K pop

■ ကမ္ဘာပေါ်က အနုပညာရှင်တွေထဲမှာ ဒီလိုလုပ်နိုင်တာ BLACKPINK ပဲ ရှိတယ်

– – – သမိုင်းတစ်လျှောက်နဲ့ ကမ္ဘာပေါ်မှာ ပထမဆုံးနဲ့ တစ်ခုတည်းသော အနုပညာရှင်ဆိုတဲ့ စံချိန်သစ်ရေးထိုးခဲ့တဲ့ BLACKPINK အကြောင်း ပုံကိုနှိပ်ပြီး ဖတ်ပါ။

ကမ္ဘာကျော် BLACKPINK အဖွဲ့ဟာ YouTube သမိုင်းမှာ ကမ္ဘာပေါ်မှာ ပထမဆုံးနဲ့ တစ်ခုတည်းသော အနုပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကို ထပ်မံပိုင်ဆိုင်ခဲ့ပြီး ဘယ်အနုပညာရှင်မှ မရဖူးသေးတဲ့ စံချိန်တစ်ခုကို ရေးထိုးလိုက်ပြန်ပါပြီ။

စက်တင်ဘာ ၅ ရက်မှာ BLACKPINK အဖွဲ့ရဲ့ official YouTube channel မှာ subscribers သန်း (၈၀) ကျော်ခဲ့တာဖြစ်ပြီး YouTube မှာ အဲဒီမိုင်တိုင်ကို ရရှိတဲ့ ကမ္ဘာပေါ်မှာ ပထမဆုံးနဲ့ တစ်ခုတည်းသော အနုပညာရှင်အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့တာပါ။

BLACKPINK အဖွဲ့ဟာ လက်ရှိ YouTube မှာ subscribers အများဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ စံချိန်ကို ပိုင်ဆိုင်ထားတဲ့ အနုပညာအဖြစ် ရပ်တည်နေတာ ဖြစ်ပြီး ကမ္ဘာပေါ်က ဘယ်အနုပညာရှင်မှာ အခုလို YouTube မှာ subscribers သန်း (၈၀) ပိုင်ဆိုင်တာမျိုး မရှိသေးပါဘူး။

BLACKPINK အဖွဲ့ဟာ သူတို့ရဲ့ official YouTube channel ကို ၂၀၁၆ ဇွန်လ (၂၈) ရက်မှာ တရားဝင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး (၆) နှစ်နဲ့ (၂) လကျော်အကြာမှာ subscribers သန်း (၈၀) ကျော် ပိုင်ဆိုင်ခဲ့ကာ အဲဒီလို အမြန်ဆုံးလုပ်နိုင်တဲ့ ပထမဆုံး အနုပညာရှင်အဖြစ်လည်း ရပ်တည်နေပါတယ်။

Source: Soompi

 

-Zawgyi

 







Source: Soompi

You cannot copy content of this page