K pop

■ 2022 VMAs မှာ သမိုင်းသစ် ရေးခဲ့ကြတဲ့ BLACKPINK Lisa နဲ့ SEVENTEEN အဖွဲ့

– – – နာမည်ကျော်အဖွဲ့တွေကို ဆုရခဲ့တဲ့ Lisa နဲ့ သမိုင်းတစ်လျှောက် ဒီဆုရတဲ့ ပထမဆုံးအနုပညာရှင် ဖြစ်လာတဲ့ SEVENTEEN အဖွဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

ဒီနေ့ အမေရိကန်မှာ ကျင်းပတဲ့ 2022 MTV Video Music Awards မှာ BLACKPINK အဖွဲ့ဝင် Lisa နဲ့ SEVENTEEN အဖွဲ့တို့ဟာ ဆုပေးပွဲသမိုင်းမှာ စံချိန်မှတ်တမ်းသစ်တွေ ရေးထိုးနိုင်ခဲ့ကြပါတယ်။

Lisa က သူမရဲ့ solo သီချင်း “LALISA” နဲ့ “Best K-Pop” ဆုကို ရရှိခဲ့ပါတယ်။ Lisa အနေနဲ့ ဒီဆုကို SEVENTEEN ရဲ့ “HOT,” BTS ရဲ့ “Yet To Come (The Most Beautiful Moment),” ITZY ရဲ့ “LOCO,” Stray Kids ရဲ့ “MANIAC,” နဲ့ TWICE ရဲ့ “The Feels” သီချင်းတွေကို ကျော်ပြီး ရရှိခဲ့တာပါ။

ဒါကြောင့် Lisa ဟာ MTV Video Music Awards မှာ ဆုရတဲ့ ပထမဆုံး အမျိုးသမီး K-Pop Artist အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ SEVENTEEN အဖွဲ့ကတော့ ဒီနှစ်မှာမှ စတင်ချီးမြှင့်တဲ့ ဆုတစ်ဆုကို ရရှိတဲ့ ပထမဆုံး အနုပညာရှင်တွေအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

SEVENTEEN အဖွဲ့ဟာ “Rock With You” သီချင်းနဲ့ “Push Performance of the Year” ဆုကို ရရှိခဲ့တာဖြစ်ပြီး သူတို့အဖွဲ့ဟာ Griff ရဲ့ “One Night,” Remi Wolf ရဲ့ “Sexy Villain,” Nessa Barrett ရဲ့ “i hope ur miserable until ur dead,” Mae Muller ရဲ့ “Better Days,” GAYLE ရဲ့ “abcdefu,” Sheneesa ရဲ့ “R U That,” Omar Apollo ရဲ့ “Tamagotchi,” Wet Leg ရဲ့ “Chaise Longue,” Muni Long ရဲ့ “Baby Boo,” နဲ့ Doechii နဲ့ “Persuasive” တို့ကို ကျော်ကာ ရရှိခဲ့တာပါ။

Source: @vmas

 

-Zawgyi

■ 2022 VMAs မွာ သမုိင္းသစ္ ေရးခဲ့ၾကတဲ့ BLACKPINK Lisa နဲ႔ SEVENTEEN အဖဲြ႕

– – – နာမည္ေက်ာ္အဖဲြ႕ေတြကုိ ဆုရခဲ့တဲ့ Lisa နဲ႔ သမုိင္းတစ္ေလွ်ာက္ ဒီဆုရတဲ့ ပထမဆုံးအႏုပညာရွင္ ျဖစ္လာတဲ့ SEVENTEEN အဖဲြ႕အေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

ဒီေန႔ အေမရိကန္မွာ က်င္းပတဲ့ 2022 MTV Video Music Awards မွာ BLACKPINK အဖဲြ႕၀င္ Lisa နဲ႔ SEVENTEEN အဖဲြ႕တုိ႔ဟာ ဆုေပးပဲြသမုိင္းမွာ စံခ်ိန္မွတ္တမ္းသစ္ေတြ ေရးထုိးႏုိင္ခဲ့ၾကပါတယ္။

Lisa က သူမရဲ႕ solo သီခ်င္း “LALISA” နဲ႔ “Best K-Pop” ဆုကုိ ရရွိခဲ့ပါတယ္။ Lisa အေနနဲ႔ ဒီဆုကုိ SEVENTEEN ရဲ႕ “HOT,” BTS ရဲ႕ “Yet To Come (The Most Beautiful Moment),” ITZY ရဲ႕ “LOCO,” Stray Kids ရဲ႕ “MANIAC,” နဲ႔ TWICE ရဲ႕ “The Feels” သီခ်င္းေတြကုိ ေက်ာ္ၿပီး ရရွိခဲ့တာပါ။

ဒါေၾကာင့္ Lisa ဟာ MTV Video Music Awards မွာ ဆုရတဲ့ ပထမဆုံး အမ်ဳိးသမီး K-Pop Artist အျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ SEVENTEEN အဖဲြ႕ကေတာ့ ဒီႏွစ္မွာမွ စတင္ခ်ီးျမႇင့္တဲ့ ဆုတစ္ဆုကုိ ရရွိတဲ့ ပထမဆုံး အႏုပညာရွင္ေတြအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

SEVENTEEN အဖဲြ႕ဟာ “Rock With You” သီခ်င္းနဲ႔ “Push Performance of the Year” ဆုကုိ ရရွိခဲ့တာျဖစ္ၿပီး သူတုိ႔အဖဲြ႕ဟာ Griff ရဲ႕ “One Night,” Remi Wolf ရဲ႕ “Sexy Villain,” Nessa Barrett ရဲ႕ “i hope ur miserable until ur dead,” Mae Muller ရဲ႕ “Better Days,” GAYLE ရဲ႕ “abcdefu,” Sheneesa ရဲ႕ “R U That,” Omar Apollo ရဲ႕ “Tamagotchi,” Wet Leg ရဲ႕ “Chaise Longue,” Muni Long ရဲ႕ “Baby Boo,” နဲ႔ Doechii နဲ႔ “Persuasive” တုိ႔ကုိ ေက်ာ္ကာ ရရွိခဲ့တာပါ။

Source: @vmas

You cannot copy content of this page