– – – ဝိုင်ဆိုတာမျိုးက သက်တမ်းရင့်ကျက်လေ တန်ဖိုးတက်လေ၊ အရသာ ရှိလေ ဖြစ်သလို၊ Taeyang နဲ့ ပတ်သက်ပြီး မိန်းကလေး သတိပေးနေရတဲ့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။
ဧပြီလမှာ သီချင်းထုတ်ပြီးနောက် BIGBANG အဖွဲ့ဝင်တွေ အေးအေးလူလူနဲ့ အနားယူနေရခဲ့ရာကနေ ခုတလောမှာတော့ သူတို့ဟာ အပြင်ထွက်လာပြီး Taeyang ကို ဆိုးလ်က ပွဲတွေမှာသာမက မဂ္ဂဇင်းတွေမှာပါ မြင်တွေ့လာရတာ ဖြစ်ပါတယ်။
‘Marie Claire’ မဂ္ဂဇင်းရဲ့ ‘KIAF Seoul 2022’ မှာတော့ Taeyang ဟာ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ပြီး အဲဒီမဂ္ဂဇင်းက Taeyang ပုံတွေကို ထုတ်ပြပြီးနောက်မှာတော့ ကိုရီယား အင်တာနက်အသုံးပြုသူတွေအကြား ရေပန်းစားနေတာပါ။
‘Marie Claire’ မဂ္ဂဇင်းက Taeyang ဓာတ်ပုံတွေကို မြင်တွေ့ရပြီးနောက်မှာတော့ K-Netizens တွေက သူ့ကို နှစ်ချို့ဝိုင်လို့ ချီးကျူးခဲ့ကြပြီး အသက်ကြီးလာလေ Taeyang ဟာ ပိုလှလာဖြစ်လို့ သူဟာ အိမ်ထောင်ရှင်ဖြစ်ကြောင်း သတိပေးနေရတယ်လို့ အမျိုးသမီး ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြတာပါ။
K-Netizens တွေက “Taeyang က နှစ်ချို့ဝိုင်လိုပဲ အသက်ကြီးလာလေ ပိုပြီး handsome ဖြစ်လာလေပဲ”၊ “သူ့ရဲ့ သီချင်းသစ်တွေကို နားထောင်ချင်လိုက်တာ”၊ “ဆံပင်ရှည်နဲ့ မြင်ရတာ ပထမဆုံးပဲ ချောလိုက်တာ”၊ “သူ့အသံကို သိပ်ကြိုက်တာ သီချင်းသစ် ဘယ်တော့ထုတ်မလဲ”၊
“အသက်တွေသာ ကြီးသွားတယ်။ vibe ကတော့ မပြောင်းလဲဘူး။ ကလေးအဖေ ဖြစ်ကြောင်း ကွာကိုယ် သတိပေးနေရတယ်”၊ “ဘာမှ မပြောင်းလဲဘူး။ ချောမြဲ ချောဆဲ”၊ “ပိုတောင် ချောလာသေးတယ် .. ကလေးအဖေရေ”၊ “သူ့ကို မြင်ရတာ ကောင်းလိုက်တာ”စတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။
Source: KBZ
-Zawgyi
■ ႏွစ္ခ်ဳိ႕၀ုိင္ Taeyang ေၾကာင့္ မိန္းကေလးေတြ ကုိယ့္ကုိယ္ကုိ သတိေပးေနရ
– – – ၀ိုင္ဆုိတာမ်ဳိးက သက္တမ္းရင့္က်က္ေလ တန္ဖုိးတက္ေလ၊ အရသာ ရွိေလ ျဖစ္သလုိ၊ Taeyang နဲ႔ ပတ္သက္ၿပီး မိန္းကေလး သတိေပးေနရတဲ့အေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။
ဧၿပီလမွာ သီခ်င္းထုတ္ၿပီးေနာက္ BIGBANG အဖဲြ႕၀င္ေတြ ေအးေအးလူလူနဲ႔ အနားယူေနရခဲ့ရာကေန ခုတေလာမွာေတာ့ သူတုိ႔ဟာ အျပင္ထြက္လာၿပီး Taeyang ကုိ ဆုိးလ္က ပဲြေတြမွာသာမက မဂၢဇင္းေတြမွာပါ ျမင္ေတြ႕လာရတာ ျဖစ္ပါတယ္။
‘Marie Claire’ မဂၢဇင္းရဲ႕ ‘KIAF Seoul 2022’ မွာေတာ့ Taeyang ဟာ မ်က္ႏွာဖုံးရွင္အျဖစ္ ပါ၀င္ၿပီး အဲဒီမဂၢဇင္းက Taeyang ပုံေတြကုိ ထုတ္ျပၿပီးေနာက္မွာေတာ့ ကိုရီယား အင္တာနက္အသုံးျပဳသူေတြအၾကား ေရပန္းစားေနတာပါ။
‘Marie Claire’ မဂၢဇင္းက Taeyang ဓာတ္ပုံေတြကုိ ျမင္ေတြ႕ရၿပီးေနာက္မွာေတာ့ K-Netizens ေတြက သူ႕ကုိ ႏွစ္ခ်ဳိ႕၀ုိင္လုိ႔ ခ်ီးက်ဴးခဲ့ၾကၿပီး အသက္ႀကီးလာေလ Taeyang ဟာ ပုိလွလာျဖစ္လုိ႔ သူဟာ အိမ္ေထာင္ရွင္ျဖစ္ေၾကာင္း သတိေပးေနရတယ္လုိ႔ အမ်ဳိးသမီး ပရိသတ္ေတြက မွတ္ခ်က္ျပဳခဲ့ၾကတာပါ။
K-Netizens ေတြက “Taeyang က ႏွစ္ခ်ဳိ႕၀ုိင္လုိပဲ အသက္ႀကီးလာေလ ပုိၿပီး handsome ျဖစ္လာေလပဲ”၊ “သူ႕ရဲ႕ သီခ်င္းသစ္ေတြကုိ နားေထာင္ခ်င္လုိက္တာ”၊ “ဆံပင္ရွည္နဲ႔ ျမင္ရတာ ပထမဆုံးပဲ ေခ်ာလုိက္တာ”၊ “သူ႕အသံကုိ သိပ္ႀကိဳက္တာ သီခ်င္းသစ္ ဘယ္ေတာ့ထုတ္မလဲ”၊
“အသက္ေတြသာ ႀကီးသြားတယ္။ vibe ကေတာ့ မေျပာင္းလဲဘူး။ ကေလးအေဖ ျဖစ္ေၾကာင္း ကြာကုိယ္ သတိေပးေနရတယ္”၊ “ဘာမွ မေျပာင္းလဲဘူး။ ေခ်ာၿမဲ ေခ်ာဆဲ”၊ “ပုိေတာင္ ေခ်ာလာေသးတယ္ .. ကေလးအေဖေရ”၊ “သူ႕ကုိ ျမင္ရတာ ေကာင္းလုိက္တာ”စတဲ့ မွတ္ခ်က္ေတြ ေရးသားခဲ့ၾကပါတယ္။
Source: KBZ