K pop

■ Extraordinary Attorney Woo ရဲ့ နာမည်ကြီးမိတ်ဆက်ဟာ BIGBANG ကြောင့် ဖြစ်လာတာပါ

– – – နာမည်ကျော် ဇာတ်လမ်းတွဲ Extraordinary Attorney Woo ရဲ့ iconic မိတ်ဆက် “Woo to the Young to the Woo” ဖြစ်လာတာဟာ BIGBANG ကြောင့်ဆိုတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

‘Extraordinary Attorney Woo’ ဇာတ်လမ်းတွဲဟာ ၂၀၂၂ ကိုရီယားဇာတ်လမ်းတွဲတွေထဲမှာ စံချိန်ပေါင်း များစွာကို ရိုက်ချိုးခဲ့ပြီး အအောင်မြင်ဆုံး ဇာတ်လမ်းတွဲထဲက တစ်ခုဖြစ်ခဲ့သလို အဲဒီဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေဟာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

အဲဒီဇာတ်လမ်းတွဲမှာ အထင်ရှားဖြစ်ခဲ့တာကတော့ မင်းသမီးရဲ့ မိတ်ဆက်ဖြစ်တဲ့ “Woo to the Young to the Woo” ဆိုတဲ့ မိတ်ဆက်ဖြစ်ပြီး ဇာတ်လမ်းတွဲ ထွက်ပေါ်လာပြီးနောက် K-Pop Idol တွေနဲ့ နာမည်ကျော်တွေအကြား အဲဒီမိတ်ဆက်ဟာ အတော်လေးကို နာမည်ကျော်ခဲ့တာပါ။

‘Star News’ နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ Dong Geu Rami အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Joo Hyun Young က က မင်းသမီး Park Eun Bin (Woo Young Woo) နဲ့ ဇာတ်လမ်းတွဲက မိတ်ဆက်ဖြစ်တဲ့”Woo to the Young to the Woo!” နဲ့ “Dong to the Geu to the Ra-mi” ဟာ BIGBANG သီချင်းကြောင့် ဖြစ်လာတာလို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

Joo Hyun Young က အဲဒီနာမည်ကျော်မိတ်ဆက်ဟာ ဇာတ်ညွှန်းမှာ မပါခဲ့ကြောင်းနဲ့ သူကိုယ်တိုင် ထည့်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူက “Woo Young Woo Young-woo Dong Dong Geu-ra-mi လို့ ကျွန်မ ရေးခဲ့တာပါ။ ဒါပေမဲ့ စာရေးဆရာက အဲဒါကို ချစ်စရာကောင်းအောင် လုပ်ဖို့ ပြောခဲ့ပါတယ်။

အဲဒီမှာ ကျွန်မ ငယ်ငယ်တုန်းက နားထောင်တဲ့ BIGBANG သီချင်းမှာ B to the I to the G – BIGBANG ဆိုတဲ့ စာသားကို သတိရသွားပြီး အဲဒီသီချင်းက စာသားအတိုင်း Woo to the Young to the Woo! နဲ့ Dong to the Geu to the Ra-mi ဆိုပြီး လုပ်ခဲ့တာပါ”လို့ ပြောပြခဲ့ပါတယ်။

Joo Hyun Young က အဲဒီမိတ်ဆက်ဟာ စိတ်ဝင်စားစရာကောင်းသလို ချစ်စရာ ကောင်းကြောင်းလည်း ပြောကြားခဲ့ပါတယ်။ Joo Hyun Young ပြောတဲ့ B to the I to the G – BIGBANG ဆိုတဲ့ မိတ်ဆက်ဟာ BIGBANG ရဲ့ ၂၀၀၇ ခုနှစ်ထုတ် “Last Farewell” ဆိုတဲ့ နာမည်ကျော်သီချင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Source: Koreaboo

 

 

-Zawgyi

■ Extraordinary Attorney Woo ရဲ႕ နာမည္ႀကီးမိတ္ဆက္ဟာ BIGBANG ေၾကာင့္ ျဖစ္လာတာပါ

– – – နာမည္ေက်ာ္ ဇာတ္လမ္းတဲြ Extraordinary Attorney Woo ရဲ႕ iconic မိတ္ဆက္ “Woo to the Young to the Woo” ျဖစ္လာတာဟာ BIGBANG ေၾကာင့္ဆုိတဲ့အေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

‘Extraordinary Attorney Woo’ ဇာတ္လမ္းတဲြဟာ ၂၀၂၂ ကုိရီယားဇာတ္လမ္းတဲြေတြထဲမွာ စံခ်ိန္ေပါင္း မ်ားစြာကုိ ႐ုိက္ခ်ဳိးခဲ့ၿပီး အေအာင္ျမင္ဆုံး ဇာတ္လမ္းတဲြထဲက တစ္ခုျဖစ္ခဲ့သလုိ အဲဒီဇာတ္လမ္းတဲြမွာ ပါ၀င္ခဲ့တဲ့ သ႐ုပ္ေဆာင္ေတြဟာလည္း ပရိသတ္ေတြရဲ႕ စိတ္၀င္စားမႈကုိ ရရွိခဲ့ပါတယ္။

အဲဒီဇာတ္လမ္းတဲြမွာ အထင္ရွားျဖစ္ခဲ့တာကေတာ့ မင္းသမီးရဲ႕ မိတ္ဆက္ျဖစ္တဲ့ “Woo to the Young to the Woo” ဆုိတဲ့ မိတ္ဆက္ျဖစ္ၿပီး ဇာတ္လမ္းတဲြ ထြက္ေပၚလာၿပီးေနာက္ K-Pop Idol ေတြနဲ႔ နာမည္ေက်ာ္ေတြအၾကား အဲဒီမိတ္ဆက္ဟာ အေတာ္ေလးကုိ နာမည္ေက်ာ္ခဲ့တာပါ။

‘Star News’ နဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာေတာ့ Dong Geu Rami အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Joo Hyun Young က က မင္းသမီး Park Eun Bin (Woo Young Woo) နဲ႔ ဇာတ္လမ္းတဲြက မိတ္ဆက္ျဖစ္တဲ့”Woo to the Young to the Woo!” နဲ႔ “Dong to the Geu to the Ra-mi” ဟာ BIGBANG သီခ်င္းေၾကာင့္ ျဖစ္လာတာလုိ႔ ဖြင့္ဟ၀န္ခံခဲ့ပါတယ္။

Joo Hyun Young က အဲဒီနာမည္ေက်ာ္မိတ္ဆက္ဟာ ဇာတ္ညႊန္းမွာ မပါခဲ့ေၾကာင္းနဲ႔ သူကိုယ္တုိင္ ထည့္ခဲ့တာ ျဖစ္တယ္လုိ႔ ဆုိပါတယ္။ သူက “Woo Young Woo Young-woo Dong Dong Geu-ra-mi လုိ႔ ကၽြန္မ ေရးခဲ့တာပါ။ ဒါေပမဲ့ စာေရးဆရာက အဲဒါကုိ ခ်စ္စရာေကာင္းေအာင္ လုပ္ဖုိ႔ ေျပာခဲ့ပါတယ္။

အဲဒီမွာ ကၽြန္မ ငယ္ငယ္တုန္းက နားေထာင္တဲ့ BIGBANG သီခ်င္းမွာ B to the I to the G – BIGBANG ဆုိတဲ့ စာသားကုိ သတိရသြားၿပီး အဲဒီသီခ်င္းက စာသားအတုိင္း Woo to the Young to the Woo! နဲ႔ Dong to the Geu to the Ra-mi ဆုိၿပီး လုပ္ခဲ့တာပါ”လုိ႔ ေျပာျပခဲ့ပါတယ္။

Joo Hyun Young က အဲဒီမိတ္ဆက္ဟာ စိတ္၀င္စားစရာေကာင္းသလုိ ခ်စ္စရာ ေကာင္းေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။ Joo Hyun Young ေျပာတဲ့ B to the I to the G – BIGBANG ဆုိတဲ့ မိတ္ဆက္ဟာ BIGBANG ရဲ႕ ၂၀၀၇ ခုႏွစ္ထုတ္ “Last Farewell” ဆုိတဲ့ နာမည္ေက်ာ္သီခ်င္းမွာ ပါ၀င္ခဲ့တာ ျဖစ္ပါတယ္။

Source: Koreaboo

You cannot copy content of this page