K pop

■ Stock Pre-Orders (၁) သန်းကျော်တဲ့ တတိယမြောက် အမျိုးသမီးအဖွဲ့ ဖြစ်လာတဲ့ TWICE

– – – TWICE အဖွဲ့ကတော့ Stock Pre-Orders (၁) သန်းကျော်တဲ့ တတိယမြောက် အမျိုးသမီးအဖွဲ့ ဖြစ်လာခဲ့ပြီး သူတို့အရင် အဲဒီစံချိန်ကို ပိုင်ဆိုင်ခဲ့တဲ့အဖွဲ့ (၂) ဖွဲ့အကြောင်းကို ပုံနှိပ်ဖတ်ပါ။

JYP Entertainment က TWICE အဖွဲ့ရဲ့ mini album “BETWEEN 1&2” ဟယ stock pre-orders (၁) သန်းကျော်ခဲ့ပြီလို့ သြဂုတ် ၂၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ TWICE အဖွဲ့အတွက်တော့ သူတို့အဖွဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အခု “BETWEEN 1&2” ဟယ stock pre-orders ဟာ ပြီးခဲ့တဲ့ ၂၀၂၁ က ထုတ်ဝေတဲ့ “Formula of Love: O+T=<3” (၇ သိန်း) ထက် (၃) သိန်း ပိုများခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် TWICE အဖွဲ့ဟာ BLACKPINK နဲ့ aespa အဖွဲ့တို့ပြီးနောက် stock pre-orders (၁) သန်းကျော်တဲ့ တတိယမြောက် အမျိုးသမီး K-Pop အဖွဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ BLACKPINK ရဲ့ “THE ALBUM” နဲ့ စက်တင်ဘာမှာ ထုတ်မယ့် “BORN PINK”၊ aespa ရဲ့ “Girls” တို့ဟာလည်း stock pre-orders (၁) သန်းကျော်ခဲ့တာပါ။

Source: Soompi

You cannot copy content of this page