K pop

■ BTS V နဲ့ BLACKPINK Jennie တို့ရဲ့ နောက်ဆုံးပေါ် ဓာတ်ပုံအပေါ် K-Netizens ဘယ်လိုမြင်လဲ

– – – အွန်လိုင်းမှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတစ်ပုံကြောင့် BTS V နဲ့ BLACKPINK Jennie တို့ရဲ့ dating rumor တစ်စခန်းပြန်ထလာတဲ့အပေါ် ကိုရီယားတွေ ဘယ်လိုမြင်တယ်ဆိုတဲ့အကြောင်း ပုံကိုနှိပ်ဖတ်ပါ။

သြဂုတ် ၂၃ ရက်ညက ကိုရီယားအွန်လိုင်းကွန်မြူနတီမှာ BTS V နဲ့ BLACKPINK Jennie တို့ရဲ့ backstage က ဓာတ်ပုံဆိုပြီး အွန်လိုင်းမှာ ပျံ့နှံ့လာပြီးနောက်မှာတော့ သူတို့ရဲ့ Dating ကောလာလဟသတင်းတွေ တစ်စခန်း ပြန်ထလာခဲ့ပါတယ်။

ဓာတ်ပုံထဲမှာ BTS V က မှန်တင်ခုံရှေ့မှာ အလှပြင်နေပြီး BLACKPINK Jennie ကတော့ နောက်မှာ မတ်တပ်ရပ်ကာ Mirror Selfie ဆွဲဖို့ ပြင်နေတာကို တွေ့ရမှာပါ။

အဲဒီဓာတ်ပုံ အွန်လိုင်းတွေမှာ ပျံ့နှံ့လာပြီးနောက်မှာတော့ ကိုရီယား netizens တွေဟာ အတုလား၊ အစစ်လား ရှာဖွေခဲ့ကြပေမဲ့ အဲဒီဓတ်ပုံတွေကို တစ်ပုံချင်း ပြန်ရှာဖို့ ခက်တာကြောင့် Photoshop လား၊ အစစ်လား ဆိုတာကို မခွဲနိုင်အောင် ဖြစ်နေကြတယ်လို့ သိရပါတယ်။

K-Netizens က “စူပါစတားတွေ တွဲတာ တွဲပါစေ။ နင်တို့နဲ့ ဘာဆိုင်လို့တုန်း” “ဒို့တော့ ဘာမှ မပြောချင်ဘူး” “တွဲတွဲ၊ မတွဲတွဲ ဘယ်သူ ဂရုစိုက်လို့လဲ” “တွဲပါလေ့စေ” “သူတို့တွဲနေတာ လူတိုင်းသိတာပဲ။ ဘာထူးဆန်းလို့လဲ” စတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Source: Koreaboo

 

-zawgyi







Source: Koreaboo

You cannot copy content of this page