K pop

■ BLACKPINK ပါဝင်ဖျော်ဖြေမယ့် 2022 MTV Video Music Awards ကို အမေရိကန်မှာ ဒီနေ့ ကျင်းပမယ်

– – – BLACKPINK အဖွဲ့ ပါဝင်ဖျော်ဖြေမယ့် ဒီနှစ် MTV Video Music Awards (VMAs) ကို အမေရိကန်မှာ ဒေသစံတော်ချိန် ဒီနေ့ကျင်းပမယ့် အကြောင်းကို ပုံကိုနှိပ်ပြီး ဖတ်ပါ။

BLACKPINK အဖွဲ့အနေနဲ့ အမေရိကန်ဆုပေးပွဲမှာ သူတို့ရဲ့ “BORN PINK” Album က pre-release single ဖြစ်တဲ့ “Pink Venom” ကို ပထမဆုံးအကြိမ် အမေရိကန်မှာ ဖျော်ဖြေသွားမှာလည်း ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ ၂၀၂၀ တုန်းက MTV Video Music Awards မှာ “How You Like That” သီချင်းနဲ့ Song of the Summer ဆုကို ရရှိခဲ့ဖူးပြီး ဆုပေးပွဲသမိုင်းမှာ ပထမဆုံး ဆုရတဲ့ အမျိုးသမီး K-pop အဖွဲ့အဖြစ်လည်း မှတ်တမ်းဝင်ထားတာပါ။

ဒီနှစ်မှာတော့ BLACKPINK အဖွဲ့ဟာ Best Metaverse Performance (PUBG) ဆုအတွက် ဆန်ခါတင်စာရင်းဝင်ထားသလို၊ BLACKPINK အဖွဲ့ဝင်Lisa ကလည်း “LALISA” သီချင်းနဲ့ solo act for Best K-Pop ဆုအတွက် ဆန်ခါတင်စာရင်းဝင်ထားတာပါ။

2022 MTV Video Music Awards မှာ BLACKPINK အဖွဲ့အပြင် nitta, J Balvin, Marshmello x Khalid, Panic! At The Disco, Lizzo, Jack Harlow နဲ့ Måneskin တို့လည်း ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

2022 MTV Video Music Awards ပွဲကို အမေရိကန်မှာ ဒေသစံတော်ချိန် ဒီနေ့ည၊ ကိုရီးယားစံတော်ချိန် သြဂုတ်လ ၂၉ ရက် နံနက် ၉ နာရီ ကျင်းပမှာ ဖြစ်ပြီး ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့်ဖို့ ရှိပါတယ်။

Source: Soompi

 

-Zawgyi

■ BLACKPINK ပါဝင္ေဖ်ာ္ေျဖမယ့္ 2022 MTV Video Music Awards ကို အေမရိကန္မွာ ဒီေန႔ က်င္းပမယ္

– – – BLACKPINK အဖြဲ႕ ပါဝင္ေဖ်ာ္ေျဖမယ့္ ဒီႏွစ္ MTV Video Music Awards (VMAs) ကို အေမရိကန္မွာ ေဒသစံေတာ္ခ်ိန္ ဒီေန႔က်င္းပမယ့္ အေၾကာင္းကို ပုံကိုႏွိပ္ၿပီး ဖတ္ပါ။

BLACKPINK အဖြဲ႕အေနနဲ႔ အေမရိကန္ဆုေပးပြဲမွာ သူတို႔ရဲ႕ “BORN PINK” Album က pre-release single ျဖစ္တဲ့ “Pink Venom” ကို ပထမဆုံးအႀကိမ္ အေမရိကန္မွာ ေဖ်ာ္ေျဖသြားမွာလည္း ျဖစ္ပါတယ္။

BLACKPINK အဖြဲ႕ဟာ ၂၀၂၀ တုန္းက MTV Video Music Awards မွာ “How You Like That” သီခ်င္းနဲ႔ Song of the Summer ဆုကို ရရွိခဲ့ဖူးၿပီး ဆုေပးပြဲသမိုင္းမွာ ပထမဆုံး ဆုရတဲ့ အမ်ိဳးသမီး K-pop အဖြဲ႕အျဖစ္လည္း မွတ္တမ္းဝင္ထားတာပါ။

ဒီႏွစ္မွာေတာ့ BLACKPINK အဖြဲ႕ဟာ Best Metaverse Performance (PUBG) ဆုအတြက္ ဆန္ခါတင္စာရင္းဝင္ထားသလို၊ BLACKPINK အဖြဲ႕ဝင္Lisa ကလည္း “LALISA” သီခ်င္းနဲ႔ solo act for Best K-Pop ဆုအတြက္ ဆန္ခါတင္စာရင္းဝင္ထားတာပါ။

2022 MTV Video Music Awards မွာ BLACKPINK အဖြဲ႕အျပင္ nitta, J Balvin, Marshmello x Khalid, Panic! At The Disco, Lizzo, Jack Harlow နဲ႔ Måneskin တို႔လည္း ပါဝင္ေဖ်ာ္ေျဖသြားမွာ ျဖစ္ေၾကာင္း သိရွိရပါတယ္။

2022 MTV Video Music Awards ပြဲကို အေမရိကန္မွာ ေဒသစံေတာ္ခ်ိန္ ဒီေန႕ည၊ ကိုရီးယားစံေတာ္ခ်ိန္ ၾသဂုတ္လ ၂၉ ရက္ နံနက္ ၉ နာရီ က်င္းပမွာ ျဖစ္ၿပီး ႐ုပ္သံလိုင္းေတြကေန တိုက္႐ိုက္ထုတ္လႊင့္ဖို႔ ရွိပါတယ္။

Source: Soompi

You cannot copy content of this page