ႔ GOT the beat အဖဲြ႕မွာ aespa အဖဲြ႕၀င္ေတြျဖစ္တဲ့ Karina, Winter တုိ႔နဲ႔ လက္တဲြၿပီး အလုပ္လုပ္ခြင့္ရတယ္။ ဒီေတာ့ သူတုိ႔ကုိ ကၽြန္မ ေစာင့္ၾကည့္ျဖစ္ပါတယ္။ သူတုိ႔အေနနဲ႔ ႏုိင္ငံျခားမွာ ပ႐ုိမုိးရွင္းေတြ လုပ္ခြင့္ရတာ အရမ္းေကာင္းပါတယ္”လုိ႔ ဆုိပါတယ္။

Tiffany က “ကၽြန္မလည္း ခုတေလာ aespa အဖဲြ႕ကုိ ေစာင့္ၾကည့္ျဖစ္တယ္။ သူတုိ႔ကုိ ေစာင့္ၾကည့္ရတာ ေပ်ာ္စရာေကာင္းပါတယ္။ သူတုိ႔ရဲ႕ သီခ်င္းသစ္ ထုတ္လုပ္မႈေတြ၊ ဗီဒီယုိထုတ္လုပ္မႈေတြက ေလ့လာစရာ ရွိပါတယ္”လုိ႔ ဆုိပါတယ္။

ေနာက္ဆုံးအေနနဲ႔ Taeyeon က “aespa အဖဲြ႕ကုိ ကၽြန္မ တကယ္ႏွစ္သက္ပါတယ္။ သူတုိရဲ႕ ပ႐ုိမုိးရွင္းေတြကုိလည္း အနီးကပ္ေစာင့္ၾကည္ျဖစ္တယ္။ အဖဲြ႕သစ္ေတြကုိ ျမင္တုိင္း ကၽြန္မတုိ႔ Girls’ Generation အဖဲြ႕ပဲြထြက္တုန္းက ကာလေတြကုိ သတိရတယ္”လုိ႔ ေျပာပါတယ္။

Source: SBS

You cannot copy content of this page