K pop

■ ဝိတ်တက်လာပေမဲ့ အရမ်းကြည့်ကောင်းပါတယ်ဆိုတဲ့ BIGBANG အဖွဲ့ဝင်

– – – ဝေဖန်လှပါတယ်ဆိုတဲ့ K Netizen တွေကတော့ သူ့နဲ့အတွေ့မှာ ဈာန်တွေ လျှော့ကုန်ပုံရပြီး သူတို့ ချီးကျူးနေတဲ့ BIGBANG အဖွဲ့ဝင်အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ ချောင်ဒန်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ‘Chanel’ x ‘Frieze’ art event ကို တက်ရောက်ခဲ့ပြီး သူ့ရဲ့ မပြောင်းလဲတဲ့ top star status ကို ပြခဲ့ကာ ပရိသတ်တွေကို Wow ဖြစ်စေခဲ့ပါတယ်။

စက်တင်ဘာလအစောပိုင်းက ကျင်းပခဲ့တဲ့ အဲဒီပွဲကို ကိုရီယားနာမည်ကျော်တွေ တော်တော်များများ တက်ရောက်ခဲ့ပြီး အဲဒီထဲမှာ G-Dragon က အတောက်ပဆုံးကြယ်ပွင့် ဖြစ်ခဲ့တာဖြစ်ပြီး အွန်လိုင်းမှာလည်း သူ့ကိုပဲ လူပြောအများဆုံးဖြစ်ခဲ့တာပါ။

အဲဒီပွဲမှာ G-Dragon ဟာ အဖြူ၊ အနက် ဝတ်စုံကို ဝတ်ဆင်ပြီး K-Netizens တွေက G-Dragon အနေနဲ့ BIGBANG အဖွဲ့ ဧပြီလတုန်းက Still Life နဲ့ Comeback လုပ်တုန်းကထက် ဝိတ်အနည်းငယ် တက်နေတယ်လို့ ဆိုခဲ့ကာ ပိုပြီး ကြည့်ကောင်းလာတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

K-Netizens တွေက “ဝိတ်အနည်းငယ် တက်ပြီး ကျန်းမာသန်စွမ်းနေပုံရလို့ တို့တော့ ဝမ်းသာရတယ်”၊ “ဆံပင်တိုလေးနဲ့ ကြည့်ကောင်းလိုက်တာ”၊ “သူ ပြုံးလိုက်ရင် အရမ်း handsome ဖြစ်တယ်။ ဝိတ်တက်လာတော့ ပိုကြည့်ကောင်းလာတယ်”၊ “GD ဖြစ်နေတာ အကြောင်းမဲ့ မဟုတ်ပါဘူး”လို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

Source: KBZ

 

-Zawgyi

 







Source: KBZ

You cannot copy content of this page