– – – ကိုရီယားမင်းသမီး Yoo Joo-Eun ဟာ လူ့လောကကို ကိုယ်တိုင်အဆုံးသတ်စွန့်ခွာချိန်မှာ အသက် ၂၇ နှစ်ပဲ ရှိသေးပြီး သူ့ရဲ့နှုတ်ဆက်စာအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
သြဂုတ် ၂၉ ရက်မှာ မင်းသမီး Yoo Joo-Eun ရဲ့ အစ်ကိုဖြစ်သူက သူမရဲ့ Instagram မှာ သူမရဲ့ နောက်ဆုံးစာကို တင်ခဲ့ပါတယ်။ Yoo Joo-Eun ဟာ သြဂုတ် ၂၉ ရက်မှာ လူ့လောကကို စွန့်ခွာသွားတာ ဖြစ်ပြီး သြဂုတ် ၃၁ ရက်မှာ သဂြိုဟ်မှာ ဖြစ်ပါတယ်။
၁၉၉၅ မှာ မွေးဖွားခဲ့တဲ့ မင်းသမီး Yoo Joo-Eun ရဲ့ နောက်ဆုံးစာမှာေတော့ အခုလို ဖော်ပြထားပါတယ်။
“အားလုံးရဲ့ အရင် ထွက်ခွာသွားရလို့ ကျွန်မ တောင်းပန်ပါတယ်။ အထူးသဖြင့် မေမေ၊ ဖေဖေ၊ ဖွားဖွားနဲ့ ကိုကို။ ကျွန်မရဲ့ စိတ်က ကျွန်မ လုံးဝမနေချင်တော့ဘူးလို့ အော်ဟစ်နေတယ်။ ကျွန်မ မရှိတော့တာကြောင့် ကွက်လပ်တစ်ခုကိုတော့ ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ သန်မာစွာနဲ့ ရှင်သန်ကြပါ။ ကျွန်မ စောင့်ကြည့်နေမှာပါ။ ပြီးတော့ ကျေးဇူးပြုပြီး မငိုကြပါနဲ့။ ဒါက ကျန်းမာရေးအတွက် မကောင်းပါဘူး။
ကျွန်မ ဝမ်းမနည်းတော့ပါဘူး။ ကျွန်မ တည်ငြိမ်နေတာ်။ ကျွန်မအနေနဲ့ ဒါကို အကြာကြီးတွေးခဲ့တာကြောင့်လည်း အခုလို တည်ငြိမ်နေတာ ဖြစ်နိုင်တယ်။ ကျွန်မဟာ မထိုက်တန်တဲ့ ပျော်စရာကောင်းတဲ့ဘဝမှာ နေထိုင်ခွင့်ရခဲ့တယ်။ ဒါကြောင့် ကျွန်မ ကျေနပ်ပါတယ်။ ဒီလောက်ဆိုရင် လုံလောက်ပါပြီ။ ဒီတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့။ ရှေ့ဆက်ကြပါ။
ကျွန်မ မသေပါဘူး။ ဒီတော့ ကျေးဇူးပြုပြီး အားလုံး ဘဝကောင်းလေးမှာ နေထိုင်ကြပါ။ ကျွန်မရဲ့ အသုဘမှာ လူတွေအများကြီးတွေ့ရဖို့ မျှော်လင့်ပါတယ်။ ကျွန်မ သရုပ်ဆောင်အလုပ်ကို အရမ်းလုပ်ချင်ခဲ့တာပါ။ ဒါက ကျွန်မရဲ့ အရာအားလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်အလုပ်က ဒီဘဝမှာ ဖြစ်နိုင်ဖို့ မလွယ်ပါဘူး။
ကျွန်မအနေနဲ့ သရုပ်ဆောင်အလုပ်ကလွဲပြီး ဘာမှ မလုပ်ချင်ပါဘူး။ ဒီအလုပ်ကိုပဲ လုပ်ချင်တယ်။ အိပ်မက်ဆိုတာ ကောင်းချီးပေးခံရတာဖြစ်သလို၊ တစ်ချိန်တည်းမှာပဲ ကျိန်စာလည်း ဖြစ်ပါတယ်။ ဘုရားသခင်က ကျွန်မကို ငရဲမပို့ဘူးဆိုတာတော့ ကျွန်မ သေချာသိပါတယ်။ ဘာလို့လဲဆိုတော့ သူ ကျွန်မကို ချစ်လို့ပါ။ သူ ကျွန်မ စကားနားကို နားထောင်မှာဖြစ်ပြီး ကျွန်မကို ဂရုလည်း စိုက်ပါလိမ့်မယ်။ ဒီတော့ အားလုံး မစိုးရိမ်ကြပါနဲ့။
ကျွန်မရဲ့ ချစ်လှစွာသော မိသားစု၊ သူငယ်ချင်းနဲ့ အချစ်၊ ကျွန်မကို ချစ်ခင်ယုယပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်မရဲ့ အင်အားဖြစ်ပြီး ကျွန်မရဲ့ အပျော်လည်း ဖြစ်တယ်။ ကျွန်မအနေနဲ့ နောက်ဆုံးအချိန်ထိ မမေ့နိုင်တဲ့ အမှတ်တရတွေကို ယူဆောင်နိုင်ခဲ့တာကြောင့် အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ခဲ့တယ်လို့ ကျွန်မ ထင်ပါတယ်။ ကျွန်မကိုနားလည်ပေးဖို့ အနွံအတာ ခံပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲဒါကို သိပ်ပြီးမဖော်ပြခဲ့တဲ့အတွက်လည်း ကျွန်မ တောင်းပန်ပါတယ်။ ဒါပေမဲ့ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။
ကျွန်မကို သိတဲ့လူတွေ အထူးသဖြင့် ဆရာ၊ ဆရာမတွေ အားလုံးကို အရမ်းကျေးဇူးတင်သလို၊ လေးစားမှုလည်း အပြည့်ရှိပါတယ်။ ကျွန်မကို ဘဝမှာ ကြုံတွေ့ရတဲ့ အရာတွေကို သင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ မေမေ၊ ဖေဖေ၊ အရမ်းချစ်တယ်။ ကျေးဇူးပြုပြီး မငိုကြပါနဲ့။ ကျွန်မ တောင်းပန်ပါတယ်”လို့ ရေးသားခဲ့တာပါ။
မင်းသမီး Yoo Joo-Eun ဟာ ၂၀၁၈ ထုတ် Big Forest နဲ့ ၂၀၁၉ ထုတ် Joseon Survival ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
Source: Soompi