K pop

■ ‘Chanel’ x ‘Frieze’ art event မှာ အတောက်ပဆုံးကြယ်ပွင့်ဖြစ်ခဲ့တဲ့ King of K-Pop

– – – ချောင်ဒန်းမှာ ပြုလုပ်ခဲ့တဲ့ ‘Chanel’ x ‘Frieze’ art event မှာ G-Dragon ဘယ်လိုတွေတောင် တောက်ပခဲ့တဲ့ဆိုတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ ချောင်ဒန်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ‘Chanel’ x ‘Frieze’ art event ကို တက်ရောက်ခဲ့ပြီး သူ့ရဲ့ မပြောင်းလဲတဲ့ top star status ကို ပြခဲ့ကာ ပရိသတ်တွေကို Wow ဖြစ်စေခဲ့ပါတယ်။

စက်တင်ဘာလအစောပိုင်းက ကျင်းပခဲ့တဲ့ အဲဒီပွဲကို ကိုရီယားနာမည်ကျော်တွေ တော်တော်များများ တက်ရောက်ခဲ့ပြီး အဲဒီထဲမှာ G-Dragon က အတောက်ပဆုံးကြယ်ပွင့် ဖြစ်ခဲ့တာဖြစ်ပြီး အွန်လိုင်းမှာလည်း သူ့ကိုပဲ လူပြောအများဆုံးဖြစ်ခဲ့တာပါ။

G-Dragon အနေနဲ့ အဲဒီပွဲမှာ superstar aura ကို ပြသခဲ့တာဖြစ်ပြီး ပွဲတွေနဲ့ ဝေးနေတာဖြစ်ပြီး သူ့ကို Netizens တွေက အရမ်းသဘောကျခဲ့ကာ အခုလို မှတ်ချက်တွေ ပေးခဲ့ကြတာ ဖြစ်ပါတယ်။

“ကျေးဇူးပြုပြီး solo comeback လုပ်ပေးပါ။ ခင်ဗျားရဲ့ talent နဲ့ visuals တွေကို ဖြုန်းတီးမနေပါနဲ့တော့”၊ “ချောလိုက်တာ”၊ “G-Dragon ရဲ့ ခုတလော အလန်းဆုံးစတိုင်လ်ပဲ။ ဆံပင်တိုနဲ့လည်း လိုက်တယ်။ ဝတ်စုံကလည်း လိုက်ဖက်လိုက်တာမှ လွန်ရော”

“celebrity တစ်ယောက် aura ဆိုတာ ဒါပါပဲ။ OMG”၊ “G-Dragon က one-of-a-kind idol ပဲ”၊ “နောက်ဆုံးတော့ handsome GD”၊ “သူ့ရဲ့ aura ကို ဘယ်သူက ယှဉ်နိုင်မှာလဲ”၊ “solo comeback … ဘယ်တော့လုပ်မလဲ”၊ “သူ ဘာမှ မပြောင်းလဲဘူး”၊ “တောင်ကိုရီယားမှာ စတိုင်လ်အမိဆုံးပုဂ္ဂိုလ်ပဲ” စတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Source: KBZ

 

-Zawgyi

 








Source: KBZ

You cannot copy content of this page