K pop

■ Jennie နဲ့ V ရဲ့ ဓာတ်ပုံတွေ ဖြန့်နေသူက YG နဲ့ HYBE ကို စိန်ခေါ်

– – – အွန်လိုင်းနဲ့ Naver မှာ Jennie နဲ့ V တို့ရဲ့ ဒိတ်သတင်းတွေ ပျံ့နှံ့ပေမဲ့ တိတ်ဆိတ်နေတဲ့ အေဂျင်စီကို စိန်ခေါ်ခဲ့တဲ့ ဓာတ်ပုံဖြန့်သူအကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

Jennie နဲ့ V တို့ရဲ့ ဒိတ်သတင်းတွေဟာ တစ်ရက်ထက် တစ်ရက် ပျံ့နှံ့နေပေမဲ့ သူတို့ရဲ့ အေဂျင်စီတွေဖြစ်တဲ့ YG နဲ့ HYBE တို့ဟာ အဖက်လုပ်တုံ့ပြန်ခြင်းမရှိတာကြောင့် သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေကို ဖြန့်နေသူဟာ ပိုပြီး ရဲတင်းလာပုံရပါတယ်။

သြဂုတ်လကုန်ပိုင်းမှာ Jennie နဲ့ V တို့ရဲ့ တကယ်လား၊ Photoshop လား မသေချာတဲ့ ဓာတ်ပုံတွေကို ဖြန့်နေသူက “ဓာတ်ပုံတွေကို မြင်ပြီး လူနှစ်ယောက်ကို ကျွန်တော် ဆက်သွယ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ တွစ်တာအကောင့် မပျက်ခင်တုန်းက ပုံတွေ ဘယ်လိုရတယ်ဆိုတာကို အရိပ်အမြွက်တင်ခဲ့ပါသေးတယ်”လို့ ဆိုပါတယ်။

ပြီးတော့ Jennie နဲ့ V တို့ဟာ ‘photoshop’ လို့ ပြောနေကြတဲ့အပေါ် သူက “ကျွန်တော့်အနေနဲ့ watermark ထည့်တာကလွဲလို့ edit လုပ်တာမျိုး မရှိပါဘူး။ တကယ်လို့ ကျွန်တော်သာ အဲဒီလိုလုပ်ခဲ့မယ်ဆိုရင် Jennie, V နဲ့ သူတို့ အေဂျင်စီတွေက ကျွန်တော့်ကို တရားစွဲကြမှာပေါ့။

တကယ်လို့ ကျွန်တော့်အနေနဲ့ အမှားလုပ်တယ်ဆိုရင် အဖမ်းခံရမှာပေါ့။ YG Entertainment နဲ့ Big Hit Music ကိုလည်း ပြောလိုက်ပါ။ မှားတယ်ဆိုရင် အရေးယူနိုင်တယ်လို့လေ။ ကျွန်တော်မှာ သူတို့ ဓာတ်ပုံတွေ အများကြီး ရှိသေးတာပါ”လို့ ဆိုပါတယ်။

Jennie နဲ့ V တို့ရဲ့ ဓာတ်ပုံတွေကို ဖြန့်နေသူဟာ Twitter နဲ့ Telegram အကောင့်ပိုင်ရှင် Gurumi Haribo (@gurumiharibo) ဖြစ်ပြီး ပြီးခဲ့တဲ့ မေလကစလို့ သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေကို စဖြန့်ခဲ့တာဖြစ်ပြီး ဒါကို Idol တွေရော၊ အေဂျင်စီတွေဘက်ကပါ အဖက်တုံ့ပြန်ခြင်းမရှိသေးသလို၊ အဖက်လုပ်မယ့်ပုံလည်း မရှိပါဘူး။

Source: Koreaboo

 

-Zawgyi

■ Jennie နဲ႔ V ရဲ႕ ဓာတ္ပုံေတြ ျဖန္႔ေနသူက YG နဲ႔ HYBE ကုိ စိန္ေခၚ

– – – အြန္လုိင္းနဲ႔ Naver မွာ Jennie နဲ႔ V တုိ႔ရဲ႕ ဒိတ္သတင္းေတြ ပ်ံ႕ႏွံ႔ေပမဲ့ တိတ္ဆိတ္ေနတဲ့ ေအဂ်င္စီကုိ စိန္ေခၚခဲ့တဲ့ ဓာတ္ပုံျဖန္႔သူအေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

Jennie နဲ႔ V တုိ႔ရဲ႕ ဒိတ္သတင္းေတြဟာ တစ္ရက္ထက္ တစ္ရက္ ပ်ံ႕ႏွံ႔ေနေပမဲ့ သူတုိ႔ရဲ႕ ေအဂ်င္စီေတြျဖစ္တဲ့ YG နဲ႔ HYBE တုိ႔ဟာ အဖက္လုပ္တုံ႔ျပန္ျခင္းမရွိတာေၾကာင့္ သူတုိ႔ႏွစ္ဦးရဲ႕ ဓာတ္ပုံေတြကုိ ျဖန္႔ေနသူဟာ ပုိၿပီး ရဲတင္းလာပုံရပါတယ္။

ၾသဂုတ္လကုန္ပုိင္းမွာ Jennie နဲ႔ V တုိ႔ရဲ႕ တကယ္လား၊ Photoshop လား မေသခ်ာတဲ့ ဓာတ္ပုံေတြကုိ ျဖန္႔ေနသူက “ဓာတ္ပုံေတြကုိ ျမင္ၿပီး လူႏွစ္ေယာက္ကုိ ကၽြန္ေတာ္ ဆက္သြယ္ခဲ့ပါတယ္။ ကၽြန္ေတာ့္ရဲ႕ တြစ္တာအေကာင့္ မပ်က္ခင္တုန္းက ပုံေတြ ဘယ္လုိရတယ္ဆုိတာကုိ အရိပ္အျမြက္တင္ခဲ့ပါေသးတယ္”လုိ႔ ဆုိပါတယ္။

ၿပီးေတာ့ Jennie နဲ႔ V တုိ႔ဟာ ‘photoshop’ လုိ႔ ေျပာေနၾကတဲ့အေပၚ သူက “ကၽြန္ေတာ့္အေနနဲ႔ watermark ထည့္တာကလဲြလုိ႔ edit လုပ္တာမ်ဳိး မရွိပါဘူး။ တကယ္လုိ႔ ကၽြန္ေတာ္သာ အဲဒီလုိလုပ္ခဲ့မယ္ဆုိရင္ Jennie, V နဲ႔ သူတုိ႔ ေအဂ်င္စီေတြက ကၽြန္ေတာ့္ကုိ တရားစဲြၾကမွာေပါ့။

တကယ္လုိ႔ ကၽြန္ေတာ့္အေနနဲ႔ အမွားလုပ္တယ္ဆုိရင္ အဖမ္းခံရမွာေပါ့။ YG Entertainment နဲ႔ Big Hit Music ကုိလည္း ေျပာလုိက္ပါ။ မွားတယ္ဆုိရင္ အေရးယူႏုိင္တယ္လုိ႔ေလ။ ကၽြန္ေတာ္မွာ သူတုိ႔ ဓာတ္ပုံေတြ အမ်ားႀကီး ရွိေသးတာပါ”လုိ႔ ဆုိပါတယ္။

Jennie နဲ႔ V တုိ႔ရဲ႕ ဓာတ္ပုံေတြကုိ ျဖန္႔ေနသူဟာ Twitter နဲ႔ Telegram အေကာင့္ပုိင္ရွင္ Gurumi Haribo (@gurumiharibo) ျဖစ္ၿပီး ၿပီးခဲ့တဲ့ ေမလကစလုိ႔ သူတုိ႔ႏွစ္ဦးရဲ႕ ဓာတ္ပုံေတြကုိ စျဖန္႔ခဲ့တာျဖစ္ၿပီး ဒါကုိ Idol ေတြေရာ၊ ေအဂ်င္စီေတြဘက္ကပါ အဖက္တုံ႔ျပန္ျခင္းမရွိေသးသလုိ၊ အဖက္လုပ္မယ့္ပုံလည္း မရွိပါဘူး။

Source: Koreaboo

You cannot copy content of this page