K pop

■ ပထမဆုံးနဲ့ တစ်ခုတည်းသော Female Artist အဖြစ် စံချိန်တင်လိုက်ပြန်တဲ့ BLACKPINK

– – – aespa, TWICE တို့အပါအဝင် အမျိုးသမီးအဖွဲ့တွေ အနားမကပ်နိုင်အောင် K-Pop စံချိန်သစ်ရေးခဲ့တဲ့ BLACKPINK အဖွဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

သြဂုတ် ၂၅ ရက်မှာတော့ YG Entertainment က BLACKPINK အဖွဲ့ရဲ့ ဒုတိယမြောက် studio album “BORN PINK” ဟာ stock pre-orders (၂) သန်းကျော်ခဲ့ပြီလို့ ကြေညာခဲ့ပြီးနောက် BLACKPINK အဖွဲ့ဟာ Female Artist တွေထဲမှာ အဲဒီလိုလုပ်နိုင်တဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော အဖွဲ့ ဖြစ်လာခဲ့ပါတယ်။

BLACKPINK အဖွဲ့ဟာ K-Pop သမိုင်းမှာ stock pre-orders (၁) သန်းကျော်တဲ့ ပထမဆုံး အမျိုးသမီးအဖွဲ့အဖြစ်လည်း သူတို့ရဲ့ ပထမဆုံး studio album ဖြစ်တဲ့ “THE ALBUM” နဲ့ ၂၀၂၀ ပြည့်နှစ်မှာ စံချိန်တင်ထားတာခဲ့တာ ဖြစ်ပါတယ်။

အခုတော့ K-Pop သမိုင်းမှာ stock pre-orders (၁) သန်းကျော်တဲ့ အမျိုးသမီးအဖွဲ့တွေအဖြစ် BLACKPINK နဲ့အတူ aespa နဲ့ TWICE တို့လည်း ပါဝင်လာပြီး အခုအချိန်မှာတော့ BLACKPINK အဖွဲ့က stock pre-orders (၂) သန်းကျော်တဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော Female Artist စံချိန်သစ် ရေးခဲ့တာပါ။

BLACKPINK အဖွဲ့ဟာ သြဂုတ်လ (၁၉) ရက်က pre-release single “Pink Venom” ကို ထုတ်ဝေခဲ့ပြီး သူတို့ရဲ့ ဒုတိယမြောက် studio album “BORN PINK” ကိုတော့ စက်တင်ဘာ (၁၆) ရက်နေ့မှာ ထုတ်ဝေမှာ ဖြစ်တာကြောင့် stock pre-orders ထပ်တိုးလာဖို့လည်း ရှိနေတာပါ။

Source: Soompi

You cannot copy content of this page