K pop

■ Inkigayo က နာမည်ကြီးနေတဲ့ Jang Wonyoung ရဲ့ 11 line abs

– – – စတုတ္ထမျိုးဆက်ရဲ့ Visual Queen ဟာ သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် hot topic ဖြစ်နေတဲ့ အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

Inkigayo က IVE အဖွဲ့ရဲ့ After LIKE သီချင်းဖျော်ဖြေမှုမှာ နာမည်ကျော် Jang Wonyoung ဟာ သူမရဲ့ မိန်းကလေးတိုင်း လိုချင်ကြတဲ့ 11 line abs ကြောင့် ကိုရီယားအွန်လိုင်းကွန်မြူနတီတွေမှာ ချီးကျူးမှုတွေ ခံနေရပါတယ်။

IVE အဖွဲ့ရဲ့ After LIKE သီချင်းဟာ ကိုရီယားမှာ music charts ကို သိမ်းပိုက်နိုင်တဲ့ သီချင်းတစ်ပုဒ် ဖြစ်ပြီး သူတို့ရဲ့ ဖျော်ဖြေမှုတွေဟာလည်း ပရိသတ်တွေ စိတ်ဝင်စားခြင်းခံနေရကာ အဲဒီထဲမှာ Jang Wonyoung ရဲ့ close-up fancam ကတော့ ပရိသတ်တွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

IVE အဖွဲ့ရဲ့ Inkigayo stage ဖျော်ဖြေမှုမှာ Jang Wonyoung ဟာ အနက်ရောင် sleeveless crop top ကို အနက်ရောင် bootcut pants နဲ့ တွဲဝတ်ပြီး ဖျော်ဖြေခဲ့တာကြောင့် သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း အလှကို ပိုပြီးပေါ်လွင်စေခဲ့တာလည်း ဖြစ်ပါတယ်။

အဝတ်အစား ရွေးချယ်မှု မှန်ကန်တာကြောင့်လည်း Jang Wonyoung ရဲ့ ကျစ်လျစ်လှပတဲ့ 11 line abs ဟာ ပေါ်လွင်ခဲ့ပြီး ပရိသတ်တွေ အထူးသဖြင့် အမျိုးသမီးပရိသတ်တွေကတော့ Jang Wonyoung ရဲ့ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ချီးကျူးခဲ့ကြတာပါ။

Source: KBZ

 

-Zawgyi







Source: KBZ

You cannot copy content of this page