K pop

■ BLACKPINK သီချင်းနဲ့ ကခဲ့သလို၊ သဘောကျကြောင်းပါ ပြသခဲ့တဲ့ Taylor Swift

– – – BLACKPINK အဖွဲ့ ဖျော်ဖြေနေချိန် စင်အောက်မှာ ဒွန့်နေခဲ့သလို၊ သီချင်းကို သဘောကျကြောင်းလည်း ပြသခဲ့တဲ့ တင်လှဆွေအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

BLACKPINK အဖွဲ့ဟာ အမေရိကန်၊ နယူးဂျာစီက Prudential Center မှာ ကျင်းပခဲ့တဲ့ 2022 MTV Video Music Awards (2022 MTV VMAs) ဆုပေးပွဲကို တက်ရောက်ခဲ့ပြီး ကမ္ဘာကျော်အဆိုတော်တွေနဲ့ အတူ ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ ‘Pink Venom” သီချင်းကို ဖျော်ဖြေခဲ့တာဖြစ်ပြီး အဖွဲ့ဝင်တွေ စင်ပေါ် ဖျော်ဖြေနေချိန်မှာ ကမ္ဘာကျော်အဆိုတော် Taylor Swift ဟာ Pink Venom သီချင်းရဲ့ စာသားအချို့ကို လိုက်ညည်းခဲ့သလို၊ ရှန်ပိန်ခွက်ကို ကိုင်ကာ စင်အောက်မှာ ဒွန့်နေခဲ့တာကို အခုလို မြင်တွေ့ရမှာပါ။

ပြီးတော့လည်း Taylor Swift ဟာ သူမရဲ့ TikTok account မှာ ပွဲတက်တဲ့ သူမရဲ့ ဗီဒီယိုကလစ်အတိုလေးကို တင်ခဲ့တာပါ။ အဲဒီ ဗီဒီယိုကလစ်လေးမှာ Taylor Swift က BLACKPINK အဖွဲ့ရဲ့ ‘Pink Venom” သီချင်းကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Taylor Swift ရဲ့ အဲဒီလုပ်ရပ်တွေကို မြင်တွေ့ပြီးနောက်မှာတော့ Taylor Swift နဲ့ BLACKPINK တို့အကြား ဆက်နွယ်မှုတွေကို ပရိသတ်တွေ သဘောကျခဲ့ကြပြီး အနာဂတ်မှာ သူတို့အနေနဲ့ သီချင်းတွဲလုပ်ရင် ကောင်းမယ်လို့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Source: KBZ

-Zawgyi

■ BLACKPINK သီခ်င္းနဲ႔ ကခဲ့သလုိ၊ သေဘာက်ေၾကာင္းပါ ျပသခဲ့တဲ့ Taylor Swift

– – – BLACKPINK အဖဲြ႕ ေဖ်ာ္ေျဖေနခ်ိန္ စင္ေအာက္မွာ ဒြန္႔ေနခဲ့သလုိ၊ သီခ်င္းကုိ သေဘာက်ေၾကာင္းလည္း ျပသခဲ့တဲ့ တင္လွေဆြအေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

BLACKPINK အဖဲြ႕ဟာ အေမရိကန္၊ နယူးဂ်ာစီက Prudential Center မွာ က်င္းပခဲ့တဲ့ 2022 MTV Video Music Awards (2022 MTV VMAs) ဆုေပးပဲြကို တက္ေရာက္ခဲ့ၿပီး ကမၻာေက်ာ္အဆုိေတာ္ေတြနဲ႔ အတူ ေဖ်ာ္ေျဖခဲ့တာ ျဖစ္ပါတယ္။

BLACKPINK အဖဲြ႕ဟာ သူတုိ႔ရဲ႕ ‘Pink Venom” သီခ်င္းကုိ ေဖ်ာ္ေျဖခဲ့တာျဖစ္ၿပီး အဖဲြ႕၀င္ေတြ စင္ေပၚ ေဖ်ာ္ေျဖေနခ်ိန္မွာ ကမၻာေက်ာ္အဆုိေတာ္ Taylor Swift ဟာ Pink Venom သီခ်င္းရဲ႕ စာသားအခ်ဳိ႕ကုိ လုိက္ညည္းခဲ့သလုိ၊ ရွန္ပိန္ခြက္ကုိ ကိုင္ကာ စင္ေအာက္မွာ ဒြန္႔ေနခဲ့တာကုိ အခုလုိ ျမင္ေတြ႕ရမွာပါ။

ၿပီးေတာ့လည္း Taylor Swift ဟာ သူမရဲ႕ TikTok account မွာ ပြဲတက္တဲ့ သူမရဲ႕ ဗီဒီယုိကလစ္အတုိေလးကုိ တင္ခဲ့တာပါ။ အဲဒီ ဗီဒီယုိကလစ္ေလးမွာ Taylor Swift က BLACKPINK အဖဲြ႕ရဲ႕ ‘Pink Venom” သီခ်င္းကုိ အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

Taylor Swift ရဲ႕ အဲဒီလုပ္ရပ္ေတြကုိ ျမင္ေတြ႕ၿပီးေနာက္မွာေတာ့ Taylor Swift နဲ႔ BLACKPINK တုိ႔အၾကား ဆက္ႏြယ္မႈေတြကုိ ပရိသတ္ေတြ သေဘာက်ခဲ့ၾကၿပီး အနာဂတ္မွာ သူတုိ႔အေနနဲ႔ သီခ်င္းတဲြလုပ္ရင္ ေကာင္းမယ္လုိ႔ မွတ္ခ်က္ေတြ ေရးသားခဲ့ၾကပါတယ္။

Source: KBZ

You cannot copy content of this page