K pop

■ ကော်ဇောနီပေါ်က အလှနတ်သမီးလို့ ချီးကျူးခံနေရတဲ့ Jisoo

– – – အမေရိကက ကော်ဇောနီပေါ်မှာ Slay ခဲ့လို့ အလှနတ်သမီးလို့ ချီးကျူးခံနေရတဲ့ Jisoo အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

BLACKPINK အဖွဲ့ဟာ အမေရိကန်၊ နယူးဂျာစီက Prudential Center မှာ ကျင်းပခဲ့တဲ့ 2022 MTV Video Music Awards (2022 MTV VMAs) ဆုပေးပွဲကို တက်ရောက်ခဲ့ပြီး ကမ္ဘာကျော်အဆိုတော်ကြားမှာ တောက်ပခဲ့ပါတယ်။

BLACKPINK အဖွဲ့အနေနဲ့ 2022 MTV Video Music Awards ဆုပေးပွဲမတိုင်ခင် ကျင်းပတဲ့ ကော်ဇောနီပွဲကိုလည်း တက်ရောက်ခဲ့ပြီး အဖွဲ့ဝင် ၄ ဦးစလုံး အလန်းစားဖြစ်ခဲ့ပေမဲ့ Jisoo အလှက အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။

Jisoo ဟာ သိပ်မကြာခင်ကမှာ နိုင်ငံပေါင်း ၁၁၆ နိုင်ငံမှာ ၅ လကြာ ပြုလုပ်ခဲ့တဲ့ beauty ranking poll မှာ “The most beautiful woman in the world” အဖြစ် ရွေးချယ်ခံခဲ့သူဖြစ်ပြီး အခု ကော်ဇောနီပေါ်မှာ အဲဒီလို ရွေးချယ်ခံရတာဟာ အလကား မဟုတ်ဘူးဆိုတာကို ပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

2022 MTV Video Music Awards ရဲ့ ကော်ဇောနီပေါ်မှာ အနက်ရောင်ဝတ်စုံနဲ့ အလှကြီး လှနေခဲ့တဲ့ Jisoo ကို ပရိသတ်တွေ ချီးကျူးခဲ့ကြပြီး ကော်ဇောနီပေါ်က အလှနတ်သမီးလို့ မှတ်ချက်တွေ ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

Source: KBZ

 

-Zawgyi







Source: KBZ

You cannot copy content of this page