K pop

■ Black Ocean နဲ့ ရင်ဆိုင်ခဲ့ရတဲ့ EXO အဖွဲ့ဝင်

– – – စစ်မှုထမ်းပြီးနောက် ပထဆုံး Concert မှာပဲ Black Ocean နဲ့ ရင်ဆိုင်ခဲ့ရတဲ့ EXO အဖွဲ့ဝင်အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

SM Entertainment ဟာ သြဂုတ်လလယ်ပိုင်းက Suwon World Cup Stadium မှာ အေဂျင်စီရဲ့ artists တွေအတွက် ‘SMTOWN LIVE 2022: SMCU EXPRESS’ concert ကို ကျင်းပခဲ့ပြီး အဲဒီပွဲမှာ EXO အဖွဲ့ဝင်တွေလည်း ပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။

အဲဒီ concert ပွဲအလယ်လောက်မှာ EXO အဖွဲ့ဝင် Chen က တစ်ကိုယ်တော်အဖြစ် ဝင်ရောက်ဖျော်ဖြေခဲ့ရာမှာတော့ ပရိသတ်အများစုဟာ Lightstick မီးတွေကို ပိတ်ထားခဲ့တာကြောင့် မှောင်နေခဲ့ပြီး Black Ocean လို ဖြစ်ခဲ့ရတာပါ။

Chen ဖျော်ဖြေပြီးနောက် တခြား EXO အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ D.O. တစ်ကိုယ်တော် ဖျော်ဖြေရာမှာတော့ ပရိသတ်တွေဟာ Lightstick မီးတွေကို ပြန်ဖွင့်ခဲ့ကြပြီး concert အပြီးမှာတော့ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အွန်လိုင်းမှာ ပြောစရာတွေ ဖြစ်ခဲ့တာပါ။

Netizens တွေက “ရိုးသားစွာ ဝန်ခံရမယ်ဆိုရင်တော့ ပွဲထဲက ပရိသတ်တွေရဲ့ ခံစားချက်ကို နားလည်ပါတယ်။”, “ကိုယ်လည်း အဲဒီ Concert ထဲ ရောက်နေမယ်ဆိုရင် အဲဒီလိုပဲ လုပ်မိမှာ”, “ဒီကိစ္စကတော့ လွန်တာပေါ့။ ရင့်ကျက်ဖို့ လိုပြီး”, “ဒီခေတ်မှာ ဒါမျိုးတွေ ရှိသေးတာလား”စတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Chen ဟာ ၂၀၂၀ ဇန်နဝါရီမှာ သူ့ချစ်သူ ကောင်မလေးနဲ့ လက်ထပ်ခဲ့ပြီး အဲဒီနောက် သိပ်မကြာခင်မှာ ကလေးတစ်ဦး မွေးဖွားခဲ့သလို၊ သူ စစ်မှုထမ်းနေစဉ်မှာလည်း ကလေးတစ်ဦး ထပ်မံမွေးဖွားခဲ့တာကြောင့် လက်ရှိမှာ Chen ဟာ ကလေးနှစ်ဦးအဖေဖြစ်နေပြီး ဒါကို ပရိသတ်အချို့က အခဲမကျေ ဖြစ်နေကြတာပါ။

Source: SBS News

 

-Zawgyi

■ Black Ocean နဲ႔ ရင္ဆုိင္ခဲ့ရတဲ့ EXO အဖဲြ႕၀င္

– – – စစ္မႈထမ္းၿပီးေနာက္ ပထဆုံး Concert မွာပဲ Black Ocean နဲ႔ ရင္ဆုိင္ခဲ့ရတဲ့ EXO အဖဲြ႕၀င္အေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

SM Entertainment ဟာ ၾသဂုတ္လလယ္ပုိင္းက Suwon World Cup Stadium မွာ ေအဂ်င္စီရဲ႕ artists ေတြအတြက္ ‘SMTOWN LIVE 2022: SMCU EXPRESS’ concert ကုိ က်င္းပခဲ့ၿပီး အဲဒီပဲြမွာ EXO အဖဲြ႕၀င္ေတြလည္း ပါ၀င္ေဖ်ာ္ေျဖခဲ့ၾကပါတယ္။

အဲဒီ concert ပဲြအလယ္ေလာက္မွာ EXO အဖဲြ႕၀င္ Chen က တစ္ကုိယ္ေတာ္အျဖစ္ ၀င္ေရာက္ေဖ်ာ္ေျဖခဲ့ရာမွာေတာ့ ပရိသတ္အမ်ားစုဟာ Lightstick မီးေတြကုိ ပိတ္ထားခဲ့တာေၾကာင့္ ေမွာင္ေနခဲ့ၿပီး Black Ocean လုိ ျဖစ္ခဲ့ရတာပါ။

Chen ေဖ်ာ္ေျဖၿပီးေနာက္ တျခား EXO အဖဲြ႕၀င္တစ္ဦးျဖစ္တဲ့ D.O. တစ္ကုိယ္ေတာ္ ေဖ်ာ္ေျဖရာမွာေတာ့ ပရိသတ္ေတြဟာ Lightstick မီးေတြကုိ ျပန္ဖြင့္ခဲ့ၾကၿပီး concert အၿပီးမွာေတာ့ အဲဒီျဖစ္ရပ္နဲ႔ ပတ္သက္လုိ႔ အြန္လုိင္းမွာ ေျပာစရာေတြ ျဖစ္ခဲ့တာပါ။

Netizens ေတြက “႐ုိးသားစြာ ၀န္ခံရမယ္ဆုိရင္ေတာ့ ပဲြထဲက ပရိသတ္ေတြရဲ႕ ခံစားခ်က္ကုိ နားလည္ပါတယ္။”, “ကုိယ္လည္း အဲဒီ Concert ထဲ ေရာက္ေနမယ္ဆုိရင္ အဲဒီလုိပဲ လုပ္မိမွာ”, “ဒီကိစၥကေတာ့ လြန္တာေပါ့။ ရင့္က်က္ဖုိ႔ လုိၿပီး”, “ဒီေခတ္မွာ ဒါမ်ဳိးေတြ ရွိေသးတာလား”စတဲ့ မွတ္ခ်က္ေတြ ေရးသားခဲ့ၾကပါတယ္။

Chen ဟာ ၂၀၂၀ ဇန္န၀ါရီမွာ သူ႕ခ်စ္သူ ေကာင္မေလးနဲ႔ လက္ထပ္ခဲ့ၿပီး အဲဒီေနာက္ သိပ္မၾကာခင္မွာ ကေလးတစ္ဦး ေမြးဖြားခဲ့သလုိ၊ သူ စစ္မႈထမ္းေနစဥ္မွာလည္း ကေလးတစ္ဦး ထပ္မံေမြးဖြားခဲ့တာေၾကာင့္ လက္ရွိမွာ Chen ဟာ ကေလးႏွစ္ဦးအေဖျဖစ္ေနၿပီး ဒါကုိ ပရိသတ္အခ်ဳိ႕က အခဲမေက် ျဖစ္ေနၾကတာပါ။

Source: SBS News

You cannot copy content of this page