K pop

■ ၂၀၂၃ မှာ Solo Comeback ပြုလုပ်မယ့် EXO အဖွဲ့ဝင်

– – – ၂၀၂၃ နှစ်အစပိုင်းမှာ ဒုတိယမြောက် Solo Comeback ပြုလုပ်မယ်လို့ ကြေညာခဲ့တဲ့ EXO အဖွဲ့ဝင် အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

စက်တင်ဘာလအစောပိုင်းမှာ EXO အဖွဲ့ဝင် D.O. က သူ့အနေနဲ့ ၂၀၂၃ မှာ ဒုတိယမြောက် solo album နဲ့ Comeback ပြုလုပ်မယ့်အကြောင်းကို ပရိသတ်တွေနဲ့ ပြုလုပ်ခဲ့တဲ့ fan club chat room မှာ အတည်ပြုခဲ့ပါတယ်။

D.O. က “ဇာတ်လမ်းတွဲအပြီးမှာ Album သစ် ထုတ်ဝေဖို့ ကျွန်တော် ပြင်ဆင်နေပါတယ်။ စတိတ်ပေါ် မတက်ဖြစ်တာ ကြာပြီဆိုတော့ ကျွန်တော်နည်းနည်းတောင် လန့်နေတယ်။ ကျွန်တော်ပြောတဲ့ Album ဆိုတဲ့ တစ်ကိုယ်တော် Album ကို ပြောတာပါ။

ကျွန်တော့်အနေနဲ့ အဲဒီ Album အတွက် တချို့သီချင်းတွေကိုတောင် အသံသွင်းပြီးပါပြီ။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ ထုတ်ဝေဖြစ်မယ်တော့ မထင်ပါဘူး။ အခုထိ ဘယ်အချိန်ထုတ်မယ်ဆိုတာကို အတည်မပြုရသေးပါဘူး။ ကျွန်တော် အကောင်းဆုံးပြင်ဆင်နေပါတယ်”လို့ ဆိုပါတယ်။

D.O. ဟာ soloist အဖြစ် ၂၀၂၁ ဇူလိုင်လမှာ Empathy လို့ အမည်ပေးထားတဲ့ mini-album နဲ့ ပွဲထွက်ခဲ့ပြီး လက်ရှိမှာတော့ crime-comedy series တစ်ခုဖြစ်တဲ့ “Bad Prosecutor” မှာ အဓိကဇာတ်ဆောင်အဖြစ် ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source: KBZ

 

-Zawgyi

■ ၂၀၂၃ မွာ Solo Comeback ျပဳလုပ္မယ့္ EXO အဖဲြ႕၀င္

– – – ၂၀၂၃ ႏွစ္အစပုိင္းမွာ ဒုတိယေျမာက္ Solo Comeback ျပဳလုပ္မယ္လုိ႔ ေၾကညာခဲ့တဲ့ EXO အဖဲြ႕၀င္ အေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။
စက္တင္ဘာလအေစာပုိင္းမွာ EXO အဖဲြ႕၀င္ D.O. က သူ႕အေနနဲ႔ ၂၀၂၃ မွာ ဒုတိယေျမာက္ solo album နဲ႔ Comeback ျပဳလုပ္မယ့္အေၾကာင္းကုိ ပရိသတ္ေတြနဲ႔ ျပဳလုပ္ခဲ့တဲ့ fan club chat room မွာ အတည္ျပဳခဲ့ပါတယ္။

D.O. က “ဇာတ္လမ္းတဲြအၿပီးမွာ Album သစ္ ထုတ္ေ၀ဖုိ႔ ကၽြန္ေတာ္ ျပင္ဆင္ေနပါတယ္။ စတိတ္ေပၚ မတက္ျဖစ္တာ ၾကာၿပီဆုိေတာ့ ကၽြန္ေတာ္နည္းနည္းေတာင္ လန္႔ေနတယ္။ ကၽြန္ေတာ္ေျပာတဲ့ Album ဆုိတဲ့ တစ္ကုိ္ယ္ေတာ္ Album ကုိ ေျပာတာပါ။

ကၽြန္ေတာ့္အေနနဲ႔ အဲဒီ Album အတြက္ တခ်ဳိ႕သီခ်င္းေတြကုိေတာင္ အသံသြင္းၿပီးပါၿပီ။ ဒါေပမဲ့ ဒီႏွစ္ထဲမွာေတာ့ ထုတ္ေ၀ျဖစ္မယ္ေတာ့ မထင္ပါဘူး။ အခုထိ ဘယ္အခ်ိန္ထုတ္မယ္ဆုိတာကုိ အတည္မျပဳရေသးပါဘူး။ ကၽြန္ေတာ္ အေကာင္းဆုံးျပင္ဆင္ေနပါတယ္”လုိ႔ ဆုိပါတယ္။

D.O. ဟာ soloist အျဖစ္ ၂၀၂၁ ဇူလုိင္လမွာ Empathy လုိ႔ အမည္ေပးထားတဲ့ mini-album နဲ႔ ပဲြထြက္ခဲ့ၿပီး လက္ရွိမွာေတာ့ crime-comedy series တစ္ခုျဖစ္တဲ့ “Bad Prosecutor” မွာ အဓိကဇာတ္ေဆာင္အျဖစ္ ႐ုိက္ကူးေနတယ္လုိ႔ သိရပါတယ္။

Source: KBZ

You cannot copy content of this page