K pop

■ ၆ လအကြာမှာ IG Update လုပ်ခဲ့တဲ့ Lucas ပြန်လာတော့မလား

– – – တစ်နှစ်ခွဲလောက်အကြာမှာ ပထမဆုံး လုပ်ခဲ့တဲ့ update ဖြစ်ပြီး ဒါက ပရိသတ်တွေ မျှော်လင့်နေတဲ့ Lucas ပြန်လာဖို့ဆိုတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

NCT အဖွဲ့ဝင် Lucas ဟာ သူကိုယ်တိုင်အသုံးပြုတဲ့ Instagram မှာ ကမ်းခြေမှာ ကစားနေကြတဲ့ လူတွေ ပါတဲ့ ဓာတ်ပုံကို တင်ခဲ့ပါတယ်။ ဓာတ်ပုံက ဘာအဓိပ္ပာယ်လဲဆိုတာကိုတော့ မသိနိုင်သေးဘဲ သူကိုယ်တိုင်ပဲ သိရှိပါလိမ့်မယ်။

Lucas အနေနဲ့ Instagram မှာ နောက်ဆုံးအကြိမ် ပို့စ်တင်ခဲ့တာက အခုနှစ် ဖေဖော်ဝါရီလတုန်းက ဖြစ်ပြီး အဲဒီပုံကတော့ အငြင်းပွားဖွယ် ဖြစ်ရပ်တွေ ဖြစ်ပြီးနောက် ပထမဆုံးတင်တဲ့ပုံဖြစ်ပြီး အခုတော့ (၆) လအကြာမှာ တခြားဓတ်ပုံတစ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။

Lucas ရဲ့ IG ပို့စ်ကို မြင်တွေ့ပြီးနောက်မှာတော့ netizens တွေက အခုလို ပုံတင်တဲ့အတွက် ဝမ်းသာကြောင်းနဲ့ သူ ပြန်လာဖို့ မျှော်လင့်ကြောင်း မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။ Lucas ဟာ ၂၀၂၁ မှာ အငြင်းပွားဖွယ်ဖြစ်ရပ်တွေ ဖြစ်ပေါ်ပြီးနောက် တရုတ်ကို ပြန်သွားတာဖြစ်ပါတယ်။

Source: KPSZ

 

-Zawgyi






Source: KPSZ

You cannot copy content of this page