K pop

■ သြချရလောက်တဲ့ G-Dragon ရဲ့ fan service

– – – မိုးထိတောင် မာနထောင်လွှားနိုင်တဲ့ အနေအထားဖြစ်ပေမဲ့ ပရိသတ်တွေနဲ့ ပတ်သက်ရင် သြချရလောက်တဲ့ King of K-Pop အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

Afreec TV ရဲ့ BJ ဖြစ်တဲ့ Park Garin ဟာ သူမရဲ့ Instagram မှာ တခြား BJ နဲ့အတူ ကမ္ဘာကျော် BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါင်းများစွာကို တင်ခဲ့ပြီး ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

ဂျင်းဝမ်းဆက်ကို ဝတ်ဆင်ထားတဲ့ G-Dragon ဟာ BJ ကောင်မလေးတွေရဲ့ တောင်းဆိုမှုကို အပြုံးမပျက် လိုက်လျောခဲ့တာပါ။ ဒါက မဆန်းပေမဲ့ အဲဒီအချိန်မှာ G-Dragon အနေနဲ့ ဆေးလိပ်သောက်နေချိန်ဖြစ်ပြီး တခြား Idol တွေဆိုရင် အဲဒီလိုအနေအထားမှာ ဓာတ်ပုံရိုက်ခံဖို့ မရှိပါဘူး။

ဒါပေမဲ့ G-Dragon ကတော့ ဆေးလိပ်ကို လက်ကြားညှပ်ရင်းပဲ သူ့ရဲ့ အဂေါ်ပုံစံနဲ့ ကောင်မလေးတွေရဲ့ တောင်းဆိုမှုကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ G-Dragon နဲ့အတူ ဓာတ်ပုံရိုက်ခွင့်ရခဲ့အတွက် Garin နဲ့ သူ့သူငယ်ချင်း Gauel တို့ အလွန်ပျော်ခဲ့ကြပါတယ်။

Garin က “G-Dragon နဲ့အတူ ကျွန်မ ဓာတ်ပုံရိုက်ခွင့်ရခဲ့ပါတယ်။ တကယ် Kwon Jiyong ပါ (G-Dragon ရဲ့ နာမည်ရင်း)… ကျွန်မ ဒီနေ့ အရမ်းကံကောင်းတယ်။ ကျွန်မနဲ့ Gaeul ပေါ့…. အရမ်းလည်း အံ့သြရပါတယ်”လို့ ရေးသားခဲ့ပါတယ်။

Source: KBZ

 

-Zawgyi







Source: KBZ

You cannot copy content of this page