K pop

■ ARIA Singles Chart မှာ ဒီလိုလုပ်နိုင်တဲ့ K-Pop အဖွဲ့တစ်ဖွဲ့ပဲ ရှိတယ်

– – – ARIA Singles Chart ဒီလိုလုပ်နိုင်တာ K-Pop မှာ တစ်ကိုယ်တော်အဆိုတော်တစ်ဦးနဲ့ အဖွဲ့ထဲမှာတော့ BLACKPINK ပဲ ရှိတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

BLACKPINK အဖွဲ့ရဲ့ Pre-release Single ဖြစ်တဲ့ “PINK VENOM” သီချင်းဟာ သြဂုတ် ၁၉ ရက်မှာ ထုတ်လွှင့်ပြီးကတည်းက အောင်မြင်မှုများစွာ ရရှိခဲ့ပြီး စံချိန်ပေါင်းမြောက်မြားများစွာကို ရိုက်ချိုးပြီး စံချိန်သစ်တွေ တင်နိုင်ခဲ့တာပါ။

အခုလည်း BLACKPINK အဖွဲ့ဟာ “PINK VENOM” သီချင်းနဲ့ ကမ္ဘာ့ဂီတဈေးကွက်အကြီးဆုံး ၁၀ မှာ ပါဝင်တဲ့ သြစတြေးလျ Music Chart တစ်ခုဖြစ်တဲ့ ARIA Singles Chart မှာ နံပါတ် (၁) နေရာ ရပ်တည်ခဲ့ပြီး အဲဒီလို လုပ်နိုင်တဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော Kpop အဖွဲ့ စံချိန်သစ် ရေးထိုးခဲ့ပါတယ်။

BLACKPINK အဖွဲ့ရဲ့ “Pink Venom” သီချင်းဟာ PSY ရဲ့ ကမ္ဘာကျော်သီချင်း “Gangnam Style” နဲ့အတူ ARIA Singles Chart မှာ နံပါတ် (၁) ရပ်တည်ဖူးတဲ့ ကိုရီယားသီချင်းအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source: Koreaboo

 

-Zawgyi






Source: Koreaboo

You cannot copy content of this page