K pop

■ BTS ရဲ့ Album ဈေးမတရားတင်ရောင်းလို့ ဝေဖန်ခံနေရတဲ့ HYBE

– – – HYBE က BTS ရဲ့ Album ဘယ်လောက်တောင် ဈေးတင်ရောင်းထားလို့ ဝေဖန်ခံရတာပါပဲ။ ဒီအကြောင်းကို ပုံနှိပ်ဖတ်ပါ။

BigHit က BTS ရဲ့ Album ဖြစ်တဲ့ “Proof” Collector’s Edition ကို ရောင်းချနေပြီဖြစ်ကြောင်း ကြေညာပြီးနောက်မှာ ဈေးမတရား မြင့်နေတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း ကိုရီယားမီဒီယာတွေက ဖော်ပြနေကြပါတယ်။

Big Hit Music က “Album ကနေ BTS အဖွဲ့ရဲ့ identity ကို ခံစားနိုင်မှာပါ။ ဒီ Album မှာ အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ အင်တာဗျူးတွေ၊ အရင်နဲ့ မတူညီတဲ့ အကြောင်းအရာတွေ ပါဝင်နေတာ ဖြစ်ပြီး special contents တွေ ပါဝင်တယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ “Proof” Collector’s Edition ရဲ့ Album တစ်ချပ်ဈေးနှုန်းက 297,000 KRW ($275) ဖြစ်နေတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်အများစုက HYBE ဟာ BTS အဖွဲ့ရဲ့ ကျော်ကြားမှုကို အသုံးချပြီး ပရိသတ်တွေကို ATMs လို ဆက်ဆံနေရတယ်လို့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Source: KBZ

 

-Zawgyi






Source: KBZ

You cannot copy content of this page