Celebrity

■ Running Man ရဲ့ ဝမ်းနည်းစရာအကောင်းဆုံး အခိုက်အတန့် (၄) ခု

– – – ကမ္ဘာကျော် Running Man အစီအစဉ်ဟာ ရယ်စရာတွေ စိတ်လှုပ်ရှားဖွယ် ဖြစ်ပေမဲ့ Reality Show ဖြစ်လို့ အသည်းနာစရာတွေရှိနေပြီး Running Man ရဲ့ ဝမ်းနည်းအကောင်းဆုံးအခိုက်အတန့် ၄ ခုအကြောင်း ပုံကိုနှိပ် ဖတ်ပါ။

Song Joong Ki ရဲ့ နောက်ဆုံးအပိုင်း


၂၀၁၀ ပြည့်နှစ်မှာ Running Man အစီအစဉ်ကတော့ နာမည်ကျော်မင်းသား Song Joong Ki ဟာ မူရင်း cast members တွေထဲက တစ်ဦးအဖြစ် ပါဝင်ခဲ့တာပါ။ အဲဒီအစီအစဉ်မှာ Song Joong Ki ဟာ သူနဲ့ သက်တူရွယ်တူဖြစ်တဲ့ Lee Kwang Soo နဲ့ ရင်းနှီးခဲ့ပါတယ်။

တစ်နှစ်ခန့်အကြာမှာတော့ Song Joong Ki ဟာ သူ့ရဲ့ သရုပ်ဆောင်အလုပ်ကို ဦးစားပေးနိုင်ဖို့အတွက် Running Man အစီအစဉ်က ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Song Joong Ki က အဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်း နှုတ်ဆက်ချိန်မှာ မျက်ရည်ခဲ့သလို၊ Lee Kwang Soo နဲ့ Song Ji Hyo တို့လည်း မျက်ရည်ကျခဲ့ပြီး ဒါက ပရိသတ်တွေကိုပါ ခံစားစေခဲ့တာပါ။

Lee Kwang Soo နဲ့ Song Ji Hyo တို့ရဲ့ အင်တာဗျူး


Lee Kwang Soo နဲ့ Song Ji Hyo တို့ဟာ မောင်နှမလို အရမ်းကို ရင်းနှီးသူတွေဖြစ်ပြီး အားမနာတမ်း စနောက်တတ်ကြသလို၊ တစ်ခါတလေ ရင်ဖွင့်ပြီး ဘဝရဲ့အကြောင်းအရာတွေကို တိုင်ပင်တတ်သူတွေလည်း ဖြစ်ပါတယ်။ Song Ji Hyo က Lee Kwang Soo ကို သူ စဝင်လာချိန်မှာ ကူညီတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ သူ့အနေနဲ့ Show က ထွက်ဖို့ များစွာစဉ်းစားခဲ့ကြောင်း ဖွင့်ပြောခဲ့ပါတယ်။

အဲဒီမှာ Lee Kwang Soo က Song Ji Hyo ကို အားပေးစကား ပြောကြားခဲ့ရာမှာတော့ Song Ji Hyo မျက်ရည်ကျခဲ့ပါတယ်။ အဲဒီအပြင် Lee Kwang Soo က သူ့အနေနဲ့ အချို့အမူအရာတွေအတွက် တောင်းပန်ခဲ့ရာမှာတော့ Song Ji Hyo က ကိစ္စမရှိကြောင်း ဆိုခဲ့တာပါ။ သူတို့ရဲ့ ပြောစကားတွေကို အောက်က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။

Running Man ဖျက်သိမ်းခံရမလို ဖြစ်တုန်းက


၂၀၁၆ နှစ်ကုန်ပိုင်းမှာ Running Man အစီအစဉ် ဖျက်သိမ်းခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါက Running Man ပရိသတ်တွေကို အသည်းနာစေခဲ့သလို Running Man အဖွဲ့ဝင်တွေကိုလည်း ဝမ်းနည်းပက်လက် ဖြစ်စေခဲ့ပါတယ်။

2016 SBS Entertainment Awards မှာ Running Man အစီအစဉ်နဲ့ Top Excellence ဆုကို Lee Kwang Soo ရခဲ့ပြီးနောက် သူ့ရဲ့ဆုလက်ခံစကားက အားလုံးကို မျက်ရည်စိုစေခဲ့ပါတယ်။ သူက “Running Man ကို ကာကွယ်ပေးခဲ့တဲ့ ပရိုဂျူဆာကို ကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့တာပါ။ Running Man အစီအစဉ်မှာ ၂၀၁၆ မှာ ပြဿနာများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ဖျက်သိမ်းလုနီးပါး ဖြစ်ခဲ့ပေမဲ့ ပရိုဂျူဆာတွေ တင်းခံခဲ့တာ ဖြစ်ပါတယ်။

Gary ရဲ့ နှုတ်ဆက်


Song Ji Hyo နဲ့ အလွန်ရင်းနှီးပြီး “Monday Couple” အဖြစ် သတ်မှတ်ခံရသူ ဖြစ်ပါတယ်။ Gary ဟာ ၂၀၁၆ မှာတော့ Running Man နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံးအပိုင်းမှာ Running Man အဖွဲ့ဝင်တွေက သူ့ကို အားပေးဖို့ လုပ်ကြပေမဲ့ နောက်ဆုံးမှာတော့ မျက်ရည်တွေနဲ့ အဆုံးသတ်ခဲ့တာပါ။

အထူးသဖြင့် Gary ရဲ့ တွဲဖက် Song Ji Hyo မျက်ရည်စက်လက်နဲ့ ဖြစ်ခဲ့တာဖြစ်ပြီး Gary ကတော့ Running Man နဲ့ လမ်းခွဲပြီးနောက် ဖခင်ဘဝကို အာရုံစိုက်ပြီး ဖြတ်သန်းခဲ့ပါတယ်။ Gary ရဲ့ နှုတ်ဆက်အပိုင်းကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Source: Koreaboo

You cannot copy content of this page