– – – တချို့က အရွယ်ရောက်ပြီသူတွေဖြစ်လို့လို့ ဆိုပြီး ဖော်လွန်းတဲ့ ဝတ်စုံတွေကြောင့် TWICE အဖွဲ့ဝင်တွေ ကြုံတွေ့ရနေတဲ့အရာတွေအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
‘Between 1&2’ နဲ့ စတိတ်ဖျော်ဖြေမှုတွေကို Comeback ပြန်လုပ်ခဲ့တဲ့ TWICE အဖွဲ့ဝင် အဖွဲ့ဝင်တွေရဲ့ ဖော်လွန်းတဲ့ ဝတ်စုံတွေကြောင့် ပရိသတ်တွေရဲ့ အမြင်ကွဲလွဲမှုတွေနဲ့ ရင်ဆိုင်နေရကြောင်း ကိုရီယားမီဒီယာတွေက ဖော်ပြနေကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုရီယားအွန်လိုင်းကွန်မြူနတီတွေမှာ TWICE အဖွဲ့ဝင်တွေရဲ့ ဝတ်စုံတွေဟာ ဖော်လွန်းတယ်ဆိုပြီး အထူးသဖြင့် Mina, Momo, Jihyo တို့ရဲ့ ပုံတွေကို တင်ခဲ့တာဖြစ်ပြီး အဲဒီအပေါ် ပရိသတ်တွေရဲ့ အမြင်တွေ ကွဲလွဲခဲ့ကြတာ ဖြစ်ပါတယ်။
TWICE အဖွဲ့ဟာ ပွဲထွက်ကတည်းက Sexy ထက် Cute Type ဘက်ကို သွားခဲ့ပေမဲ့ ‘Between 1&2’ စတိတ်ဖော်ပြမှုတွေမှာတော့ ဝတ်စုံတွေ ဖော်လွန်းနေတာဖြစ်ပြီး အထူးသဖြင့် Mina, Momo နဲ့ Jihyo တို့ရဲ့ ဝတ်စုံတွေဟာ ပရိသတ်တွေအကြား ပြောစရာ ဖြစ်ခဲ့တာပါ။
Mina, Momo, Jihyo တို့ရဲ့ ဝတ်စုံတွေနဲ့ ပတ်သက်ပြီး netizens တွေက “အခြေခံအားဖြင့် bra ဝတ်ထားတယ်လို့ ဆိုနိုင်တယ်မလား”၊ “19+ မဂ္ဂဇင်း ဓာတ်ပုံရိုက်တာ ကျနေတာပဲ ဆိုးရွားလိုက်တာ”၊
“အစတုန်းကတော့ netizen တွေက overreacting လုပ်နေတယ်ထင်တာ။ ဓာတ်ပုံတွေ ကြည့်လိုက်မှ ပိုဆိုးနေတယ်”၊ “အဝတ်တောင် မပါဘူး။ အတွင်းခံပဲ ဝတ်ထားတာ”စတဲ့ ဝေဖန်ချက်မှုတွေ ရှိခဲ့တာပါ။
တစ်ဖက်မှာလည်း “ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ။ သူတို့ အရွယ်ရောက်နေပြီ”၊ “တခြား female idols တွေလည်း lingerie လိုမျိုးတွေ ဝတ်နေတာပဲ TWICE က ရုပ်လည်းရှိ၊ ခန္ဓာလည်း လှတော့ ကြွားမှာပေါ့”၊ “အနုပညာသမားတွေ သာမန်လူတွေမှာ မဟုတ်တာ ဝတ်မှာပေါ့” စတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြတာပါ။
Source: AKP
-Zawgyi
■ TWICE အဖဲြ႕၀င္ေတြရဲ႕ ‘Between 1&2’ Comeback ၀တ္စုံေတြနဲ႔ပတ္သက္လုိ႔ အျမင္ကဲြလဲြ
– – – တခ်ဳိ႕က အရြယ္ေရာက္ၿပီသူေတြျဖစ္လုိ႔လုိ႔ ဆုိၿပီး ေဖာ္လြန္းတဲ့ ၀တ္စုံေတြေၾကာင့္ TWICE အဖဲြ႕၀င္ေတြ ႀကံဳေတြ႕ရေနတဲ့အရာေတြအေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။
‘Between 1&2’ နဲ႔ စတိတ္ေဖ်ာ္ေျဖမႈေတြကုိ Comeback ျပန္လုပ္ခဲ့တဲ့ TWICE အဖဲြ႕၀င္ အဖဲြ႕၀င္ေတြရဲ႕ ေဖာ္လြန္းတဲ့ ၀တ္စုံေတြေၾကာင့္ ပရိသတ္ေတြရဲ႕ အျမင္ကဲြလဲြမႈေတြနဲ႔ ရင္ဆုိင္ေနရေၾကာင္း ကုိရီယားမီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းက ကုိရီယားအြန္လုိင္းကြန္ျမဴနတီေတြမွာ TWICE အဖဲြ႕၀င္ေတြရဲ႕ ၀တ္စုံေတြဟာ ေဖာ္လြန္းတယ္ဆုိၿပီး အထူးသျဖင့္ Mina, Momo, Jihyo တုိ႔ရဲ႕ ပုံေတြကုိ တင္ခဲ့တာျဖစ္ၿပီး အဲဒီအေပၚ ပရိသတ္ေတြရဲ႕ အျမင္ေတြ ကဲြလဲြခဲ့ၾကတာ ျဖစ္ပါတယ္။
TWICE အဖဲြ႕ဟာ ပဲြထြက္ကတည္းက Sexy ထက္ Cute Type ဘက္ကုိ သြားခဲ့ေပမဲ့ ‘Between 1&2’ စတိတ္ေဖာ္ျပမႈေတြမွာေတာ့ ၀တ္စုံေတြ ေဖာ္လြန္းေနတာျဖစ္ၿပီး အထူးသျဖင့္ Mina, Momo နဲ႔ Jihyo တုိ႔ရဲ႕ ၀တ္စုံေတြဟာ ပရိသတ္ေတြအၾကား ေျပာစရာ ျဖစ္ခဲ့တာပါ။
Mina, Momo, Jihyo တုိ႔ရဲ႕ ၀တ္စုံေတြနဲ႔ ပတ္သက္ၿပီး netizens ေတြက “အေျခခံအားျဖင့္ bra ၀တ္ထားတယ္လုိ႔ ဆုိႏုိင္တယ္မလား”၊ “19+ မဂၢဇင္း ဓာတ္ပုံ႐ုိက္တာ က်ေနတာပဲ ဆုိးရြားလုိက္တာ”၊ “အစတုန္းကေတာ့ netizen ေတြက overreacting လုပ္ေနတယ္ထင္တာ။ ဓာတ္ပုံေတြ ၾကည့္လုိက္မွ ပုိဆုိးေနတယ္”၊ “အ၀တ္ေတာင္ မပါဘူး။ အတြင္းခံပဲ ၀တ္ထားတာ”စတဲ့ ေ၀ဖန္ခ်က္မႈေတြ ရွိခဲ့တာပါ။
တစ္ဖက္မွာလည္း “ဘယ္သူ႕ကုိ ဂ႐ုစုိက္ရမွာလဲ။ သူတုိ႔ အရြယ္ေရာက္ေနၿပီ”၊ “တျခား female idols ေတြလည္း lingerie လုိမ်ဳိးေတြ ၀တ္ေနတာပဲ TWICE က ႐ုပ္လည္းရွိ၊ ခႏၶာလည္း လွေတာ့ ၾကြားမွာေပါ့”၊ “အႏုပညာသမားေတြ သာမန္လူေတြမွာ မဟုတ္တာ ၀တ္မွာေပါ့” စတဲ့ မွတ္ခ်က္ေတြ ေရးသားခဲ့ၾကတာပါ။
Source: AKP