K pop

■ Album သစ်အတွက် Teaser တွေကို ပြသခဲ့ကြတဲ့ EXO အဖွဲ့ဝင်နဲ့ BLACKPINK

– – – ဒီလအတွင်း Debut နဲ့ Comeback လုပ်ကြမယ့် EXO အဖွဲ့ဝင်နဲ့ BLACKPINK အဖွဲ့တို့အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

EXO အဖွဲ့ရဲ့ အသက်အကြီးဆုံး Xiumin ဟာ သူ့ရဲ့ official solo debut ကို ဒီလအတွင်း ပြုလုပ်မှာဖြစ်ပြီး အခုတော့ “Brand New” လို့ အမည်ပေးထားတဲ့ ပထမဆုံး solo mini album အတွက် Teaser ကို ထုတ်ပြလိုက်ပြီ ဖြစ်ပါတယ်။

Xiumin အနေနဲ့ အရင်က SM STATION အဖြစ် solo သီချင်းတွေ ထုတ်ဖူးသလို ဇာတ်လမ်းတွဲတွေမှာလည်း soundtracks ဆိုဖူးပါတယ်။ အခု ပထမဆုံး solo debut ပြုလုပ်မှာ ဖြစ်ပြီး solo album ကိုတော့ “Brand New” လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ EXO အဖွဲ့ဝင် စက်တင်ဘာ (၂၆) ရက်မှာ solo debut လုပ်မှာပါ။

Xiumin အနေနဲ့ solo debut အတွက် ပထမဆုံး Teaser ကို ပြသတဲ့နေ့မှာပဲ နာမည်ကျော် BLACKPINK အဖွဲ့ကလည်း ဒီလအတွင်း ထုတ်ဝေမယ့် သူတို့ရဲ့ ဒုတိယမြောက် studio album “BORN PINK” အတွက် ပထမဆုံး Teaser ကို ထုတ်ပြခဲ့ပါတယ်။

BLACKPINK အဖွဲ့အနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ ပထမဆုံး studio album “THE ALBUM” ကို ထုတ်ဝေပြီး ၂ နှစ်နီးပါးအကြာမှာ ဒုတိယမြောက် studio album ကို ထုတ်ဝေမှာဖြစ်ပြီး album ကိုတော့ “BORN PINK” လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့အနေနဲ့ သူတို့ရဲ့ studio album အတွက် “BORN PINK” အတွက် Pre-release သီချင်း တစ်ပုဒ်ဖြစ်တဲ့ Pink Vernon ကို ထုတ်ဝေထားပြီး “BORN PINK” album ကိုတော့ စက်တင်ဘာ ၁၆ ရက်နေ့ ထုတ်ဝေမှာပါ။

Source: KBZ

 

-Zawgyi

■ Album သစ္အတြက္ Teaser ေတြကုိ ျပသခဲ့ၾကတဲ့ EXO အဖဲြ႕၀င္နဲ႔ BLACKPINK

– – – ဒီလအတြင္း Debut နဲ႔ Comeback လုပ္ၾကမယ့္ EXO အဖဲြ႕၀င္နဲ႔ BLACKPINK အဖဲြ႕တုိ႔အေၾကာင္း ပုံကုိႏွိပ္ၿပီး ဖတ္ပါ။

EXO အဖဲြ႕ရဲ႕ အသက္အႀကီးဆုံး Xiumin ဟာ သူ႕ရဲ႕ official solo debut ကုိ ဒီလအတြင္း ျပဳလုပ္မွာျဖစ္ၿပီး အခုေတာ့ “Brand New” လုိ႔ အမည္ေပးထားတဲ့ ပထမဆုံး solo mini album အတြက္ Teaser ကုိ ထုတ္ျပလုိက္ၿပီ ျဖစ္ပါတယ္။

Xiumin အေနနဲ႔ အရင္က SM STATION အျဖစ္ solo သီခ်င္းေတြ ထုတ္ဖူးသလုိ ဇာတ္လမ္းတဲြေတြမွာလည္း soundtracks ဆုိဖူးပါတယ္။ အခု ပထမဆုံး solo debut ျပဳလုပ္မွာ ျဖစ္ၿပီး solo album ကိုေတာ့ “Brand New” လုိ႔ အမည္ေပးထားတာ ျဖစ္ပါတယ္။ EXO အဖဲြ႕၀င္ စက္တင္ဘာ (၂၆) ရက္မွာ solo debut လုပ္မွာပါ။

Xiumin အေနနဲ႔ solo debut အတြက္ ပထမဆုံး Teaser ကုိ ျပသတဲ့ေန႔မွာပဲ နာမည္ေက်ာ္ BLACKPINK အဖဲြ႕ကလည္း ဒီလအတြင္း ထုတ္ေ၀မယ့္ သူတုိ႔ရဲ႕ ဒုတိယေျမာက္ studio album “BORN PINK” အတြက္ ပထမဆုံး Teaser ကုိ ထုတ္ျပခဲ့ပါတယ္။

BLACKPINK အဖဲြ႕အေနနဲ႔ ၂၀၂၀ ျပည့္ႏွစ္မွာ ပထမဆုံး studio album “THE ALBUM” ကုိ ထုတ္ေ၀ၿပီး ၂ ႏွစ္နီးပါးအၾကာမွာ ဒုတိယေျမာက္ studio album ကုိ ထုတ္ေ၀မွာျဖစ္ၿပီး album ကိုေတာ့ “BORN PINK” လုိ႔ အမည္ေပးထားတာ ျဖစ္ပါတယ္။

BLACKPINK အဖဲြ႕အေနနဲ႔ သူတုိ႔ရဲ႕ studio album အတြက္ “BORN PINK” အတြက္ Pre-release သီခ်င္း တစ္ပုဒ္ျဖစ္တဲ့ Pink Vernon ကုိ ထုတ္ေ၀ထားၿပီး “BORN PINK” album ကိုေတာ့ စက္တင္ဘာ ၁၆ ရက္ေန႔ ထုတ္ေ၀မွာပါ။

Source: KBZ

You cannot copy content of this page