K pop

■ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူကို ရိုက်နှက်ခဲ့လို့ ဝေဖန်ခံနေရတဲ့ တရုတ်နာမည်ကျော်မင်းသား

– – – သူ့ထက် အသက် ၂၀ ကျော်ငယ်တဲ့ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်ထားစဉ်မှာ ရိုက်နှက်ခဲ့တဲ့ တရုတ်နာမည်ကြီးမင်းသားရဲ့ အိမ်တွင်းအကြမ်းဖက်မှုအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

နာမည်ကျော် တရုတ်မင်းသား Wang Dong ရဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ဇနီးသည်ဖြစ်သူ ချပြခဲ့ရာမှာတော့ တရုတ်တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ Wang Dong ဟာ “Diamond Lover” နဲ့ “Perfect Partner” ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးလာသူ ဖြစ်ပါတယ်။

သြဂုတ်လကုန်ပိုင်းမှာ Wang Dong ဇနီးသည်ဖြစ်သူက Wang Dong တစ်ယောက် သူ့ကို လက်သီးနဲ့ ထိုး၊ ရိုက်နှက်၊ အဆဲစကားပေါင်းစုံနဲ့ ဆဲနေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီး သူ့ရဲ့ ရိုက်နှက်မှုတွေဟာ ရဲတွေလာမှပဲ ရပ်သွားတယ်လို့ ဆိုပါတယ်။

Wang Dong ရဲ့ သားကောင်ဖြစ်ခဲ့ရသူကတော့ သူ့ရဲ့တတိယမြောက် ဇနီးဖြစ်ပြီး အသက် ၂၀ အရွယ်ပဲ ရှိသေးလို့ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ မင်းသားထက် အသက် ၂၂ နှစ် ငယ်ပါတယ်။ Wang Dong ဟာ ဇနီးသည်ဖြစ်သူကို ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာပါ အိမ်တွင်းအကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သူ့ဇနီးက ဆိုပါတယ်။

အဲဒီလို ဗီဒီယိုဖိုင်နဲ့တကွ တက်လာပြီးနောက်မှာတော့ Wang Dong က “အဲဒီအချိန်တုန်းက ကျွန်တော့်ရဲ့ လုပ်ရပ်တွေအတွက် တောင်းပန်ပါတယ်။ ဒါပေမဲ့ အခု သူ့ကို ကျွန်တော် မနှိပ်စက်တော့သလို၊ ခြိမ်းခြောက်တာလည်း မရှိပါဘူး။ ကျွန်တော် သူ့ကို ခွင့်လွှတ်ဖို့ ကြိုးစားခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။ ဗီဒီယိုထဲမှာ ခင်ဗျားမြင်တာအားလုံးက အမှန်မဟုတ်ဘူး”လို့ ဆိုပါတယ်။

လက်ရှိမှာ Wang Dong အနေနဲ့ ဇနီးသည်ဖြစ်သူကို ဆက်သွယ်ခြင်းမရှိသလို၊ အိမ်တွင်းအကြမ်းဖက်မှု ပြုလုပ်ပြီးနောက်မှာ ကွာရှင်းဖို့ တောင်းဆိုထားကြောင်းလည်း သိရပါတယ်။ တရုတ်အင်တာနက် အသုံးပြုသူတွေကတော့ Wang Dong ကို ဝေဖန်နေကြပြီး ဇနီးဖြစ်သူကို အမှုဖွင့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

Source: KBZ

 

-Zawgyi

■ ကုိယ္၀န္ေဆာင္ဇနီးျဖစ္သူကုိ ႐ုိက္ႏွက္ခဲ့လုိ႔ ေ၀ဖန္ခံေနရတဲ့ တ႐ုတ္နာမည္ေက်ာ္မင္းသား

– – – သူ႕ထက္ အသက္ ၂၀ ေက်ာ္ငယ္တဲ့ ဇနီးျဖစ္သူ ကုိယ္၀န္ေဆာင္ထားစဥ္မွာ ႐ုိက္ႏွက္ခဲ့တဲ့ တ႐ုတ္နာမည္ႀကီးမင္းသားရဲ႕ အိမ္တြင္းအၾကမ္းဖက္မႈအေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

နာမည္ေက်ာ္ တ႐ုတ္မင္းသား Wang Dong ရဲ႕ အိမ္တြင္းအၾကမ္းဖက္မႈကုိ ဇနီးသည္ျဖစ္သူ ခ်ျပခဲ့ရာမွာေတာ့ တ႐ုတ္တစ္ႏုိင္ငံလုံးကုိ တုန္လႈပ္ေစခဲ့ပါတယ္။ Wang Dong ဟာ “Diamond Lover” နဲ႔ “Perfect Partner” ဇာတ္လမ္းတဲြေတြနဲ႔ နာမည္ႀကီးလာသူ ျဖစ္ပါတယ္။

ၾသဂုတ္လကုန္ပုိင္းမွာ Wang Dong ဇနီးသည္ျဖစ္သူက Wang Dong တစ္ေယာက္ သူ႕ကုိ လက္သီးနဲ႔ ထုိး၊ ႐ုိက္ႏွက္၊ အဆဲစကားေပါင္းစုံနဲ႔ ဆဲေနတဲ့ ဗီဒီယုိဖုိင္တစ္ခုကုိ လူမႈကြန္ရက္မွာ တင္ခဲ့ၿပီး သူ႕ရဲ႕ ႐ုိက္ႏွက္မႈေတြဟာ ရဲေတြလာမွပဲ ရပ္သြားတယ္လုိ႔ ဆုိပါတယ္။

Wang Dong ရဲ႕ သားေကာင္ျဖစ္ခဲ့ရသူကေတာ့ သူ႕ရဲ႕တတိယေျမာက္ ဇနီးျဖစ္ၿပီး အသက္ ၂၀ အရြယ္ပဲ ရွိေသးလုိ႔ အသက္ ၄၃ ႏွစ္ရွိၿပီျဖစ္တဲ့ မင္းသားထက္ အသက္ ၂၂ ႏွစ္ ငယ္ပါတယ္။ Wang Dong ဟာ ဇနီးသည္ျဖစ္သူကုိ ကုိယ္၀န္ေဆာင္ေနစဥ္အတြင္းမွာပါ အိမ္တြင္းအၾကမ္းဖက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လုိ႔ သူ႕ဇနီးက ဆုိပါတယ္။

အဲဒီလုိ ဗီဒီယုိဖုိင္နဲ႔တကြ တက္လာၿပီးေနာက္မွာေတာ့ Wang Dong က “အဲဒီအခ်ိန္တုန္းက ကၽြန္ေတာ့္ရဲ႕ လုပ္ရပ္ေတြအတြက္ ေတာင္းပန္ပါတယ္။ ဒါေပမဲ့ အခု သူ႕ကုိ ကၽြန္ေတာ္ မႏွိပ္စက္ေတာ့သလုိ၊ ၿခိမ္းေျခာက္တာလည္း မရွိပါဘူး။ ကၽြန္ေတာ္ သူ႕ကုိ ခြင့္လႊတ္ဖုိ႔ ႀကိဳးစားခဲ့ေပမဲ့ အဆင္မေျပခဲ့ပါဘူး။ ဗီဒီယုိထဲမွာ ခင္ဗ်ားျမင္တာအားလုံးက အမွန္မဟုတ္ဘူး”လုိ႔ ဆုိပါတယ္။

လက္ရွိမွာ Wang Dong အေနနဲ႔ ဇနီးသည္ျဖစ္သူကုိ ဆက္သြယ္ျခင္းမရွိသလုိ၊ အိမ္တြင္းအၾကမ္းဖက္မႈ ျပဳလုပ္ၿပီးေနာက္မွာ ကြာရွင္းဖုိ႔ ေတာင္းဆုိထားေၾကာင္းလည္း သိရပါတယ္။ တ႐ုတ္အင္တာနက္ အသုံးျပဳသူေတြကေတာ့ Wang Dong ကုိ ေ၀ဖန္ေနၾကၿပီး ဇနီးျဖစ္သူကုိ အမႈဖြင့္ဖုိ႔ ေတာင္းဆုိခဲ့ၾကပါတယ္။

Source: KBZ

You cannot copy content of this page