K pop

■ VMAs red carpet မှာ တောက်ပခဲ့ပြီး ဆုရခဲ့တဲ့ BLACKPINK

– – – အခု အမေရိကန်မှာ ကျင်းပနေတဲ့ 2022 MTV Video Music Awards(VMAs) က BLACKPINK အဖွဲ့ရဲ့ တောက်ပမှုနဲ့ ပွဲတက်ဖက်ရှင်တွေအကြောင်း ပုံကို နှိပ်ပြီး ဖတ်ပါ။

ကမ္ဘာကျော် BLACKPINK အဖွဲ့ဟာ အခု အမေရိကန်မှာ ကျင်းပနေတဲ့ 2022 MTV Video Music Awards(VMAs) ပွဲကို တက်ရောက်ခဲ့ပြီး သူတို့ရဲ့ ပွဲတက်ဖက်ရှင်တွေက နာမည်ကြီးနေပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတ့ယ်။

2022 MTV Video Music Awards(VMAs) ပွဲကို BLACKPINK အဖွဲ့အနေနဲ့ ဒီနှစ်မှာမှ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ Best Metaverse Performance – The Virtual | PUBG” နဲ့ ဆုရထားတယ်လို့ သိရပါတယ်။

2022 MTV Video Music Awards(VMAs) က BLACKPINK အဖွဲ့ရဲ့ အလန်းစား ဖက်ရှင်တွေကို အခုလို မြင်တွေ့ရမှာ ဖြစ်ပြီး သူတို့ဟာ ကမ္ဘာကျော် အနုပညာရှင်တွေနဲ့အတူ ပါဝင်ဖျော်ဖြေမှုတွေလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့အနေနဲ့ 2022 MTV Video Music Awards(VMAs) ပွဲမှာ ကမ္ဘာကျော်တွေဖြစ်တဲ့ Jack Harlow, Lizzo, Måneskin, Anitta, J Balvin, Marshmello x Khalid, Panic! At The Disco နဲ့အတူ ဖျော်ဖြေမယ့် အနုပညာရှင်စာရင်း ပါဝင်နေတာပါ။

Source: AKP

You cannot copy content of this page