K pop

■ MTV VMAs သမိုင်းမှာ ပထမဆုံးဆိုတဲ့ စံချိန်တစ်ခုကို တင်ခဲ့ပြန်တဲ့ BLACKPINK

– – – 2022 MTV Video Music Awards ခေါ် MTV‘s 2022 VMAs မှာ သမိုင်းသစ်ရေးထိုးခဲ့တဲ့ BLACKPINK အဖွဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

အမေရိကန်မှာ ဒီနေ့ ကျင်းပတဲ့ 2022 MTV Video Music Awards မှာ YG Entertainment ရဲ့ girl group ုဖြစ်တဲ့ BLACKPINK အဖွဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး “Best Metaverse Performance” ဆုကို တရားဝင် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ရဲ့ BLACKPINK The Virtual PUBG က အဲဒီဆုအတွက် BTS | Minecraft – BIGHIT Music / Geffen Records, Charli XCX | Roblox – Atlantic Records, Justin Bieber – An Interactive Virtual Experience | Wave – Def Jam, Rift Tour ft. Ariana Grande | Fortnite – Republic Records, and Twenty One Pilots Concert Experience | Roblox – Fueled By Ramen / Elektra Music Group တို့ကို ကျော်ကာ ရရှိခဲ့တာ ဖြစ်ပါတယ်။

“Best Metaverse Performance” ဆုဟာ ဒီနှစ်မှာမှ MTV ပထမဆုံးအကြိမ် ဖန်တီးပေးပြီး ပေးတဲ့ဖြစ်တာကြောင့် BLACKPINK အဖွဲ့အနေနဲ့ MTV VMAs သမိုင်းမှာ အဲဒီဆုကို ပထမဆုံး ရရှိတဲ့ အနုပညာရှင်အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာပါ။

Source: @vmas

 

-Zawgyi






Source: @vmas

You cannot copy content of this page